Tuesday, October 14, 2014

ရေရာတိကျတဲ့ မြတ်ဗုဒ္ဓ၏ ဂုဏ်တစ်ချို့

သုဒ္ဓေါဓနမင်းကြီးနှင့် မယ်တော် မဟာမာယာဒေဝီတို့၏ သားတော်ဖြစ်၏။ အကျင့်သီလ မဖောက်မပြားသော မိကောင်းဖခင်၏ သားဖြစ်၏။ အဉ္ဇနမင်းကြီး၏ သက္ကရာဇ် ၆၈ခု ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူခဲ့သည့် ရက်ချုပ်အပြည့်အစုံ ရှိ၏။ ၁၆နှစ်သားအရွယ်တွင် အိမ်ထောင်ပြု၍ သားတော်တစ်ပါး ထွန်းကား၏။ ၂၉ နှစ်တွင် တောထွက်မူ၍ ၆-နှစ်မျှ ဒုက္ကရစရိယကို ကျင့်တော်မူခဲ့၏။
၃၅နှစ်အရွယ်တွင် မြတ်စွာဘုရားရှင်အဖြစ်သို့ ရောက်တော်မူသည်။ ၄၅နှစ်ပတ်လုံး တရားဓမ္မများ ဟောတော်မူ၍ သဘာဝဓမ္မအရ သက်တော် ၈၀ပြည့်သောအခါ မြတ်စွာဘုရားရှင်တို့၏ဣနြေ္ဒဖြင့် တည်ကြည်ငြိမ်သက် ပျာယာမခတ်ဘဲ ငြိမ်းချမ်းစွာ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူ ၏။ သက်တော်၈၀ပြည့်၍ ခန္ဓာချုပ်ငြိမ်းတော်မူသည့်အခါ မည်သို့မျှ ညည်းညူတော်မမူဘဲ ကောင်းသော ပရိနိဗ္ဗာန်စံခြင်းဖြင့် စံတော်မူသည်။ မြင့်မြတ်ယဉ်ကျေးသော တရားကိုဟော၍ ဖြောင့်တန်းသော လွတ်ရာလမ်းကို ပြတော်မူခဲ့၏။
၁။ သနားကြင်နာတတ်၏။ (မဟာကရုဏာတော်) ကြီးမား၏။
၂။ ပါဏာတိပါတ(သူတစ်ပါးအသတ်ကို) ကိုယ်တိုင်လည်း သတ်တော်မမူ၊ တပည့်များကိုလည်း မသတ်ဖို့ ဆုံးမတော်မူ၏။
၃။ သူတစ်ပါးဥစ္စာခိုးယူခြင်းကို မိမိကိုယ်တိုင်လည်းမခိုးယူ၊ တပည့်များကိုလည်း မခိုးယူဖို့ ဆုံးမတော်မူ၏။
၎။ သူတစ်ပါးအိမ်ယာကို မိမိကိုယ်တိုင်လည်း မကျူးလွန် တပည့်များကိုလည်း မကျူးလွန်ဖို့ ဆုံးမတော်မူ၏။
၅။ လိမ်လည်ပြောဆိုမှုကို မိမိကိုယ်တိုင်လည်း မပြောဆို၊ တပည့်များကိုလည်း မပြောဆိုဖို့ ဆုံးမတော်မူ၏။
၆။ သေရည်သေရက်ကို မိမိကိုယ်တိုင်လည်း မသောက်သုံး တပည့်များကိုလည်း မသောက်ဖို့ဆုံးမတော်မူ၏။ ဤသည်ကား ဗုဒ္ဓဘာသာ၏ အောက်ဆုံးအဆင့် အကျင့်ဖြစ်၏။ ဗုဒ္ဓဘာသာ၌ ငါးပါးသီလတည်သောသူသည် မြင့်မြတ်သော ဗုဒ္ဓအရှင်၏ တရားတော်တည်းဟူသော နန်းတော်မုခ်ဝသို့ ရောက်သူ(သို့) အတွင်းဘက်သို့ ဝင်သွားခဲ့သော် ထိုငါးပါးသီလထက် မြင့်မြတ်သော သီလတရား၊သမာဓိတရား၊ ပညာတရား၊ စသည်တို့ကို တွေ့မြင်ကြရမည်သာ။
၁။ ဆင်းရဲခြင်းတရား(ဒုက္ခသစ္စာ)တရားရှိ၏။ ၂။ ထိုဆင်းရဲခြင်း(ဒုက္ခသစ္စာ)၏ အကြောင်းတရားသည် သမုဒယသစ္စာဖြစ်၏။ ၃။ ဒုက္ခမှလွတ်မြောက်ခြင်းတရားသည် နိဗ္ဗာန်(နိရောဓသစ္စာ)ဖြစ်၏။ ၄။ ထိုဒုက္ခမှလွတ်မြောက်ရာသို့ သွားရာလမ်းသည် (မဂ္ဂသစ္စာ) ဖြစ်၏။ ဤလေးပါးကား ဗုဒ္ဓဝါဒ၏ အုတ်မြစ်တည်း။ ဤ၌ (၁)နှင့်(၃)သည် အကျိုးတရားဖြစ်၏။ (၂)နှင့်(၄)သည် အကြောင်းတရားဖြစ်၏။ ဗုဒ္ဓတရားသည် အကြောင်း အကျိုး စပ်ဆက်၏။ဥပမာ သားဖြစ်သူက သူ့အသတ်ကို သတ်ခြင်းဟူသော အကြောင်းကို ပြုလုပ်၏။ ကြိုးဒဏ်တည်းဟူသော အကျိုးတရားသည် ဖခင်အပေါ်သို့ မကျရောက်နိုင်၊ ဖခင်ဖြစ်သူကလည်း အပြစ်ကိုသားကိုယ်စား ဝင်၍ခံလို့မရ။ အကြောင်းပြုလုပ်သူသည် အကျိုးကို ခံစားရပေမည် စသော
ကိုယ်တိုင် ကျင့်ကြံစမ်းသပ်ပြီးသော တရားကိုသာ ဟောသဖြင့် ထိုအတိုင်း ကျင့်သူများ မဂ်ဖိုလ်နိဗ္ဗာန်ရကြသည်မှာ မရေမတွက်နိုင်အောင် များလှပေပြီ။ နောင်အခါ၌လည်း ထိုအတိုင်းကျင့်ကြံသူအပေါင်း တို့သည် အတိုင်းမသိ နိဗ္ဗာန်သို့ ရောက်လိမ့်ဦးမည်။
သူတစ်ပါးကို ကျိန်ဆဲလေ့မရှိ။ ဣဿာဟုဆိုသော ဝန်တိုမှုကင်း၏။ သားဦးကို ယဇ်ပူဇော်ရမည်ဟု ဘယ်အခါကမှ အမိန့်မရှိ၊ ဗလိဒါန ယဇ်ပူဇော်ခြင်းကို စက်ဆုပ်တော်မူ၏။ ဆိုးသွမ်းသော သူတို့ကို ကောင်းအောင်ပြုပြင်ပြီးလျှင် ကရုဏာပွား၍ သနားတော်မူ၏။ အမျက်ဒေါသကင်းတော်မူ၏။ သူ့အသတ်သတ်ခြင်းကို မဆိုထားဘိ၊ မိမိကိုယ်ကို ဥပမာပြု၍ မရိုက်မနှက်ရဟူ၍ပင် ဟောခဲ့၏။ မိမိ၏ ပယောဂပါစေ၍ သတ္တဝါကို နာကျင်အောင် ပြုတော်မမူ။ မိမိကိုယ်တိုင်ဖြစ်စေ၊ ပယောဂပါ၍ဖြစ်စေ ပါဏာတိပါတအမှုကိုဘယ်အခါမှ ပြုတော်မမူပါ။ မည်သည့်သတ္တဝါကိုမျှ ထိမ်ဝှက်၍ တရားဟောတော်မမူခဲ့။ မိမိ၏တရားတော်ကို ရှင်းရှင်းနားလည်ကြစေရန် အတိအလင်း ဟောပြတော်မူခဲ့၏။ သူတစ်ပါးနာကျင်စေကြောင်းဖြစ်သော ဓားလှံ စသည်တို့ကို အသုံးမပြုရဟု တားမြစ်တော်မူ၏။ ငရဲဖြင့်ခြောက်၊ နိဗ္ဗာန်ဖြင့်မြှောက်၍ သာသနာပြုတော်မမူခဲ့။ အကြောင်းအကျိုး စပ်ဆက်သည့်တရားများ ဟောတော်မူ၍သာ အလင်းပြသာသနာပြုတော်မူခဲ့ပါသည်။
မှတ်ချက်။ ။ အရှင်ဥက္ကဋ္ဌ(ရွှေချိန်ခွင်)မှ စာသားများကိုဖြည့်စွက် ရေးသားခြင်းသာ။
အရှင်ဝိမလဝံသ(နာလန္ဒာတ္ကသိုလ်)

No comments:

Post a Comment