Thursday, October 9, 2014

ဗုဒ္ဓဘာသာဝင် တိုင်းသိစေချင်


အို......ဗုဒ္ဓဘာသာဝင် အပေါင်းတို့ သင်ဟာဗုဒ္ဓဘာသာဝင် တယောက် ဖြစ်တယ်ဆိုရင် ဘာသာရေးလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ နှစ်သက်လို့
ကိုးကွယ်သည်ဖြစ်စေ မိရိုးဖလာအရ ကိုးကွယ်သည်ဖြစ်စေ ယခုကျနော်တင်ပြတာလေးကို ခဏလောက်အချိန်ပေးဖတ်စေလိုပါတယ်၊ ယနေ့ခေတ်လို တိုးတက်
ဖြစ်ထွန်းနေသော သိပ္ပံ၊ နည်းပညာ၊ ရုပ်ဝါဒီ များကြီးစိုးနေသောအချိန်
အချို့သောဘာသာ တို့ကလည်း အနုနည်းဖြင့်ချော၍ တခါ အကြမ်းနည်းများသုံး၍ ခြိမ်းချောက် သတ်ဖြတ်အတင်း အဓ္ဓမဘာသာဆွယ် နေချိန် ကမ္ဘာ့လူဦးရေ၏
(68)ရာခိုင်နှုန်းကျော်ကို အကြောက် တရားဖြင့် စိုးမိုးထားသော ဘာသာကြီးတခုက လွှမ်းမိုးချုပ်ကိုင်ထားချိန် ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်များအနေဖြင့်ရော ယနေ့ဘာလုပ်နေကြသနည်း...???
ကျနော်ဆက်ဆွေးနွေး ပါမည်ကျနော်တို့ ဘာသာတွင် ခေတ်စနစ်နှင့်အညီ ဘုရားဟောကျမ်းများကို ပြုပြင်၊ ပြင်ဆင်၊ ကျင့်သုံးမည်ဆိုသော မဟာယန အယူ
တခု၊ ဘုရားဟောကြားသော အဘိဓမ္မာ ခုနှစ်ကျမ်း၊ ၀ိနည်း ငါးကျမ်း၊ သုတ္တန် ဒေသနာ သုံးကျမ်းတို့ကို မပြုပြင် ဘဲလိုက်နာကျင့်သုံးနေသော လက်ရှိကျနော်တို့
ကျင့်သုံးနေသော ထေရ၀ါဒ အယူတခု ဖြင့်ဗုဒ္ဓဘာသာကို ကိုးကွယ်ခရီးဆက်နေကြပါသည်၊ ဤတွင်ကျနော် အဓိကဆွေးနွေးချင်သော ( ဒါန )အကြောင်း
စပြောပါတော့မည် မဟာယန ဘဲဖြစ်ဖြစ် ထေရ၀ါဒ ဘဲဖြစ်ဖြစ် ဒါန ဆိုသော အလှူအတန်း မှာကျနော်တို့ ဗုဒ္ဓဘာသာတွင် အသက်တမျှ အရေးကြီးသော
အခန်းမှ ပါဝင်နေသည် ဆိုလျှင်မိတ်ဆွေ ငြင်းပါမည်လား ? လုံးဝမငြင်း နိင်းပါ ၊ကျနော်တို့ ဗုဒ္ဓဘာသာဝင်မျာ့း အထွဋ် အမြတ် ထားသည်မှာ ဘုရား၊ တရား၊
သံဃာ၊ ရတနာသုံးပါးပြီးလျှင် ဒါန၊ သီလ၊ ဘာဝနာ တို့ပင်မဟုတ်ပါလော ဒါနဆိုသော အလှူအတန်း ထောက်ပံ့မှု မရှိလျှင် လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀)ကျော်
မှတရားတော် များကို သံဃာတော်တို့ အဘယ်ကဲ့သို့လက်ဆင့်ကမ်း သယ်ဆောင်နိင်မည်နည်း။ ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်ပင်လျှင် ဒါနပါရမီကို ဘ၀ပေါင်းများစွားဖြည့်စည်းခဲ့ရပေသည်။ ဒီအကြောင်းအရာလေးကိုသိလိုလျှင်
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:276310 ဤဘလော့တွင် အသေးစိတ်ဖတ်နိင်ပါသည်၊
နောက်တခုဆွေးနွေး ခြင်သည်မှာ ကမ္ဘာပေါ်တွင် ရှိရှိသမျှ ဘာသာအားလုံးမှာ ကျွန်တော်တို့ဗုဒ္ဓဘာသာ မှလွဲ၍အခြားဘာသာ အားလုံးတွင် သံဃာ မရှိပါ သင်းအုပ်
