ထင်ရှားသော အကုသိုလ် စေတနာများ
သူတစ်ပါးကို သတ်ဖို့ ကြံစည်သောအခါ၌ ဒေါသဇော
စိတ်စေတနာသည် လွန်စွာ ထင်ရှား၏။ သတ်ဖို့ရာ လွန်စွာဗျာပါရများနေ၏။ ကာမမူကို
ကြံစည်လိုသောအခါ၌လည်း လောဘဇော စေတနာ လွန်စွာ ဗျာပါရ များရလေ၏။ အတွင်းဇော
စေတနာက ဗျာပါရ များနေမူကြောင့်ပင် ပြင်ပ ကိုယ်ခန္ဓာကြီးလည်း ထကြွလူပ်ရှား၍
ဗျာပါရ များရလေသည်။
ဤသို့လျှင် ကိုယ်မူ၊ နူတ်မူ၊ စိတ်မူ
မကောင်းမူတစ်ခုခု အထင်အရှား ဖြစ်ရာ၌လည်း အတွင်းက ဆိုင်ရာ ကုသိုလ် အကုသိုလ်
စေတနာတွေ ဗျာပါရများနေပုံ၊ ရိုးရိုးအခါဖြစ်သော စိတ်ဇောများနှင့် မတူဘဲ
ထက်ထက်မြက်မြက် ရှိကြပုံကို သတိထား၍ စဉ်းစားလျှင် အကုသိုလ် ဇောစေတနာများ၏
ဖြစ်ပုံမှာ လွန်စွာထင်ရှားလေသည်။
ထင်ရှားသော ကုသိုလ်စေတနာများ
ထင်ရှားသော ကုသိုလ်စေတနာများ
လှူဒါန်း ပေးကမ်းနေရသောအခါ၊ ဥပုသ် သီလ
ဆောက်တည်နေရသောအခါ၊ လူကြီး သူမကို ပြုစုလုပ်ကျွေးနေရသောအခါ၊ တရားစကားကို
ပြောဆို ကြားနာနေရသောအခါ၊ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းနေရသောအခါ၊ မကောင်းမူ
အကုသိုလ်မှ ရှောင်ကြဉ်သောအခါ၌ ကုသိုလ်စေတနာတွေ လွန်စွာတက်တက်ကြွကြွ ရှိ၏။
ထိုကုသိုလ်များ အထမြောက်ဖို့ရာ လွန်စွာ ဗျာပါရ
အားကြီးလေ၏။ ထို ဇောစေတနာတွေက ဗျာပါရ များရခြင်းကြောင့် ကိုယ် လက်
နူတ်မူများလည်း အချို့ ကုသိုလ်ကိစ္စများ၌ လူပ်လူပ်ရှားရှား ဗျာပါရများလျက်
ရှိလေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment