Sunday, December 21, 2014

လက်​​ချောင်း​လေး​တွေညီပါ​စေ။

က​လေးဘဝကမြန်​မာဖတ်​စာထဲမှာ​ဒေါက်​တို၊ရန်​လုံ၊သူထက်​ကဲ၊​ရွှေပြည်​စိုး၊ညီပု​လေးဆိုပြီးလက်​​ချောင်း​လေးများရဲ့အ​ကြောင်းကိုသင်​ခဲ့ဘူးပါတယ်​။
အဲဒီတုန်းက​တော့ဘာရယ်​လို့မသိပါဘူး။
ဆရာတွေသင်လို့သမားရိုးကျသိခဲ့ရတာပါ၊အခု​တော့အဲဒီလက်​ငါး​ချောင်းအ​ကြောင်းကို​တွေး​နေမိပြန်​တယ်​။
က​လေး​တွေကိုစာသင်​တဲ့အခါက​လေးကဗျာ​လေး​တွေနဲ့သင်​ခဲ့တယ်။ ဥပမာ၊၁၂၃၄၅ညီ​​နောင်​ငါးဦး​ပေါင်း​တော့ငါး
ပုပုရွရွကိုလက်​မ စွမ်းအားရှိတယ်​ဗျ။
ပိန်​ပိန်​ရှည်​ရှည်​လက်​ညှိုး​ရေ၊
သူလည်းစွမ်းနိုင်​​ပေ။လက်​ခါးလယ်​ကဗိုလ်​မကျ၊အကိုကြီးလိုပါ့။

