Wednesday, November 12, 2014

ဝိကာရရုပ်။

ရုပ်တို့၏ ထူးခြားသည့် အခြင်းအရာတစ်မျိုးကိုပင် ၀ိကာရရုပ်ဟုခေါ်၏။ ၀ိကာရရုပ်သည်
ဝိညတ်ရုပ် ၂-မျိုးကိုပင် ပေါင်းထည့်သော် ၅-မျိုးရှိ၏။
(၁) ကာယ၀ိညတ္တိ (ကာယဖြင့်သိစေခြင်း)
(၂) ၀စီဝိညတ္တိ (နှုတ်သံဖြင့်သိစေခြင်း)
(၃) လဟုတာ (ပေါ့ပါးမှု)

(၄) မုဒုတာ (နူးညံ့မှု)
(၅) ကမ္မညတာ (လုပ်ဆောင်နိုင်မှု)
ပေါ့ပါးမှု၊ နူးညံ့မှု၊ လုပ်ဆောင်နိုင်မှုတို့သည် လေးလံမှု၊ တောင့်တမှု၊ မလုပ်ဆောင်နိုင်မှုတို့နှင့်
မတူထူးခြား၏။ စိတ်၊ ဥတု၊ အာဟာရ အကြောင်း
တစ်မျိုးမျိုးကြောင့် ရုပ်၏ အခြေအနေထူးခြားမှုဖြစ်သောကြောင့် ရုပ်ဟုခေါ်၏။

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
 http://www.drnandamalabhivamsa.com.

No comments:

Post a Comment