Sunday, October 5, 2014

မီးခဲပြာဖုံးနေသလို ။


  “ကာလောပဓိပယောဂါနံ, ဂတိယာ စ ယထာရဟံ၊ သမ္ပတ္တိံ စ ဝိပတ္တိံ စ, ကမ္မမာဂမ္မ ပစ္စတိ။”

         ကာလောပဓိပယောဂါနံ-အများနေထိုင်ရာဖြစ်တဲ့အခါ ကာလ, အဆင်းလှပခြင်း အရုပ်ဆိုးခြင်း
ဆိုတဲ့ ဥပဓိ လုံ့လဝီရိယ အသိအလိမ္မာဉာဏ်ဆိုတဲ့ ပယောဂတို့၏လည်းကောင်း

ဂတိယာ စ -ရောက်ရာဘုံဌာနဟူသော ဂတိ၏လည်းကောင်း
သမ္ပတ္တိံ စ -အကြောင်းရင်းခံ ဖန်သည့်အလိုက် သမ္ပတ္တိဆိုက်မှုကိုလည်းကောင်း
ဝိပတ္တိံ စ -အကြောင်းရင်းခံ ဖန်သည့်အလိုက် ဝိပတ္တိဆိုက်မှုကိုလည်းကောင်း
အာဂမ္မ -မလွဲသမှု အစွဲပြု၍
ကမ္မံ -မီးခဲပြာဖုံး ပမာသုံးဖို့ လုံးလုံးမပြယ် ကိုယ်ဝယ်ဖန်ထား ကံတရားသည်
ပစ္စတိ -ကောင်းဆိုးကျိုးတွေ ပေးနိုင်လေ၏

မီးခဲပြာဖုံးနေသလို ကံကို မမြင်ရဘူး။
မမြင်ရပေမယ့် ကံတွေ ရှိနေတာပဲ၊ ပြည့်လို့။
အဲဒါတွေဟာ ကာလသမ္ပတ္တိနဲ့ ကြုံနေမယ်ဆိုရင် သာမန်ကုသိုလ်ကံတွေကတောင်မှ အကျိုးပေး
လိုက်တာ။ ကာလက တယ်ကောင်းတယ်ကိုး။
အင်း .. နေလို့ထိုင်လို့ ကောင်းတယ်။ ရောင်းလို့ ဝယ်လို့ ကောင်းတယ်။ သွားလို့လာလို့
ကောင်းတယ်။ ဒီလိုဆိုရင် သာမန် ကံသမားလေးတွေတောင်မှ စားရေး သောက်ရေးချောင်လို့၊
နေရေးထိုင်ရေး ကောင်းလို့၊ ကာလကောင်းနဲ့ တွေ့တာကိုး။
  {  http://lokachantha.blogspot.com (အရှင်ဇနကာဘိဝံသ ) မှ ကူးယူ ပူဇော်ပါသည်။ }
  ဦးသိန်းဝေ။

No comments:

Post a Comment