Wednesday, December 24, 2014

စွဲလန်းပြိတ္တာ၊ လူ့ရပ်ရွာ။

        ဇနီးမယား၊ သားသမီး၊ အိမ်၊ မြေ၊ စိန်၊ ရွှေ၊ ငွေစတဲ့ လောကီရတနာ ပစ္စည်းတွေကို 
စွဲလန်းပြီး ဘ၀ကူးခဲ့မယ်ဆိုရင် ပြိတ္တာ၊ ဥစ္စာစောင့်ဖြစ်ဖို့ သေချာသလောက်ပါပဲ။ ဒီလို အခြေ
ရောက်သွားကြတဲ့ ဖြစ်ရပ်တွေကို ကိုယ်တိုင်ကြုံဖူး ကြားဖူးသူတွေ အများကြီးပါ။ လောကုတ္တ
ရာရတနာကတော့ ဒီလို မဟုတ်ပါဘူး။ ကွယ်လွန်ခါနီးမှာ သတိမရမှာစိုးလို့ သတိပေး၊ ရွတ်

ဖတ်ပေး၊ ဟောပြောပေးကြရပါတယ်။ လောကုတ္တရာရတနာကို သတိတရနှင့် ဘ၀ကူးခဲ့ရင်
ကောင်းရာသုဂတိလို့ခေါ်တဲ့ လူ့ဘုံ နတ်လောကကို ရောက်ဖို့ သေချာပါတယ်။ ဒီလို ရောက်
သွားကြတဲ့ အထောက်အထားတွေ ကျမ်းဂန်မှာ အများအပြား တွေ့နိုင်ပါတယ်။ ။
{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာ
ရေးအနှစ်သာရများ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment