ခွင့်လွှတ်သည်းခံတတ်တဲ့ လုပ်ရပ်ဟာ ကောင်းမှန်း၊ မြင့်မြတ်မှန်း သိပေမယ့်
ဒေါသထွက်အောင် ပြောဆိုပြုမူတဲ့အခါ အလွယ်တကူ သည်းခံနိုင်ဖို့ဆိုတာ
လူတိုင်းအတွက် ခက်ခဲနေမှာပါ။ ကိုယ်မှားမှန်းသိပေမယ့် ကိုယ့်အမှားကို
ဝန်ချတောင်းပန်တတ်ဖို့ မလွယ်ကူသလိုပါပဲ၊ ဒါပေမယ့်
သည်းခံခွင့်လွှတ်တတ်ခြင်းနဲ့ အမှားကို တောင်းပန်တတ်ခြင်း တွေဟာ မင်္ဂလာရှိတဲ့
လုပ်ရပ်တွေပါ။ ဒါကြောင့်တစ်စုံတစ်ယောက်ကြောင့် စိတ်ဆိုးမိရတဲ့အခါ
စိတ်ထားတတ်အောင် လုပ်ဆောင်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို
ဝေမျှလိုက်ပါတယ်…
…စိတ်ကို တည်ငြိမ်အောင်ထားပါ…
…ဒေါသကို လျော့ချနိုင်ဖို့ ရိုးစင်းလွယ်ကူတဲ့ နည်းလမ်းကို ကျင့်သုံးပါ။
ထိုနည်းတွေကတော့ အသက်ပြင်းပြင်း ရှူသွင်း၊ ရှုထုတ်ပြီး သင့်ကို
ကြည်နူးစေတဲ့အရာကို တွေးတောခြင်း ဒါမှမဟုတ် လှပတဲ့ရှုခင်းကို ကြည့်ခြင်း၊
ဒါမှမဟုတ် သင်ချစ်တဲ့သူကို ကြည့်ခြင်းတွေပဲဖြစ်ပါတယ်။
…တောင်းပန်သည့်အထိ မစောင့်ပါနှင့်…
…သင့်ကို နာကျင်အောင်လုပ်တဲ့ လူတိုင်းမှာတော့ တောင်းပန်ချင်တဲ့စိတ်ရှိလိမ
့်မယ်လို့ မျှော်လင့်မထားပါနဲ့။ သူတို့မှာ အစကတည်းက သင့်ကို
နာကျင်စေချင်တဲ့ ရည်ရွယ်ချက်ရှိနေနိုင်တာကြောင့်ပါ။ ဒါပေမယ့်
သူတို့ဖြစ်စေချင်တဲ့အတိုင်း မဖြစ်စေရဘူးဆိုပြီး သင့်စိတ်ကို
အေးချမ်းတည်ငြိမ်အောင် ထားလိုက်ပါ။ ဒါက သူတို့ကို ပြေလည်အောင် ပြန်ဆက်ဆံ
ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ကို လစ်လျူရှုပစ်လိုက်ဖို့ကို
ဆိုလိုတာပါ။…တခြားသူများ၏ အမြင်ကို ဂရုစိုက်ပါ…
…သင့်ကို နာကျင်နစ်နာအောင် လုပ်သူကြောင့် သင့်ကိုသင် ယုံကြည်မှု၊
သင့်ဘ၀ရပ်တည်မှုနဲ့ သင့်စိတ်ဓါတ် ယိမ်းယိုင် ထိပါးသွားတယ်ဆိုရင် သင့်ကို
တန်ဖိုးထား ယုံကြည်သူတွေ အများကြီးကို လှည့်ကြည့်လိုက်ပါ။
…ခွင့်လွှတ်ခြင်း၏ အကျိုးကျေးဇူးကို နားလည်ပါ…
…ခွင့်လွှတ်တတ်တာဟာ စွမ်းအင်ပိုရှိစေပြီး အစာချေဖျက်အားကောင်းကာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေကြောင်း သုတေသနတွေက လေ့လာဖော်ပြပြီးပါပြီ။
ဒါကြောင့် ခွင့်လွှတ်ခြင်းရဲ့ အကျိုးကျေးဇူးကို အရယူပါ။
…သင့်ကိုယ်သင် ခွင့်လွှတ်ပါ…
…ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ဖို့ စိန်ခေါ်မှုကြီးတစ်ရပ်လို
ဖြစ်နေသူတွေ လောကမှာ အများကြီးရှိပါတယ်။ လူတိုင်း အမှားနဲ့
မကင်းနိုင်ပါဘူး။ ကိုယ့်အမှားကို သိပြီး အမှန်ကို ပြင်နိုင်တာကသာ
လူတော်လူကောင်းတွေရဲ့ လုပ်ရပ်ဖြစ် တာကြောင့် ကိုယ့်ကိုယ်ကိုယ်
ခွင့်လွှတ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို
တည်ဆောက်ယူသင့်ပါတယ်။
…လူတိုင်း ခွင့်လွှတ်သည်းခံတတ်ပြီး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ…
…ဇွန်ခိုင်ဦး (ဆေးဝါးကျွမ်းကျင်မှုတက္ကသိုလ်)၏ ကျန်းမာရေးဆောင်းပါးကို လက်ဆင့်ကမ်း မျှဝေပေးပါသည်။
No comments:
Post a Comment