၁။ တရားအားထုတ်ကြသောယောဂီများ ကိုးပါးသီလ စောင့်ထိန်းကြရပါမည်။
၂။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း ရှောင်ကြဉ်ကြရပါမည်။
၃။ အကြောင်းကိစ္စ အထူးမရှိပါက စကားပြောခြင်း ရှောင်ကြဉ်ကြရပါမည်။
၎။ အချက်ပေး မောင်းထိုးသောအခါ ယောဂီများအားလုံး စုပေါင်းတရားထိုင်နေရာ
ဓမ္မာရုံပေါ်သို့ မပျက်မကွက်လာရောက်၍ အားထုတ်ရပါမည်။
၅။ အချက်ပေး မောင်းထိုးသောအခါ တရားထိုင်ရာမှ အမှတ်ဖြင့်ထ၍ စင်္ကြံလျှောက်ကာ
တရားမှတ်ကြရပါမည်။
၆။ ထိုင်မှတ်၊ စင်္ကြံမှတ်မှ တစ်ပါးသော ရပ်ခြင်း၊ လျောင်းခြင်း ဣရိယာပုတ်များ၊ ကွေးခြင်း၊
ဆန့်ခြင်းစသော ကိုယ်အမူအရာတို့၌ အမှတ်သတိဖြင့် ပြုလုပ်နေထိုင်ကြရပါမည်။
၇။ ယောဂီများ ကျန်းမာရေး မကောင်းလျှင်သော်လည်းကောင်း၊ အကြောင်းကိစ္စ ရှိလျှင်သော်
လည်းကောင်း၊ ဆရာတော်အား လျှောက်ထားခွင့်ပန်ပြီးမှ တရားထိုင် ပျက်ကွက်ခွင့်ရှိပါသည်။
{ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ရတနာမာန်အောင်တောရဓမ္မရိပ်သာ၏ အဓိပတိ
မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ၏ ၁၃၇၅-၁၃၇၆ ခုနှစ်၊
၂၈.၉.၂၀၁၄ တနင်္လာနေ့ ညနေမှ ၈.၁၀.၂၀၁၄ ဗုဒ္ဓဟူးနေ့ နေ့လည်အထိ
(၃၉)ကြိမ်မြောက်၊ သီတင်းကျွတ်အထူး (၁၀)ရက်တရားစခန်း လက်ကမ်းစာစောင်မှ
ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment