Thursday, November 13, 2014

ဘုရား၊ ရဟန္တာဓာတ်တော်။

          ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏ နေအိမ်တွင် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်နှင့်
ကိုယ်တော်စား ရုပ်ပွားဆင်းထုတော်များကို ထားရှိ ကိုးကွယ်ကြပါသည်။ အချို့ဆိုလျှင် ရိုသေ
လေးစားအပ်သည့် နာမည်ကြီး ဘယ်ဆရာတော်က ဓာတ်တော်ကျသည်၊ ဘယ်ဆရာတော်ကြီးက
တော့ နာမည်ကြီးပေမယ့် ဓါတ်တော်မကျဘူး ဟူ၍ပင် ငြင်းခုံလေ့ ရှိတတ်ကြပါသည်။ ဆရာတော်

ကြီးများနှင့် ရဟန္တာတို့၏ ဓာတ်တော်ဟူသည် အဘယ်သို့သော အရာမျိုးနည်း။  ဆရာတော်ကြီး
တစ်ပါး ပျံလွန်တော်မူသဖြင့် မီးသင်္ဂြိုဟ်ရာတွင် အတုံးအခဲများ ကြွင်းကျန်သည်ကို ဓာတ်တော်
ကျသည်ဟု ဆိုလေ့ရှိကြသည်။ ရဟန္တာဓာတ်တော်ဟူသည် အဘယ်သို့သော  အရာဖြစ်ကြောင်း
ဆဌသင်္ဂီတိပု စ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ဤ
သို့ဟောကြားတော်မူခဲ့ပါသည်==========
           “ရဟန္တာဓာတ်တော်ဆိုတာ အရိုးတွေပါပဲ။ မြန်မာပြည်မှာတော့ ဓာတ်တော်ဆိုရင် ဘုရား
ဓာတ်တော်များလို အလုံးအလုံး ကလေးတွေကို ဒီလိုအများက ထင်မြင်ယူဆ ပြောဆိုနေကြတယ်
အမှန်မှာတော့ အဲဒီလို မဟုတ်ပါဘူး။ ဘုရားဓာတ်တော်များသာ မြတ်စွာဘုရား၏  အဓိဌာန်
ကြောင့် အလုံးအလုံး ကလေးတွေ ဖြစ်ကြတာပါ။ ရဟန္တာများ၏ ဓာတ်တော်များကတော့ ပကတိ
အရိုးအတိုင်းပါပဲ။ ဘာကြောင့် ဒီလို သိသလဲဆိုရင် ဘုန်းကြီးတို့ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ကို
သီးသန့်လေယာဉ်ဖြင့်သွားပြီး အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့၏ ဓာတ်တော်များကို ပင့်
ဆောင်စဉ် အခါတုန်းက ဓာတ်တော်တိုက်ထဲမှာ   အရှင်သာရိပုတ္တရာ၊   အရှင်မောဂ္ဂလာန်တို့၏
ဓာတ်တော်တွေကို ထင်ရှားတွေ့ခဲ့ရပါတယ်။ ပကတိ အရိုးအတိုင်းပါပဲ။ အရောင်အဆင်းက  ဖြူ
ဖွေးနေတယ်။ ပုံသဏ္ဌာန်ကတော့ လက်ဆစ်အရိုးအတိုင်း ရှိနေတယ်ဆိုတော့ ဒိပြင် ရဟန္တာများ
၏ ဓာတ်တော်များဟာလည်း သံသယဖြစ်ဖွယ်ရာ မရှိပါဘူး။ ဒါကြောင့် ယခုမြန်မာပြည်မှာ ရိုသေ
လေးစားအပ်တဲ့ ဆရာဆတ်ာတစ်ပါး ပျံလွန်တော်မူလို့ မီးသင်္ဂြိုဟ်တဲ့အခါ ကျောက်ခဲလုံးကလေး
များလို ဓာတ်တော်များကျတယ် ဆိုတာကို ချင့်ပြီး ယုံကြဖို့ပါပဲ။” လို့ မိန့်မှာကြားခဲ့ပါတယ်။
         ဒါကြောင့် မိမိတို့တစ်တွေ မဟာစည်ဆရာတော်ကြီး၏ မိန့်မှာကြားချက်- အသိတွေတိုးပြီး
ဓာတ်တော်နှင့်ပတ်သတ်ကာ ငြင်းခုံမနေဘဲ ကောင်းမှုကုသိုလ်တွေ တိုးပွားကာ လူချမ်းသာ၊ နတ်
ချမ်းသာ၊ ဗြဟ္မာချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ၊ ချမ်းသာမျိုးစုံကို စံစား၊ ခံစားနိုင်ကြပြီးတော့ နိဗ္ဗာန်
ချမ်းသာတိုင်ထိ ရရောက်ရရှိနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။ ။
{မင်းနန်(မော်ကျွန်း) ၏ မဟာစည်ဆရာတော်ကြီး သြ၀ါဒတော်ကို ကိုးကားရေးသားပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment