Wednesday, November 5, 2014

ဘယ်တုန်းက တဏှာလဲ?

ဓမ္မစက္ကပ္ပ၀တ္တနသုတ္တန်စသည့် ထိုထိုဒေသနာတော်တို့၌ ပဓာနနည်းအားဖြင့် တ
ဏှာကို သမုဒယသစ္စာဟု ဟောကြားထားတော်မူခဲ့၏။ ဘ၀သစ်ကို မျှော်လင့်
တောင့်တသည့် တဏှာ အစိုဓာတ် အစေးဓာတ် ရှိသူတို့ကပြုစုပျိုးထောင်
လိုက်သော ကံကသာလျှင် ဘ၀သစ်ကို ထပ်မံဖြစ်ပေါ်စေနိုင်၏။ တဏှာ အစို

ဓာတ် အစေးဓာတ်ခန်းခြောက်နေသူ ရဟန္တာအရှင်မြတ်တို့အဖို့ အရဟတ္တမဂ်
အရဟတ္တဖိုလ်သို့ မဆိုက်ရောက်မီက ပြုစုပျိုးထောင်ခဲ့သော ထိုကုသိုလ်ကံ အ
ကုသိုလ်ကံမှန်သမျှတို့သည် ဘ၀သစ်ကို လိုလားတောင့်တသည့် တဏှာ အစို
ဓာတ် အစေးဓာတ်၏အားပေးထောက်ပံ့မှု အကူအညီကို မရရှိကြသည့်အတွက်
ဘ၀သစ်ဟူသည့် အကျိုးတရားကို ဖြစ်ပေါ်စေနိုင်သည့် စွမ်းအားကား မရှိကြ
တော့ပြီ ဖြစ်၏။ သို့အတွက် ပဓာနနည်းအားဖြင့် တဏှာကို သမုဒယသစ္စာဟု
ဟောကြားထားတော်မူခဲ့၏။ သို့သော် ဤအရာ၌ ဆန်းစစ်သင့်သော အချက်
တစ်ရပ်ကို ထပ်မံကာ တင်ပြလိုပေသည်။

တဏှာကို သမုဒယသစ္စာဟု ဘုရားရှင် ဟောကြားထားတော်မူသည်ကား မှန်
၏။ သို့သော် လက်ရှိ ဒုက္ခသစ္စာတရားစု၏ အကြောင်းရင်းစစ်ဖြစ်သော သမုဒယ
သစ္စာ အမည်ရသည့် တဏှာကား ဘယ်တုန်းက ဖြစ်ခဲ့သည့်တဏှာနည်းဟု စူး
စမ်းဆင်ခြင်သင့်၏။

“ရုပ်နာမ်နှစ်ပါးသည် ခန္ဓာငါးပါးတည်း၊ ထိုခန္ဓာငါးပါးသည် ဒုက္ခသစ္စာတည်း၊
ထိုဒုက္ခသစ္စာကို ဖြစ်စေတတ်သောရှေးရှေးဘ၀က ပြုစုပျိုးထောင်ခဲ့သော တဏှာ
သည် သမုဒယသစ္စာတည်း။”

ဤအထက်ပါ အဋ္ဌကထာကြီးများ၏ ဖွင့်ဆိုချက်နှင့်အညီ အတိတ်ဘ၀က ပြုစုပျိုး
ထောင်ခဲ့သော တဏှာသည်သာလျှင် ဤဘ၀ ဒုက္ခသစ္စာ၏ အကြောင်းရင်း ဖြစ်
၏၊ ဤဘ၀တွင် ပြုစုပျိုးထောင်လိုက်သော တဏှာကား ဤဘ၀ဒုက္ခသစ္စာ၏ အ
ကြောင်းရင်းကား မဟုတ်ပေ၊ အနာဂတ် ဒုက္ခသစ္စာ၏သာ အကြောင်းရင်း ဖြစ်ပေ
သည်။ တစ်နည်းဆိုရသော် အတိတ်ဘ၀က ပြုစုပျိုးထာင်ခဲ့သော အ၀ိဇ္ဇာ တဏှာ
ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အကြောင်းသမုဒယသစ္စာတရားက သာလျှင်
ဤဘ၀ ဒုက္ခသစ္စာ၏ အကြောင်းရင်း ဖြစ်ပေသည်။

ဤဘ၀တွင် ပြုစုပျိုးထောင်နေသော အ၀ိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူ
သော သမုဒယသစ္စာတရားစုကား နောင်အနာဂတ် ဒုက္ခသစ္စာ၏သာ အကြောင်း
တရားဖြစ်ပေသည်။ အကယ်၍ အတိတ်ဘ၀က ပြုစုပျိုးထောင်ခဲ့သော အ၀ိဇ္ဇာ တ
ဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားကို ဤ
ဘ၀ ဒုက္ခသစ္စာတရား၏ အကြောင်းရင်းအဖြစ် လက်မခံနိုင်ခဲ့ဘူး ဆိုပါကဤဘဝ
တွင် ပြုစုပျိုးထောင်နေသော အ၀ိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော
အကြောင်း သမုဒယသစ္စာတရားတို့က နောင်အနာဂတ် ဒုက္ခသစ္စာတရားကိုဖြစ်
စေနိုင်၏ ဟူသောအချက်ကိုလည်းစဉ်းစား ရတော့မည် ဖြစ်ပေသည်၊ ပါရမီ ကု
သိုလ်ကံများကိုလည်း ထူထောင်ဖို့ လိုမလိုကိုပါ ထပ်မံစဉ်းစား ရတော့မည် ဖြစ်
ပေသည်။

ဖားအောက်တောရဆရာတော်
(ကြာပန်းနှင့် ပမာတူသည့် ဘုရားရှင် မှ)

No comments:

Post a Comment