ဆရာ၊့ ဗလီဆရာ၊ ဂိုဏ်းအုပ်ဆရာ၊ ကျမ်းစာဆရာ တို့ရှိပါသည် သို့သော် အကျင့်သီလနဲ့ပါတ်သပ်ပြီး ကျွန်တော်တို့ ဗုဒ္ဓဘာသာရှိ ရဟန်းသံဃာများစောင့်ထိမ်းရသည် သီလနှင့်လားလားမှ မသက်ဆိုင်ပါဘူး။ အိမ်ထောင်ပြု ခလေးယူ၊ စီးပွားရေး
လုပ်၊အပျော်အပါး လိုက်စား၍ ရပါသည်၊ ကျနော်တို့ဘာသာ မှသံဃာတော် များမှာ ပျော်ပါးဖို့နေနေသာသာ (၂၂၇) သွယ်သော သိက္ခာပုဒ်များကို စက္ကန့်မလပ်
စောင့်ထိန်းလိုက်နာ နေသောသံဃာတော် တို့မှာ ပရိယတ်၊ ပရိပတ်၊ အလုပ်မှလွဲ၍ ကျန် အလုပ်များ မလုပ်ရပါ။ ထိုသို့ကိုယ်ပိုင် အလုပ်ကိုယ်ပိုင် စီးပွားရေး
မရှိသော သံဃာတော်တို့ကို ပစ္စည်းလေးပါ ထောက်ပံ့ မှူသာမရရှိပါက သာသနာပြုဖို့ ရန်အတွက် အခက်အခဲများစွားရှိပါသည်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ ဗုဒ္ဓသာသနာကြီး အချိန်ကြာမြင့်စွာ ရပ်တည် နိုင်ဖို့ အတွက်ရော၊ မိမိရဲ့ အကုသိုလ်စိတ်ထဲက တစိတ်ဖြစ်သည့် လောဘကို ချိုးနှိမ်ဖို့အတွက်ပါ  နိဗ္ဗာန်မရမီ စပ်ကြား သံသရာမှာ မျက်နှာ မငယ်ဖို့အတွက်ပါ ပေးကမ်းလှူဒါန်းခြင်း၊ ဒါနဟာမပါလျှင် လုံးဝမဖြစ်နိင်ပါဘူးခင်ဗျာ။ ထိုကြောင့်ဒါနအကြောင်းဆက်ရလျှင် တရားတော်များတွင်ဟော
ကြားထားသည်မှာ ဒါနထက်၊ သီလကမြတ်သည်၊ သီလထက်၊ သမထ ဘာဝနာကမြတ်သည်၊ သမထ ဘာဝနာထက် ၀ိပဿနာ ဘာဝနာကမြတ်သည်။ အဆင့်ဆင့်ဖေါ်ပြထားပါသည်၊ ဒါနလုပ်ရာတွင်လည်း တိရိစ္ဆာန်၊လှူရသည်ထက် လူပုဂ္ဂိုလ် လှူရသည်ကမြတ်သည် စသဖြင့် အလှူဒါနပြုသည့်အခါ ရသည့်ကုသိုလ်အကျိုး ကျေးဇူးထူးခြားပုံကို
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:271058 ဤဘလော့တွင်အသေးစိတ် ဖေါ်ပြထားပါသည်၊ အချို့သော ၀ိပဿနာ တရား
အားထုတ်သူတို့ မှာဘာဝနာသည် အမြတ်ဆုံးဟူ၍ ဒါနသည် (၃၁)ဘုံ လည်စေသော တရားဟု ပရမတ် သဘောအတိုင်း ယူဆနေကြသည်ကိုဝမ်းနည်းဖွယ်တွေ့ ရှိရပါသည်။  ဒီလိုယူဆသောသူများမှာ ဆရာတော်တွေမိန့်ကြားသည့်တရားသဘောကို နားမလည်သဘောမပေါက်သောကြောင့်သာဖြစ်ပါသည်။ မိမိလှူဒါန်းသောဒါနမှာ သံသရာအရှည်ကို ရည်သန်ပြီး ဒါလှူရင်ဒါရတယ်ဆိုတဲ့ အကျိုးကို မက်မော၍လှူကြလို့သာဖြစ်သည်ဟုထင်မြင်မိပါသည်။
 အမှန်တော့ (၃၁) ဘုံလည်သည်မှာ ဒါန ပြုလို့မဟုတ်ပါဘူး ငါမပြုတ်လို့ပါ။ ဒါနပြုသည့်အခါမှ မဟုတ်ပါဘူး ၀ိပဿနာအားထုတ်နေသော်လည်း ငါမပြုတ်ပါက ဥပမာ- ငါ့ကိုယ်၊ ငါ့ခန္ဓာ၊ စွဲ၍သေလျှင် ပြိတာဖြစ်နိင်သည် ဟု
မေတ္တာရှင် ရွှေပြည်သာ အရှင် ဇ၀န ရေးသော စာအုပ်များတွင်ဖတ်ရပါတယ် ကိုယ်တကယ် အလှူပြုရာတွင် အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ၊
လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ၊ နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တဘဲ နိဗ္ဗာန်ကို ရည်မှန်းလျှက် လှူနိုင်သူသည်
လွတ်လွတ်ကျွတ်ကျွတ်လှူဒါန်းနိုင်သူ ဖြစ်ပါတယ် ဒါကိုလည်းကျနော်ရေးတဲ့
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:280610 ပို့လေးမှာဖတ်နိင်ပါတယ် အလှူတခု၏ အဓိက ထောက်ပံ့မှု မှာသာသနာ
တော်ကိုအဓွန်ရှည်တည်တဲ့ စေတဲ့အကြောင်းအရာပေါ်ဘဲ မူတည်ပြီး နိဗ္ဗာန်နပစ္စယော ဟောတု ဆိုတဲ့ ဆုဘဲတောင်းသင့်ပါတယ် အလှူလုပ်တယ်ဆိုတာ
မိမိရဲ့လောဘကိုလျော့ပါးစေခြင်း ဌာလှူတန်း ပေးကမ်း စွန့်ကျဲခြင်းဖြစ်ပါတယ် ဒါကြောင့်ပိုင်ဆိုင် ရယူလိုမှုလောဘ မပါရင် ဘယ်ကိုမှမလည်ပါဘူး။
နိဂုံးချုပ် ပြောရမယ်ဆိုရင် အကြောက်တရားနဲ့ စိုးမိုးထားတဲ့ ဘာသာတွေမှာ လူမှန်းသိတာနဲ့ ဘာသာသွင်းပြီး ဘုရားကိုအကြောက်တရားနဲ့ ကိုးကွယ်ရိုသေ
စေပြီး သူတို့ဘာသာကို အသက်ဆက်စေပါတယ်၊ မျှော်လင့်ခြင်းနဲ့ ကိုးကွယ်တဲ့ဘာသာ တွေမှာလည်း ဂိုဏ်းအုပ်တို့ ဘုန်းကြီးတို့က စီးပွားရေး လုပ်လို့ရပါတယ်
ဒါပေမယ့် အလှူတော့ခံလိုမရပါဘူး အလှူခံရင်သူတို့နိင်ငံတွေ ရဲ့ဥပဒေနဲ့ငြိစွန်းပါတယ် ကျနော်တို့ ဘာသာမှာတော့ နှစ်ပေါင်း(၂၅၀၀) ကျော် သံဃာတော်
တွေကို ဒါန ဆိုတဲ့ အလှူအတန်းနဲ့ ပစ္စည်းလေးပါ ထောက်ပံ့ ခဲ့တာယနေ့တိုင်အောင်ပါဘဲ သံဃာတော်တွေဖက်ကလည်း တရားတော်တွေကို တာဝန်ကျေစွာ
စောင့်ရှောက်ထိန်းသိမ်း လာခဲ့တာ ယနေ့တိုင်အောင်ပါဘဲ ရှေ့ဆက်ပြီးလည်း၊ ဒီတာဝန်တွေကို ထိန်းသိမ်း စောင့်ရှောက်သွားမှာပါဘဲ ယနေ့အချိန်လို
အမျိုးဘာသာ သာသနာကို အတွင်းရန် အပြင်ရန်တွေနဲ့ အမျိုးမျိုး နှောက်ယှက်ဖျက်ဆီး နေကြချိန်မှာ မိတ်ဆွေတို့ အနေနဲ့ လက်အုပ်လေးချီ ပြီးနှုတ်က
“ ဗုဒ္ဓ သာသနံ စီရံ တိရဋ္ဌု ” ရွတ်ဆိုနေ၍ သာသနာတော်ကို လက်တွေ့စောင့်ရှောက်ရာမရောက်ပါဘူး တကယ်လက်တွေ့ သာသနာအထောက်အပံ့ ဖြစ်စေခြင်းငှာ လှူဒါန်းမှသာ ဓမ္မရက္ခိတ တရားကို
စောင့်ရှောက်သူများ၊ သာသန ရက္ခိတ သာသနာကိုစောင့်ရှောက်သူများ ဖြစ်လာမှာပါ ၊ ထိုကြောင့် သင်ဟာ ဗုဒ္ဓဘာသာဝင် ကောင်းတယောက်ဖြစ်ဖို့ဆိုရင်လှူဖို့ ကိုလည်းဝန်မလေး ပါနဲ့လှူကြပါ လို့တိုက်တွန်းရင်းနားပါအုန်းမယ်။
(မူကြိုဆရာ)

No comments:

Post a Comment