ထားဝယ်ဆရာတော်တစ်ပါး ဟောကြားသည့် ရဟန်းလေးမျိုးမှာ=
၁။ ငယ်ဖြူ။ ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ရတနာသုံးပါးနှင့် ဘုရားအဆုံးအမ သာသနာကို
သဒ္ဓါကြည်ညိုစိတ် ဖြစ်ကာ သံသရာဝဋ် ဆင်းရဲမှ လွတ်မြောက်လိုသောကြောင့် ရဟန်းဝတ်သော
သူတည်း။ ဘုရားအဆုံးအမ သာသနာကို တကယ်ကြည်ညိုပြီး ကျင့်ကြံမည်ဟူသော စိတ်ထားဖြင့်
သာသနာ့ဘောင် ၀င်ရောက်လာသူ ဖြစ်သည်။
၂။ တောထွက်။ ။ အိမ်ထောင်ကျပြီး ကာမဂုဏ်အာရုံများဖြင့် ပျော်မွေ့နေရာမှ လောကထဲ
မပျော်မမွေ့ငြီးငွေ့တာနဲ့ ဇနီးမယား၊ သားသမီးများကို ငဲ့ကွက်ခြင်းမရှိဘဲ တောထွက်
ရဟန်းပြုသူ ဖြစ်သည်။
၃။ ကျပ်ကြောက်။ ။ လူ့ လောက၌ စားဝတ်နေရေး၊ အနေမရှောင်၊ ရဟန်းဘောင်မှာ
အဆင်ပြေလေမလားလို့  သာသနာ့ဘောင် ၀င်ရောက်လာသူ၊ လူ့ လောက၌ စားဝတ်နေရေး
အတွက် အများနည်းတူ ရှာဖွေလုပ်ကိုင်ရန် ပျင်းရိသူ ဖြစ်သည်။
၎။ တောင်ပျံ။ ။ လူ့ လောက၌ ရတာမလို၊ လိုတာမရ၍ အိမ်ထောင်မပြုဖြစ်ကာ နောင်ရေး
အတွက် စိတ်အေးပြီး အဆင်ပြေလေမလားလို့  သာသနာ့ဘောင် ၀င်ရောက်လာသူ ဖြစ်သည်။ ။
( ထားဝယ်ဆရာတော်တစ်ပါး ဟောကြားသည့် MP4 တရားတော်မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။ )
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment