ပညတ္တိဓမ္မဆိုသည်မှာ တဖက်သားကိုသိအောင် ပြောပြအပ်သော စကားနှင့်
အမူအရာကိုလည်းကောင်း စကားဝေါဟာရနှင့် အမူအရာတို့ဖြင့်သိရသော
အရာဝတ္ထုနှင့် အကြောင်းအရာကိုလည်းကောင်း ခေါ်ဆိုခြင်းဖြစ်၏။ ပညတ္တိသည်
တကယ်ရှိသော အရာကိုဖြစ်စေ တကယ်မရှိသော အရာကိုဖြစ်စေ ရည်ညွန်းပြော
ဆိုအပ်သော လူတို့၏ ဝေါဟာရအရာ အရာဝတ္ထုနှင့် အကြောင်းအရာများသာ ဖြစ်၏။
ပရမတ္ထဓမ္မဆိုသည်မှာ အရင်းခံမူလသဘာဝ ပဓာန အနက်သဘောကို ခေါ်သည်။
ပညတ္တိကိုဖယ်၍ ဉာဏ်ဖြင့်သာ သိရသောအရာကို ခေါ်သည်။
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
http://www.drnandamalabhivamsa.com.
No comments:
Post a Comment