လက်​သူကြွယ်​ကမ​မောက်​နဲ့ကွာ၊
သူလည်းသူ့​နေရာ။လက်​သန်းညီ​ထွေးထင်​မ​သေး၊သူလည်းစွမ်းနိုင်​​သေး။ ဆိုတဲ့ကဗျာ​လေး​ပေါ့။အဲဒီကဗျာ​လေးနှင့်​အတူလက်​ငါး​ချောင်းမှာသူ့အစွမ်းအစနှင့်​သူ သူ့အရည်​အချင်းနှင့်​သူရှိ​နေတဲ့အ​ကြောင်း၊ဘယ်​သူ့ကိုမျှအထင်​မ​သေးဖို့အ​ကြောင်း၊လက်​ငါး​ချောင်းလိုစည်းလုံး ညီညွတ်​ဖို့ရှိတဲ့အ​ကြောင်း​တွေသင်​​ပေးခဲ့ဘူးပါတယ်​။
ဒီ​နေ့ကျုပ်​တို့လက်​​ချောင်း​လေး​တွေဘာဖြစ်​​နေကြသလဲ။
လက်​မကလည်းလက်​မကြီး​ထောင်​ပြီးငါမှငါဖြစ်​​နေကြတယ်​။  
လက်​ညှိုးကလည်းသူတစ်​ပါးကိုလက်​ညှိုး​ငေါက်​​ငေါက်​ထိုးပြီးအပြစ်​​ပြော​နေတယ်​။ လက်​ခါးလယ်​ကလည်း ငါကအကြီးဆုံး၊ငါကအသာဆုံး၊ငါ့မှာအာဏာရှိတယ်​၊ရာထူးရှိတယ်​၊
ဘယ်​သူ့မှဂရုမစိုက်​ဘူးဖြစ်​​နေတယ်​။ လက်​သန်းကြွယ်​ကြပြန်​​တော့လည်း​ရွှေဝတ်​နိုင်​တယ်​ဆိုပြီးမာန​ထောင်​။ငါ့မှာ
ှ​ငွေရှိတယ်​ဆိုပြီးအရာရာကို​ငွေနှင့်​​ပေါက်​။ဟောအငယ်​ဆုံးလက်​သန်း​လေးကြည့်ပါဦး။ငယ်​သာငယ်​တယ်​အစွယ်​​လေးနှင့်​ဗျ။သူ့ကိုနားလည်​တဲ့ သူကဆရာလုပ်​ရင်​မကြိုက်​ဘူး၊ ငါ့ဆရာလာမလုပ်​နဲ့မင်းတို့ထက်​နားလည်​တယ်​။လက်​ငါး​ချောင်းကမာနခဲ​တွေချည်းပါပဲ။မတည့်​​ပေမယ့်​အတူ​နေကြတယ်​​လေ။လက်​ဆိုတာအလုပ်​လုပ်​နိုင်​ဖို့အတွက်​ဖွဲ့စည်းထားတာပါ။ အစာစားနိုင်​ဖို့အဓိကမဟုတ်​ဘူး။
အခု​တော့စားရတဲ့အခါမှညီ​ပေမယ့်​၊မစားရတဲ့အခါမညီ​တော့ဘူး၊စားပြီးရင်​မညီ​တော့ဘူး၊တိုတာတိုရှည်​တာရှည်​နှင့်​​ထောင်​​ထောင်​​ထောင်​​ထောင်​နှင့်​ပါပဲ။ တွဲလက်​​တွေညီဖို့လိုတယ်​၊
လက်​ငါး​ချောင်းဟာအ​မေတစ်​​ယောက်​တည်းက​မွေးဖွားလာတာပါ။နှမ်းတစ်​​စေ့တည်းနှင့်ဆီမဖြစ်​သလိုလက်​တစ်​​ချောင်းတည်းနှင့်​လည်းအလုပ်​မဖြစ်​နိုင်​ပါဘူး။လက်​မ​လေးတစ်​​ချောင်းတည်းနှင့်​ဓားကိုင်​လို့မရသလိုလက်​ညှိုးတစ်​​ချောင်း
ုတည်းနှင့်​လည်းဓားကိုင်​လို့မရနိုင်​ပါဘူး။ အရာအားလုံးမှာလက်​​လေးတစ်​​ချောင်း တည်းနှင့်​ဘာမှလုပ်​လို့မရဘူး ဆိုတာ သိကြရက်​သားနှင့်​ဘာ​ကြောင့်​များမာန​တွေ​ထောင်​လွှား​နေကြတာလဲ။အတ္တ​တွေကြီး​နေကြတာလဲ။ကမ္ဘာမှာဘာ​တွေဖြစ်​​နေကြသလဲ။မြန်​မာနိုင်​ငံမှာ​ရောဘာ​တွေဖြစ်​​နေကြသလဲ။အတ္တစစ်​ပွဲကြီး​တွေဆင်​နွှဲ​နေကြတယ်​။မာနချင်း တိုက်​ခိုက်​​နေကြတယ်​။နိုင်​ငံ​ရေး​လောကမှာလည်းပါတီချင်းအတ္တပြိုင်​ကြသလိုဘာသာ​ရေး​လောကမှာလည်း မာနချင်းယှဉ်​ပြိုင်​​နေကြတယ်​​လေ။
ပညာ​ရေး​လောကကိုကြည့်​ပြန်​​တော့လည်းအကွဲအပြဲ။အိမ်​​ထောင်​​ရေး​လောကကိုကြည့်​ဦး၊အဆင်​မ​ပြေကြတာများ​နေတယ်​။အဆိုးဆုံးက​တော့ဗုဒ္ဓဘာသာလို့ခံယူထားတဲ့မြန်​မာ လူမျိုး​တွေပါပဲ။တစ်​​ယောက်​တည်း​နေရင်​အိပ်​တယ်​။နှစ်​​ယောက်​တွဲမိရင်​အတင်း​ပြောတယ်​။သုံး​ယောက်​​ပေါင်းမိရင်​ရန်​ဖြစ်​တယ်​။ကမ္ဘာမှာဗုဒ္ဓဘာသာ​နောက်​ဆုပ်​သွားခြင်းရဲ့အ​ကြောင်းတရားခံက
စည်းလုံးညီညွတ်​မှုမရှိကြလို့ပါပဲ။

စည်းလုံးခြင်းသည်​အင်​အား။
ညီညွတ်​ခြင်းသည်​အင်​အား​လေ။
အခု​တော့နွားကွဲလို့ကျားဆွဲခံ​နေကြရပြီ။ကျားရဲ့အပြစ်​မဟုတ်​ပါဘူး။ နွားရဲ့အပြစ်​ပါ။ဘာပဲ​ဖြစ်​ဖြစ်​စည်းလုံး ညီညွတ်​ဖို့လိုပါတယ်​။စည်းလုံးညီညွတ်​​နေလျုင်အမျိုးဘာသာသာသနာအကျိုးကို​ဆောင်​ရွက်​နိုင်​စွမ်းရှိပါလိမ့်​မယ်​။
စည်းလုံးညီညာ​အောင်​​ကြောင်းဖြာတဲ့​လေ။မိသားစုတစ်​ခုမှာစီးပွား​ရေးအဆင်​​ပြေဖို့အတွက်​အ​ဖေတစ်​​ယောက်​တည်း နှင့်​မလုံ​လောက်​သလို၊ထမင်းချက်​တာ
အ​မေ့တာဝန်​ပဲဆိုပြီးပုံအပ်​လို့လည်း မရပါဘူး။အရာရာမှာတာဝန်​မဲ့၊​ကြောင့်​ကြမဲ့မ​နေသင့်​​တော့ပါဘူး။
မြင်းမူမြို့၊ထီး​ဆောင်းဆရာ​တော်​ဦးစက္ကပါလရဲ့ကဗျာ​လေးအားလုံးသိပြီးသားပါ။
ငါမပါ၊ဘယ်​ဟာမပြီး။ငါ့ချည်း​တော့လည်း ဘယ်​ဟာမှမပြီး။မင်းမပါ၊ဘယ်​ဟာမပြီး။မင်းချည်း​တော့လည်း၊
ဘယ်​ဟာမှမပြီး။သူမပါ၊ဘယ်​ဟာမပြီး။ သူ့ချည်း​တော့လည်းဘယ်​ဟာမှမပြီး။
မင်းသူငါ၊လူတကာပြည့်​စုံမှ။ အလုံးစုံအကုန်​ပြီး၊​ပေါင်းကြစုစည်း။ ဆိုတဲ့အတိုင်းလက်​မ​လေးကလည်း
မ​ထောင်​ကြပါနှင့်​၊လက်​ညှိုး​လေးကလည်း သူတစ်​ပါးကိုအပြစ်​မ​ပြောပါနှင့်​။
လက်​ခါးလယ်​ကလည်းငါဟာ လူကြီးပဲ ဆိုပြီးဗိုလ်​မကျသင့်​သလို၊လက်​သန်း ကြွယ်​ကလည်းငါ့မှာ​ငွေရှိတယ်​ဆိုပြီး
မ​မောက်​မာသင့်​ပါဘူး။လက်​သန်း​လေးကလည်းငါနှင့်​မဆိုင်​ဘူး၊ငါကငယ်​​သေးတယ်​၊ငါ့ကိုဆရာလာမလုပ်​နဲ့၊
မင်းတို့ထက်​ငယ်​​ပေမယ့်​မင်းတို့ထက်​လည်​တယ်​။မင်းတို့ကသာအ​ကောင်​ကြီးပြီးအချိန်​မစီးဘူးလို့ဘုမ​တောကြ ပါနှင့်​။
လက်​မကလည်းကာယဗလစွမ်းအားနှင့်​အမျိုးဘာသာသာသနာအကျိုးကို​ဆောင်​ရွက်​ပါ။လက်​ညှိုးကလည်းညာဏစွမ်း အားနှင့်​ကိုယ်​လူမျိုးအမြင်​ကျယ်​​အောင်​ဖန်​တီးပါ။လက်​ခါးလယ်​ကလည်း လူကြီးပီပီသိက္ခာရှိရှိနှင့်​ကိုယ့်​လူမျိုး စာရိတ္တဗလထွန်းကား​​အောင်​၊စီးပွား​ရေး၊ နိုင်​ငံ​ရေး၊ဘာသာ​ရေးဖွံ့ဖြိုး​အောင်​စွမ်း​ဆောင်​ပါ။လက်​သန်းကြွယ်​ကလည်း​မောက်​မာမည့်​အစားကိုယ့်​မှာရှိတဲ့​ငွေ​ကြေးများစွာကို​လောကအတွက်​၊သာသနာအတွက်​၊တိုင်းပြည်​နှင့်​လူမျိုးအတွက်​လိုအပ်​​နေ​သောကွက်​လပ်​များကိုဖြည့်​ဆည်း​ပေးပါ။လက်​သန်းက လည်းငါကက​လေးပဲငါနှင့်​မဆိုင်​ဘူးဆိုပြီး မာနကြီး​နေမည့်​အစားစိတ်​​ကောင်း​မွေးပြီးမိတ်​​ကောင်း​ဆွေ​ကောင်းတိုးပွား​အောင်​၊လူသားချင်းစည်းလုံးညီညွတ်​​အောင်​၊ဘာသာအချင်းချင်းရင်းနီးချစ်​ကျွမ်းဝင်​လာ​အောင်​စွမ်း​ဆောင်​​ပေးကြပါ။မင်းသူငါ၊ညီညာမှပြည်​သာမယ်​​နော်​။ဒို့လက်​​ချောင်း​တွေညီ​စေ​နော်​၊
ညီ​စေ။။။။

                               ဝီရ (ခ​ပေါင်း)









www.damanady.tk

No comments:

Post a Comment