Monday, January 19, 2015

ငါ့မှာ ရန်သူမရှိပါဘူး


I have no enemy.
I make carelessness my enemy.ငါ့မှာ ရန်သူမရှိပါဘူး။
ငါဟာ သတိမပါ၊ ဥာဏ်မပါ ပေါ့ပေါ့တန်တန်
ဖြစ်သလို နေတတ် လုပ်တတ်တာကိုပဲ
ငါ့ရန်သူလို့  သဘောထားပါတယ်။
ဘ၀ရဲ့ အရည်အသွေးကိုကောင်းစေတာ အသိဥာဏ်ပဲ။

ဘ၀ရဲ့ အရည်အသွေးကို ပျက်စီးသွားစေတာ
အသိဥာဏ်မရှိခြင်းဘဲ။ အသိဥာဏ်ဖြစ်ဖို့ ဆိုတာ
သတိရှိမှ ဖြစ်မယ်။ သတိမပါ ဥာဏ်မပါ
ပေါ့ပေါ့တန်တန် လုပ်ပြီဆိုရင် ဘာမှမရနိုင်တော့ဘူး။
ဘ၀ရဲ့ အရည်အသွေးတစ်ခုလုံး ကျသွားသည်အထိ
ဖြစ်နိုင်တယ်။
လူတိုင်းရဲ့ အတွင်းမှာ အရည်အချင်းကောင်းတွေဟာ
မျိုးစေ့အနေနဲ့ ရှိပြီးသားပါ။ သူ့ ကို ကြီးထွားအောင်၊
အကောင်အထည်ပေါ်အောင် ပြုစုပျိုးထောင်ပေးဖို့ လိုတာပါ။
ဘုန်းကြီးကိုယ်တိုင်လည်း ငယ်ရာက ကြီးလာတာပါပဲ။
ငယ်ငယ်တုန်းက ကိုယ်ကိုယ်တိုင်လည်း ရည်မှန်းချက်တွေ
အများကြီးထားခဲ့တယ်။ ဖြစ်တာတွေလည်းရှိတယ်၊
မဖြစ်တာတွေလည်း ရှိတယ်။ ကိုယ်ကိုယ်တိုင် ရည်မှန်းချက်
မြင့်မြင့်မားမားထားခဲ့လို့  အခုဖြစ်သလာက်တော့ ဖြစ်လာတယ်။
လိုတိုင်းကိုလည်း ရည်မှန်းချက် မြင့်မြင့်မားမားထားပြီး
လက်ရှိအခြေအနေမှာ ဖြစ်နိုင်တာကို လုပ်ပြီးတော့
ကြီးပွားအောင်မြင်စေချင်တယ်။ မဖြစ်တာတွေအတွက်
ထိုင်ပြီးတော့ စိတ်ညစ်စိတ်ပျက်မနေစေချင်ဘူး။
မဖြစ်တာတွေကို ထားလိုက်ပါ။ အခြေအနေအရ
လုပ်လို့ မဖြစ်တာတွေ အများကြီးရှိပါတယ်။
သို့ သော် လုပ်လို့ ဖြစ်နေတာကို ရှာပြီး၊ ကြိုးစားပြီး
လုပ်မယ်ဆိုရင် လုပ်စရာတွေ အများကြီးပါ။
အချိန်ဖြုန်းဖို့ ဆိုတာ မရှိတော့ဘူး၊ အချိန်ဖြုန်းစရာ
အကြောင်းလည်း လုံးဝမရှိတော့ဘူး။
အခုကြည့်ရတာ အချိန်တွေ ပိုနေကြသလိုပဲ။ ဘာမှလုပ်စရာ
မရှိတော့သလို ဖြစ်နေကြတယ်။
နှမြောစရာကောင်းလိုက်တာနော်။
အတိုင်းအဆမရှိတဲ့ လူ့ အရည်အချင်းတွေ ထွက်ခွင့်မရတော့ဘူး။
ဒီလို ပေါ့ပေါ့တန်တန် အချိန်ဖြုန်းနေတာ ဘယ်လောက်
ကြောက်စရာကောင်းတယ်ဆိုတာကို နားလည်ဖို့ 
သိပ်အရေးကြီးပါတယ်။
ဆရာတော် ဦးဇောတိက
(သတိဆိုတဲ့ နေအိမ် မှ)

No comments:

Post a Comment