ငါနှင့်ရွယ်တူ၊ ငယ်ကြသူနှင့်၊
ကြီးမူစားစား၊ ပုဂ္ဂိုလ်များကား၊
အာဏာထန်ပြင်း၊ ရှင်သေမင်း၏၊
ဖြတ်ညင်းနှိပ်စက်၊ ပြစ်ဒါဏ်ချက်ကြောင့်၊
ဆက်ဆက်မှန်စွာ၊ သေရရှာပြီ၊
ပမာတို့လည်း၊ သေရမြဲပင်၊
မသေခင်က၊ ကြိုတင်စုဆောင်း၊
ကုသိုလ်ပေါင်းသာ၊ အားကိုးရာသည်၊
ဒါမှ..အေးကြောင်းအစစ်ပါတကား။ ။
{ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ရတနာမာန်အောင်တောရဓမ္မရိပ်သာ၏ အဓိပတိ
မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ၏ ၁၃၇၅-၁၃၇၆ ခုနှစ်၊
၂၈.၉.၂၀၁၄ တနင်္လာနေ့ ညနေမှ ၈.၁၀.၂၀၁၄ ဗုဒ္ဓဟူးနေ့ နေ့လည်အထိ
(၃၉)ကြိမ်မြောက်၊ သီတင်းကျွတ်အထူး (၁၀) ရက်စခန်း လက်ကမ်းစာစောင်မှ
ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment