သတ္တဌာန ၇ ပါးမှာ ==
၁။ အောင်မြင်တော်မူသော ဗောဓိပင်၏ အရှေ့မြောက် တစ်လံကွာ ရွှေပလ္လင်ဌာန။
၂။ ဗောဓိပင်မြောက်ဘက် ဆယ်လံကွာ အနိမိသအရပ် ဌာန။
၃။ ဗောဓိပင်နှင့်အနိမိသအကြား နှစ်လံကွာ ဌာန ရတနာစင်္ကြံ။
၎။ ဗောဓိပင်၏ အနောက်မြောက် တစ်ဆယ့်ငါးလံကွာ ဌာန ရတနာဃရရွှေအိမ်။
၅။ ဗောဓိပင်၏အရှေ့ သုံးဆယ့်နှစ်လံကွာ အဇပါလ ဆိတ်ကျောင်း ညောင်ပင်။
၆။ ဗောဓိပင်၏ အရှေ့တောင် တစ်ဆယ့်ငါးလံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပျဉ်းအောက် ဌာန။
၇။ ဗောဓိပင်၏ တောင်ဘက် တစ်ဆယ့်တစ်လံကွာ လင်းလွန်းပင် အရပ် ဌာနတို့ ဖြစ်ပါတယ်။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment