အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌
(သီတင်းသုံး) နေတော်မူ၏၊
ထိုအခါ နတ်သား တစ်ယောက်သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ)
အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက်၊ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်၊
တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော်၊
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤသို့မေးလျှောက်၏-
အရှင်ဘုရား -
♦ အဘယ်တရားသည် အိုသည်တိုင်အောင် ကောင်းပါသနည်း၊
♦ အဘယ်တရား သည် မိမိသန္တာန်၌ တည်ရှိသော် ကောင်းပါသနည်း၊
♦ အဘယ်တရားသည် လူတို့၏ ရတနာမည် ပါသနည်း၊
♦ အဘယ်တရားကို ခိုးသူတို့ မခိုးယူနိုင်သနည်း။
ထိုအခါ၊ ဘုရားရှင်က . .
♦ ကိုယ်ကျင့်သီလ သည် အိုသည်တိုင်အောင် ကောင်း၏၊
♦ ယုံကြည်မှု သဒ္ဓါတရားသည် မိမိသန္တာန်၌တည်လျှင် ကောင်း၏။
♦ ပညာသည် လူတို့၏ ရတနာဖြစ်၏၊
♦ ကုသိုလ်ကောင်းမှုကို ခိုးယူသူတို့ မခိုးယူနိုင်။
ဟု ဟောကြားတော်မူသတည်း။
(သဂါထာဝဂ္ဂသံယုတ်၊ဇရာဝဂ် - ဇရာသုတ်)
No comments:
Post a Comment