Monday, October 6, 2014

သာမညဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိနယ၏ ချမ်းသာအစစ်။

  ရာထူးဂုဏ်ရှိန် စည်းစိမ်ချမ်းသာ ဥစ္စာရတနာတို့  ပိုင်ဆိုင်ခံစားခြင်း ဟူသည်ကိုပင် ပုထုဇဉ်တိုင်း
လိုချင်တက်မက် ကြပါသည်။ ယင်းချမ်းသာခြင်း၏ နောက်ကွယ်၌ ဆင်းရဲခြင်းသည် ရှိသည့်အတွက်
ချမ်းသာအတု အယောင်သာဖြစ်သည်။ ရတနာသုံးပါးကို အမှီပြုလျှက် ရရှိသော ချမ်းသာမှုကား

ထာဝရတည်တန့် နေသော ချမ်းသာစစ် ချမ်းသာမှန် ဖြစ်ပါသည်။
      သာမညဆရာတော် ဘုရားကြီး ဘဒ္ဒန္တ၀ိနယ ၏ ဩ၀ါဒတော်မှာ==သာမညကို လာတဲ့ဒါယကာ
ဒါယိကာမတိုင်း ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာရာကို ဆရာတော်ပေးမယ်။ အားလုံးချမ်းသာပါတော့မယ်
ချမ်းသာစေရမယ်။ ဘယ်ချမ်းသာနဲ့ မှမတူဘူး။ အဲဒီလို ချမ်းသာမျိုးကို ပေးမှာ။ ဆရာတော်ပေးမဲ့ချမ်း
သာက အားလုံးချမ်းသာစေမဲ့ ရတနာအစစ်၊ ရတနာအမှန်ကို ပေးမှာ။
     ဒါပေမဲ့ ဒကာ၊ ဒကာမတွေ လိုချင်တဲ့ စိန်၊ရွှေ၊ငွေ၊ကျောက်၊ ရာထူးဂုဏ်ရှိန် တွေကိုတော့မဟုတ်
ဘူး။ ဒါတွေဟာ ရန်သူမျိုးငါးပါး ဖျက်ဆီးနိုင်တဲ့၊ ချမ်းသာတွေ ဒုက္ခနဲ့ မကင်းသေးဘူး။ ဆရာတော်ပေး
မဲ့ ချမ်းသာအစစ်ကတော့ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ယူပြီး ပြန်ကြတော့၊ အဲဒါ
ချမ်းသာအစစ်ဘဲ၊ မုချ ချမ်းသာလိမ့်မည်။
{သာမညတောင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ၀ိနယ၏ ဩ၀ါဒတော်မှကိုးကားရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

      

No comments:

Post a Comment