Tuesday, January 20, 2015

တရားအားမထုတ်မီ ပြုလုပ်ရမည့် မိုးကုတ်ဆရာတော်ကြီး၏ မှာစကား။

         မိုးကုတ်ဆရာတော်ဘုရားကြီးက တရားအားအထုတ်မီ ဒိဌိအယူကို အသိဉာဏ်ဖြင့်
ဦးစွာခွာပါဦး။ ဒိဌိတန်းလန်းဖြင့် အားထုတ်နေလို့ကတော့ ဘယ်နည်းနဲ့မျှ မဂ် မရနိုင်ပါဘူးဟု
ခဏ ခဏ မိန့်တော်မူပါသည်။ ရုပ်နာမ် မကွဲလျှင်၊ ပညတ် ပရမတ် မစင်လျှင် ဒိဌိဝင်တတ်ပါ
သည်။ မိုးကုတ်ဆရာတော်ဘုရားကြီးက =
၁။ ဒါနကို နောက်ထားပါဦး။

၂။ သီလကို နောက်ထားပါဦး။
၃။ သမထကို နောက်ထားပါဦး။
၎။ ၀ိပဿနာကိုလည်း နောက်ထားပါဦး။
သူတို့ထက်အရင် ဒိဌိခွါမှု ဒိဌိဖြုတ်မှုကို ရှေ့ထားပါဟု မိန့်တော်မူပါသည်။ ။
 { ဦးစောလှထွန်း၏ စူဠသောတာပန်မှ မဟာသောတာပန်သို့ မှ ထုတ်နုတ်ရေးသားပူဇော်
    ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment