Saturday, December 27, 2014

တရားအသိရှိမှ၊ အသိတရားရှိမယ်။

        လူတွေကပြောကြတယ်။ စီးပွားဥစ္စာတွေ တိုးတက်လို့၊ ကျန်းမာလို့၊ ခေတ်အခြေအနေ
ကောင်းလို့၊  ဟိုသွား ဒီသွားနဲ့ ကြိုက်တဲ့နေရာကိုသွားပြီး ပျော်ပျော်ပါးပါး နေထိုင်ကြရလို့ရှိရင်
လူဖြစ်ကျိုးနပ်ပြီလို့ ပြောကြတယ်။ အာရုံငါးပါးကို မစွန့်နိုင်သူတွေဟာ မဂ်နဲ့ဝေးပြီး လူဖြစ်ကျိုး

လဲ မနပ်ဘူး။ သာသနာနဲ့ ကြုံတွေ့နေတယ်။ ဘုရားတရားတော်တွေ နာယူခွင့် ရနေတယ်။ အဲဒီ
အချိန်လေးမှာ ဟိုကိစ္စ ဒီကိစ္စ အကြောင်းပြပြီး တရားဓမ္မကို မလုပ်မိဘူးဆိုရင်၊ ဒီဘ၀ ဝေးတာ
ထက် နောင်ဘ၀မှာ ပိုဝေးသွားနိုင်မှာ။ နီးလာမယ်လို့ မအောက်မေ့လေနဲ့။ ဝေးသွားဖို့ပဲရှိတယ်။
         အခုလို ဥပုသ်နေ့မှာ လောဘ အာရုံ ကာမဂုဏ်တွေကို စွန့်ပြီးတော့ ကုသိုလ်ဖြစ်အောင်နေ
ကုသ်ုလ်ဖြစ်အောင်လုပ်၊ ဆရာကောင်းရှိရမယ်။ နည်းပေးလမ်းပြ ရှိရမယ်။ ဆရာသမားရဲ့ သြ၀ါဒ
ကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရမယ်။ ၀ီရိယမလျော့ဘဲ စံချိန်တင်အောင် တရားအားထုတ်နိုင်ရမယ်။
သက်သာမှုကို ကြိုက်ရင် လောဘပဲ၊ ပင်ပန်းဆင်းရဲမှာကို ကြောက်ရင် ဒေါသပဲ။ အင်အားပျော့
တဲ့ပုံစံကို ဖျောက်ပြီးတော့ ခွန်အားစိုက်ပါ။ ဘယ်လိုအကြောင်းနဲ့မှ တရားကို မလျော့စေနဲ့။ အယူ
မှန်မှ အမြင်မှန်မယ်။ အမြင်မှန်မှ အကြံကောင်းမယ်။
         ဒီခန္ဓာကြီးကို မတွယ်တာနဲ့။ ဒီခန္ဓာရဲ့ လိုအပ်ချက်တွေကို လိုက်ဖြည့်ပြီး သူ့အလို လိုက်
နေရသော်လည်း နှိပ်စက်ခံနေရတဲ့ ကိုယ့်ရဲ့ခန္ဓာကို မြင်အောင်ကြည့်။ ခန္ဓာကြီးဟာ အတွင်းအပြင်
ကံရှိန်မကုန်သေးလို့သာ နှိပ်စက်မှုတွေ မပြသေးပေမဲ့ ကံရှိန်ကုန်ခါနီးတော့ နှိပ်စက်မှုတွေ ပြတာ
ကို သည်းညည်းမခံနိုင်တော့ဘူး။ အကြိုက်မလိုက်တာကို မခံစားနိုင်တာဟာ ဆင်းရဲဒုက္ခပဲ။ ခန္ဓာ
မှန်ရင် ဒုက္ခသစ္စာမို့လို့ ဘယ်ခန္ဓာကိုမှ မတောင့်တနဲ့ ဒုက္ခကို မြင်အောင်ကြည့်၊ လောကရဲ့ ဧည့်
သည်အဖြစ် နေရခိုက်မှာ မိမိရဲ့ခန္ဓာကို ကောင်းစွာအသုံးချပြီး ကုသိုလ်များ ပွား၍ နေနိုင်ကြပါ
စေ။ တစ်ယောက်ကို တစ်ယောက် ဝေဖန်ပြစ်တင် ကဲ့ရဲ့ခြင်းမှလည်း ရှောင်ကြဉ်နိုင်ကြပါစေ။
သာသနာကြီးအတွက် စည်ပင်တိုးတက်အောင် သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။ သာသနာဆိုတာ
မိမိရဲ့သန္တန်မှာ ဘုရားအဆုံးအမ ကိန်းတာပါ။ ဘုရားအဆုံးအမကို ကိန်းအောင်ကျင့်ရမယ်။ ဘုရား
အဆုံးအမတွေဟာ အရှိအမှန် တရားတွေပဲ။ သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေဓမ္မာ အနတ္တာ။ တရား
အားလုံး ဖြစ်ပြီးပျက်နေတာပဲ။ သူတော်ကောင်းဆိုတာ ဘ၀နဲ့ ဓမ္မကို အမြဲတွဲနေရမယ်။ နေ့စဉ်
တရားကိန်းစေရမယ်။ ရွတ်ဖတ်ပူဇော်ခြင်း၊ ရှုမှတ်ပွားများခြင်း၊ နေ့စဉ် လုပ်ဆောင်ရမယ်။ သေရ
မယ့် ခန္ဓာကို ရင်းပြီးတော့ မသေမယ့် တရားကို ရှာနိုင်မှသာလျှင် သူတော်ကောင်း အစစ်တွေ
ဖြစ်လာနိုင်မယ်။
         တရားအသိရှိမှ အသိတရားရှိမယ်။ အသိတရားရှိတော့ တရားနဲ့လျော်အောင် နေတတ်
ထိုင်တတ် ပြုမူပြောဆိုတတ်တယ်။ တရားနဲ့လျော်အောင် ပြုမူနေထိုင် ပြောဆိုတတ်တော့ အပြစ်
ကင်းတယ်။ အပြစ်ကင်းတော့ ချမ်းသာတယ်။ တရားကိန်းနေသူဟာ သာသနာနဲ့ တွေ့နေသူပဲ။
တရားကျင့်ကြံ အားထုတ်နေသူဟာ သာသနာတွင်းသားပဲ။ ကိုယ့်ကိုယ်ကို ဦးစားပေးပြီး ပြုပြင်
နေထိုင်ခြင်းဖြင့် အမျိုးဘာသာ သာသနာကို သယ်ပိုးဆောင်ရွက် နိုင်ကြပါစေ။
{ ၂၅.၁၂.၂၀၀၈ နေ့၊ မတ္တရာမြို့၌ အရှင်နန္ဒာမာလာဘိဝံသ ဟောကြားတော်မူသော လူဖြစ်ကျိုး
    နပ်ပါစေ တရားတော်နှင့် ၂၁.၇.၂၀၀၉ နေ့၊ မင်္ဂလာတိုက်(မှော်ဘီ)၌ ဆရာတော်ဥူးသုမင်္ဂလ 
      ဟောကြားတော်မူသောရွှေသြ၀ါဒ အနှစ်ချုပ်တရားမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment