ခန္ဓာအစဉ်၌ ကံ၏သတ္တိကျန်ရှိရစ်ပုံ
ထိုကဲ့သို့
အထင်အရှား ဖြစ်နေကြသော ကုသိုလ် အကုသိုလ် ထုံးစံအတိုင်း
ချုပ်ပျောက်ကြသော်လည်း ပြီးပြီးပျောက်ပျောက် ချုပ်သွားကြသည်မဟုတ်။
မိမိတို့၏ ကံစွမ်းသတ္တိကို ခန္ဓာအစဉ်မှာ မြှုပ်ထားလျက် ချုပ်သွားကြလေသည်။ ဆိုလိုရင်းကား -
ခန္ဓာကိုယ်၌ စိတ်တစ်ခုပြီးတစ်ခု ဖြစ်ရာဝယ် သတ္တိနည်းသော စိတ်တို့သည်
ချုပ်ပြီးနောက်၌ သူတို့၏ အစွမ်းသတ္တိ တစ်စုံတစ်ရာ မကျန်ရစ်တော့။
သတ္တိထက်မြက်သော ဇောစေတနာတို့၏ သတ္တိကား ခန္ဓာအစဉ်မှာ ကျန်ရစ်ကြလေသည်။
ဥပမာ - မထက်မြက် မထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ သူတို့၏ အရှိအ၀ါသည် သားသမီးအပေါ်၌ သိသိသာသာ မကျန်ရစ်တော့ဘဲ ထက်မြက်ထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ၌သာ သူတို့၏ အရှိန်အ၀ါသည် သားသမီးတို့မှာ သိသိသာသာ ကျန်ရစ်သကဲ့သို့တည်း။
ခန္ဓာအစဉ်၌ ကံသတ္တိများလိုက်ပါပုံ
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
ဥပမာ - မထက်မြက် မထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ သူတို့၏ အရှိအ၀ါသည် သားသမီးအပေါ်၌ သိသိသာသာ မကျန်ရစ်တော့ဘဲ ထက်မြက်ထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ၌သာ သူတို့၏ အရှိန်အ၀ါသည် သားသမီးတို့မှာ သိသိသာသာ ကျန်ရစ်သကဲ့သို့တည်း။
ခန္ဓာအစဉ်၌ ကံသတ္တိများလိုက်ပါပုံ
အသီးသီးသော
သစ်ပင်မျိုး၌ အသီးသီးစေတတ်သော ဓာတ် သတ္တိ အမြဲ ပါရှိသည်။
သစ်ပင်ပေါက်ခါစ၌လည်း ပါရှိ၏။ အညွန့် အခက် အရွက်ထွက်သောအခါ ပင်လုံးနှင့်တကွ
ထိုအသီးနှင့် အသီး၏ အစေ့မှာလည်း ပါရှိ၏။ ထိုအစေ့ရင့်၍ မြေ၌ချပြီး
စိုက်ပျိုးသော အခါ၌လည်း အသီးသီးစေတတ်သော ဓာတ် သတ္တိ ပါရှိ၏။ ထိုဓာတ်သတ္တိသည် “ဘယ်လို အရာ”ဟု
ခွဲခြားမရသော်လည်း ထိုသစ်ပင်အမျိုးတို့၏ အစဉ်အဆက်မှာ သီးစေတတ်သော ဓာတ်သတ္တိ
တစ်မျိုးကား ဧကန်ပါရှိသကဲ့သို့ ထို့အတူ ရုပ်တစ်ခုပြီးတစ်ခု၊
နာမ်တစ်ခုပြီးတစ်ခု ဆက်၍ဆက်၍ ဖြစ်ပျက်နေကြရာ၌ အသစ်ဖြစ်သော ရုပ်နာမ်
ခန္ဓာအစဉ်ဝယ်ချုပ်လေပြီးသော ထိုစေတနာ ကံတရား၏ သတ္တိလည်း
အမြဲလိုက်ပါလျက်ရှိသည်။
စုတိစိတ်
အခိုက်မှာလည်း ကံ၏ သတ္တိတွေ အများအပြား ပါရှိနေသည်။ စုတေပြီးနောက် ဘ၀အသစ်
ပဋိသန္ဓေခဏ၌လည်း ကံ၏သတ္တိတွေပါရှိ၏။ ထို့နောက် တစ်ဘ၀လုံးနှင့် ထိုဘ၀၏ စုတိ၊
ထို့နောက် တစ်ဖန် ပဋိသန္ဓေခဏ၌လည်း ရုပ်နာမ်ခန္ဓာ အစဉ်မှာ (ဘယ်လို အရာမျိုးဟု အထင်အရှား အထည်ဝတ္ထုကို ခွဲခြားမရသော်လည်း) အကျိုးမပေးရသေးသော ကံ၏သတ္တိတွေ လိုက်ပါတည်ရှိလေသည်။ (ကံ၏ သတ္တိဟူသည် အထည်ကိုယ် အထင်အရှား မဟုတ်၊ သတ္တိမျှသာ ဖြစ်ကြောင်းကို သတိပြုပါ။)
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment