“ဘာဝနာ”ဟူရာ၌ မြန်မာလို “တိုးပွားစေခြင်း၊ ထုံမွမ်းခြင်း”ဟု
အဓိပ္ပာယ်ရ၏။ မိမိ၏ စိတ်ကို မြင့်မြတ်ဖြူစင်အောင် အားထုတ်ရသော စိတ်အလုပ်
(မနောကံ) တစ်မျိုးတည်း။ ထို့ကြောင့် တွေ့ရာမြင်ရာ သတ္တ၀ါတို့အပေါ်၌
ကောင်းကျိုးချမ်းသာ မည်၏။ “မေတ္တာစိတ်ကို မိမိသန္တာန်၌ တိုးပွား၍ များလာစေခြင်း၊ မေတ္တာစိတ်တို့ မိမိသန္တာန်၌ ထုံမွမ်ခြင်း”ဟု
ဆိုလိုသည်။ ထိုမေတ္တာ ဘာဝနာကို အလေ့အလာပြုသူ၌ ထိုမေတ္တာဓာတ်တွေ
အလွန်များလေသည်။ တစ်ကိုယ်လုံးကို မေတ္တာဖြင့် ထုံမွမ်ထားသကဲ့သို့
ဖြစ်နေလေသည်။
ထိုသို့ မေတ္တာဓာတ်ခံ ရှိနေသူသည် ဆင်းရဲသူကို
မြင်ရပြန်လျှင် ထိုသူကို ဆင်းရဲဒုက္ခမှ ကယ်တင်လိုသော ကရုဏာ ဘာဝနာလည်း
အဆင်သင့် ဖြစ်လာတော့၏။ သတ္တ၀ါများ၏ ကောင်းကျိုးချမ်းသာတို့ကို လိုလားသော
မေတ္တာဓာတ်ခံရှိနေသောကြောင့် ကြွယ်ဝချမ်းသာသူကိုမြင်လျှင် ၀မ်းမြောက်သော
မုဒိတာ ဘာဝနာလည်း အဆင်သင့် ဖြစ်ပေးလာနိုင်ပေသည်။ ဤပြခဲ့သော ဘာဝနာ
၃-မျိုးကား စိတ်နေစိတ်ထား မြင့်မြတ်သူမှန်လျှင် တွေ့ရာ ကြုံရာ
သွားလာနေထိုင်ရင်းမှာပင် ဖြစ်နိုင်ပေသည်။
ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်းတို့တွင်
ဘုရားဂုဏ်တော်များကို အာရုံပြုသော ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီဖြန်းရာ၌
ဘုရားရှင်၏ ရှေးအကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ သတ္တ၀ါတို့အား
အကျိုးများပုံ ဤ ၃-ချက်ကို လေးလေးနက်နက် စဉ်းစား၍ အာရုံပြုရမည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment