ပြန်တွေးကြည့်တော့ အားလုံးကို ကွက်ကွက်ကွင်းကွင်း
မြင်တယ်။ ဘာမှမဖြစ်လောက်တဲ့ ကိစ္စလေးတွေနဲ့ 
တစ်ယောက်နဲ့  တစ်ယောက် စွပ်စွဲခဲ့တယ်၊
မုန်းခဲ့တယ်၊ ရန်ဖြစ်ခဲ့တယ်၊ မခေါ်နိုင်မပြောနိုင်
အကြီးအကျယ် စိတ်ဆင်းရဲခဲ့တယ်။
လူအများအထင်ကြီးအောင်၊ ဂုဏ်ရှိအောင်ဆိုပြီးတော့
ဘ၀ရဲ့ အင်မတန် တန်ဖိုးရှိတဲ့အချိန် တော်တော်များများ
နှစ်ပေါင်းများစွာကို ပေးခဲ့တယ်။ လူများအထင်ကြီးမယ့်
အလုပ်မျိုးလုပ်ခဲ့တယ်။ စားဝတ်နေရေးနဲ့ ပက်သက်ပြီးတော့လည်း
ကောင်းကောင်းစားရဖို့ ၊ ကောင်းကောင်းနေရဖို့ ၊
ကောင်းကောင်းဝတ်ရဖို့  လုပ်ခဲ့တယ်။
စားဝတ်နေရေးဟာ အခြေခံအနေနဲ့  လိုအပ်တာအမှန်ပဲ။
ဒါပေမယ့် ဘ၀မှာ ဒါတွေဟာ အရေးကြီးဆုံးအလုပ်တွေပဲလား။
သေခါနီးကျမှ စဉ်းစားမိတယ် – “ငါ့ဘ၀ဟာ
တကယ်တော့ သူများအတွက် နေခဲ့တာပါ” ။
လူတွေကတော့ ကိုယ့်ဘ၀ကို ကိုယ့်အတွက် ကိုယ်နေတယ်လို့ 
ထင်ကြတယ်။ အတ္တစွဲကြီးကြီးနဲ့  ဒီလိုပဲ တွေးကြမှာပါပဲ။
ဘယ်လောက်ပဲ အတ္တစွဲကြီးကြီးနဲ့ တွေးတွေး
လူတွေဟာ ကိုယ့်ဘ၀ကို ကိုယ့်အတွက်ကိုယ်နေတာ မဟုတ်ပါဘူး။
သူများအတွက် နေပေးနေတာပါ။ ဆိုလိုတဲ့ အဓိပ္ပါယ်က
သူများအထင်ကြီးအောင် နေကြတာပါ။ သူများ ကျေနပ်အောင်
နေကြတာပါ။ ကိုယ်ကိုယ်တိုင် သေခါနီးမှာ ပြန်စဉ်းစားတဲ့
အခါမှာမှ အဲဒါကို ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း
မြင်လာတယ်။
ကျောင်းတွေနေခဲ့တယ်၊ တက္ကသိုလ်တွေနေခဲ့တယ်။
ဒါပေမယ့် ဒါဟာ စားဝတ်နေရေးအတွက် အထောက်အပံ့ဖြစ်မယ့်
အလုပ်အကိုင်တစ်ခု ရအောင် ပညာသင်ခဲ့တာပဲ။
အဲဒါဟာ အလေးနက်ဆုံးအသိဥာဏ်မဟုတ်သေး
ဘူး။
သိပ္ပံပညာရပ်တွေ၊ နည်းပညာဆိုင်ရာ ပညာ၊ စာရင်းအင်းပညာ
စတာတွေဟာ အသိဥာဏ်မဟုတ်ဘူး။
အလေးနက်ဆုံးအသိဥာဏ်က ဘ၀နဲ့ ပက်သက်နဲ့ အသိဥာဏ်ပဲ။
အဲဒီဘ၀နဲ့ ပက်သက်တဲ့ အသိဥာဏ်ရဖို့ ကိုတော့
သိပ်အချိန်မပေးနိုင်ကြဘူး။ ဒီလိုပဲနေသွားရင် သေခါနီးတဲ့အခါမှာ
ငါ တစ်သက်လုံး အပေါ်ယံလေး ရှပ်ပြီးနေသွားတာပဲဆိုပြီး
ယူကျုံးမရဖြစ်ရလိမ့်မယ်။ အကယ်၍များ ငါမသေရင်
ငါ တကယ်တန်ဖိုးအရှိဆုံး အလုပ်ကိုလုပ်မယ်လို့  တွေးမိတတ်တယ်။
ဆရာတော် ဦးဇောတိက
(သတိဆိုတဲ့ နေအိမ် မှ)
No comments:
Post a Comment