အချို့သူတွေဟာ သေအောင်သတ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဏ်ရာရအောင်၊
ကိုယ်လက်အင်္ဂါချို့ယွင်းအောင်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် ညှင်းပန်းနှိပ်စက်တတ်ကြပါတယ်။ ဗိုလ်ကျတတ်ကြပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေသေရင် ငရဲရောက်ရတတ်ပါတယ်။ တကယ်လို့ အခြားကံ တစ်ခုခုကြောင့် လူ့ပြည်ကို ရောက်လာရင်လည်း လူ့ဘ၀မှာ ဆေးရုံ၊ ဆေးခန်း၊ ဆေး
ဆရာတွေနှင့် မကင်းနိုင်လောက်အောင် ရောဂါထူပြော တတ်ပါတယ်။ ရောဂါ တစ်ခုပြီးတစ်ခု
လှည့်ပတ်ဖြစ်နေတတ်ပါတယ်။ သူတစ်ပါးကို ညှင်းပန်းနှိပ်စက်ခြင်းဟာ အနာရောဂါထူပြောဖို့
ကံအကြောင်းတရား ဖြစ်ပါတယ်။
{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး
အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment