ဗုဒ္ဓရဲ့ စွယ်တော်မြတ်လေးဆူတို့သည် သုတ်မဟာဝါပါဋ္ဌိတော် ပရိနိဗ္ဗာနသုတ် အဆုံးမှာ -
“ဧကာ ဟိ ဒါဌာ တိဒိဝေဟိ ပူဇိတာ၊ ဧကာ ပန ဂန္ဓာရပုရေ မဟီယတိ။
ကလိင်္ဂရညော ဝိဇိတေ ပုနေကံ၊ ဧကံ ပန နာဂရာဇာ မဟေတိ” လို့ ဆိုတဲ့အတိုင်း
၁။ တာဝတိံသာ စူဋ္ဌာမဏိ စေတီထဲ၌ တစ်ဆူ၊
၂။ နဂိုက ဂန္ဓာရတိုင်းခေါ် အခု အာဖဂန်နစ္စတန် တောင်ပိုင်း၌ တစ်ဆူ၊
(အဲဒါကို တချို့က တရုပ်ဘုန်းကြီးတွေ ယူသွား၏ – ဟု ဆို၏။)
၃။ နဂိုက မြန်မာပြည် အနောက်ဘက် ကလိင်္ဂတိုင်း-ဆိုတာ ရှိတယ်။ အဲဒီတိုင်းပြည်ပျက်တဲ့အခါ ဟေမမာလာမင်းသမီးနှင့် မင်းသားတို့သည် ထီးနန်းစည်းစိမ်ကို စွန့်ပြီး စွယ်တော်ကို ယူကာ မြန်မာပြည်ထဲ ဝင်လာပြီး သီဟိုဠ်ဘက်ကို သွားကာ ရှေးက သီဟိုဠ် ယနေ့ သီရိလင်္ကာနိုင်ငံ ကန္နီမြို့ စွယ်တော်တိုက်ထဲတွင် ပူဇော်ထား၏။
၎။ ဘောဂဝတီ နဂါးပြည် ဘုရားထဲတွင် စွယ်တော်တစ်ဆူ – ကို ပူဇော်ထား၏။
http://dhammapannkhinn.blogspot.com မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment