ဗြဟ္မစရိယ၊ ၀ိကာလဘောဇနစသော ဥပုသ်သီလများကား
ပြခဲ့သော ငါးပါးသီလ စသည်တို့ကဲ့သို့ သူတစ်ပါး မဆင်းရဲရအောင်
စောင့်ရှောက်ရသော သီလ မဟုတ်။ မိမိစိတ်ဓာတ်ကို မြင့်မြတ်အောင်
စောင့်သုံးရသော သီလများတည်း။ ချဲ့ဦးအံ့ - ယခုကာလ အများစောင့်သုံးသော
အိမ်နီးချင်းရိုသေရုံ ဥပုသ်မဟုတ်ဘဲ တကယ်စောင့်ရသော ဥပုသ်မျိုးကို “အရိယဥပုသ်” ဟုခေါ်၏။
ထိုအရိယဥပုသ်ကို စောင့်သူသည်
သီလနေဆာက်တည်ပြီးနောက် ဘုရားဂုဏ်တော်ကို ဖြစ်စေ၊ သို့မဟုတ် တရားဂုဏ်၊
သံဃာ့ဂုဏ်၊ မိမိသီလဂုဏ်၊ ဒါနဂုဏ် တစ်မျိုးမျိုးကို ဖြစ်စေ အာရုံပြု၍
ကမ္မဋ္ဌာန်းဘာဝနာကို ပွားများနေထိုင်ရမည်။ ထိုသှို့ ပွားများနေထိုင်သောအခါ
မိမိ၏ စိတ်ဝယ် လောဘ ဒေါသ မာန စသော အကုသိုလ်များ နည်းသည်ထက် နည်းပါး၍
စိတ်နေစိတ်ထားလည်း ကြီးသည်ထက် ကြီးမားလာပေလိမ့်မည်။ ထှို့ကြောင့်
ဥပုသ်သီလတို့မှာ သီလမည်ရုံသာမက ဘာဝနာနှင့် အဖော်အပေါင်း ဖြစ်သည့်အပြင်
အရင်ခံဖြစ်သော ပါဏာတိပါတစသည်မှလည်း ရှောင်ကြဉ်ပြီး ဖြစ်သောကြောင့် ရိုးရိုး
ငါးပါးသီလထက်ပင် သာလွန်မြင့်မြတ်သော အကျင့်ဖြစ်ကြောင်းကို သိနိုင်ပါသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment