Monday, November 10, 2014

(ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒာမာလာဘိဝံသ)၏အဖိုးတန်သြ၀ါဒ။

စက္ကူနှစ်ရွက်ကို ထပ်ထားရင် ခွာချင်လည်း အလွယ်လေးပါ။
တကယ်လို့ စက္ကူနှစ်ရွက်ကြား ကော်ထည့်ထားပြီ
ဆိုရင်တော့ ခွာတာနဲ့ ပြဲမှာပဲ။
အဲဒီလို မစုတ်မပြဲ ချင်ဘူးဆိုရင်တော့ ထည့်ထားတဲ့
ကြားက" ကော် "ကို ဖယ်ရှားနိုင်ရမယ်။
စက္ကူကို ဖယ်ရမှာမဟုတ်ဘူး။

အဲဒီလိုပဲ။
လူတွေက အာရုံအမျိုးမျိုးအပေါ် ခင်မင်ဖက်တွယ်
ထားကြတယ်။ အစားကောင်းလေး၊ သီချင်းကောင်းလေး၊
အဝတ်ကောင်းလေး စတဲ့ အာရုံတွေအပေါ် ဖက်တွယ်
ထားကြတယ်။
တကယ်လို့ ဆက်သွယ်ပေးထားတဲ့
"တဏှာဆိုတဲ့ ကော်" ကို မဖယ်ရှားဘဲ
"အာရုံနဲ့ လူ" ကို အတင်း ဆွဲခွာလိုက်ရင် စက္ကူပြဲသလို
ဒုက္ခရောက်မှာပဲ။
ဒါကြောင့် အာရုံတွေကို ဖယ်ဖို့ထက် ကော်နဲ့ တူတဲ့
"လိုချင်တက်မက်မှု"ကို ဖယ်ဖို့ အရင် ကြိုးစားရမယ်။
- (ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒာမာလာဘိဝံသ)

No comments:

Post a Comment