ကာလသမ္ပတ္တိ
မင်းကောင်း လူကောင်းတို့ အုပ်စိုးနေရာ အခါကို “ကာလသမ၌တ္တိ”ဟု
ခေါ်၏။ တိုင်းသူပြည်သားတို့ကို သာယာဝပြောအောင်၊ ပညာတတ်အောင်၊ ကျန်းမာအောင်
အစရှိသဖြင့် စီမံတတ်သော မင်းကောင်းခေါင်းဆောင်ကောင်းတို့ လက်ထက်၌
ကုသိုလ်ကံများ အခွင့်သာ၏။ ထိုကုသိုလ်ကံ အခွင့်သာသဖြင့်
ကောင်းသောအာရုံတို့ကို တွေ့ကြုံကြရ၏။ ပူပန်သောကကင်း၍ ဆွေမျိုးဉာတိ ရပ်ရှိ
ရွာကုန် အလုံးစုံတို့ပင် ချမ်းသာကြ၏။ တက်ကပ်အခါလည်း ကာလသမ္ပတ္တိပင်တည်း။
ထိုကဲ့သို့ ကာလသမ္ပတ္တိ၌ ကြုံကြိုက်သောအခါ ပြတ်သတ်ငတ်နေအောင် အကျိုးပေးမည့်
ကုသိုလ်ကံ ပါရှိသော်လည်း အခွင့်မရသဖြင့် အကျိုးမပေးနိုင်။
ကာလ၀ိပတ္တိ
ကာလ၀ိပတ္တိ
မင်းဆိုးမင်းယုတ် ခေါင်းဆောင်အညံ့စားတို့ ရှေ့သွားဦးဆောင်လုပ်လျက် စိုးအုပ်နေရာ အခါကို “ကာလ၀ိပတ္တိ” ဟုခေါ်၏။
တိုင်းပြည်ပျက်သောအခါ၊ မိမိတို့ တိုင်းပြည်ဝယ် စစ်ဖြစ်နေကြသော
အခါများ၌လည်း ကာလ၀ိပတ္တိပင်တည်း။ ထိုကဲ့သို့ ကာလ၀ိပတ္တိ ကြုံရသောအခါ၌
ရှေးကပါလာခဲ့သော အကုသိုလ်ကံတို့ အခွင့်သာကြသည်။ လူအများပင် ဆင်းရဲပြတ်သတ်
ငတ်မွတ်ကြရ၏။ ကုသိုလ်ကံ ကြီးမားသူတို့ပင် ထိုကုသိုလ်ကံ အခွင့်မရဘဲ ရှိသမျှ
အကုသိုလ်ကံတို့၏ ဒဏ်ကို ခံကြရသောကြောင့် ပြေးရလွှားရ၊ ပုန်းရလျှိုးရ၊
စားချင်တာ မစားရ၊ ချစ်သူနှင့် ကွဲရ၊ တချို့ မသေလောက်သော ရောဂါကလေးတွေအတွက်
သင့်တော်သောဆေး၊ ကုသပေးမည့်ဆရာ မရသောကြောင့် သေရသည့်တိုင်အောင်
ဒုက္ခရောက်ရလေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment