တစ်နေ့ကျောင်းပေါ်သို့ ဒကာတစ်ယောက် မြည်တွန်တောက်တည်းကာတက်လာ၏ ။
ရဟန်းတစ်ပါးအား ပြုမူနေထိုင်သည်ကိုတွေ့ကာ အမြင်မတော်ဟု ထင်ကာပြောဆိုနေခြင်း
ဖြစ်သည် ။ ထို့နောက်ဆရာတော်အား ဦးချကာ ထိုတွေ့မြင်ခဲ့ပုံအားလျောက်လေသည်။
ထိုအခါဆရာတော်ကမိန့်လေသည် ။
" သာသနာကွယ်စေခြင်းအကြောင်း(၅)မျိုးရှိတယ်ကွဲ့
တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ --- ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း
ကွယ်ပျောက်စေသည် မည်ကုန်၏။ (အံ-၁၈-၁၉။)ဟူသော ဒေသနာတော်နှင့် စပ်လျဉ်း၍
သာသနာကွယ်ခြင်းငါးမျိုးကို အဂုင်္တ္တရအဋ္ဌ-ကထာ (အံ-ဋ္ဌ-၁-၆၇-၇၂။)၌ အောက်ပါအတိုင်း
ဖွင့်ဆိုထားတယ် ဘုရားရှင်၏သာသနာတော်သည် ---
၁။ အဓိဂမသာသနာ
၂။ ပဋိပတ္တိသာသနာ
၃။ ပရိယတ္တိသာသနာ
၎။ လိင်္ဂသာသနာ
၅။ ဓာတုသာသနာ --- ဟုဤသို့လျှင် ငါးမျိုးရှိ၏။ သာသနာကွယ်ပခြင်းသည်လည်း ---
၁။ အဓိဂမအန္တရဓာန = အဓိဂမသာသနာတော်၏ ကွယ်ခြင်း၊
၂။ ပဋိပတ္တိအန္တရဓာန = ပဋိပတ္တိသာသနာတော်၏ ကွယ်ခြင်း၊
၃။ ပရိယတ္တိအန္တရဓာန = ပရိယတ္တိသာသနာတော်၏ ကွယ်ခြင်း၊
၎။ လိင်္ဂအန္တရဓာန = လိင်္ဂသာသနာတော်၏ ကွယ်ခြင်း၊
၅။ ဓာတုအန္တရဓာန = ဓာတုသာသနာတော်၏ ကွယ်ခြင်း ---
ဤသို့လျှင် သာသနာကွယ်ခြင်းလည်း ငါးမျိုးပင် ရှိ၏ တဲ့ ဒီထဲမှာ လိင်္ဂသာသနာကွယ်ကြောင်း
ကိုပြောခြင်တာပါ ။ပရိယတ္တိသာသနာတော်ကြီး ကွယ်ပြီးနောက်ပိုင်းကာလ၌ ရဟန်းတို့၏
သင်္ကန်းဝတ်ရုံပုံ သပိတ်ကိုင်ပုံ လှမ်းကြပုံ ကြည့်ရှုပုံများသည် ကြည်ညိုဖွယ်ရာဂုဏ်ကို
မဆောင်နိုင်တော့ချေ။ သင်္ကန်းကိုလည်း ဆင်စွယ်ရောင်အ၀ါပြော့ပြော့မျှသာ ဆိုးကြတယ်။
ထို့နောက် ကာလကြာညောင်းလာသောအခါ သင်္ကန်းကိုအဝါရောင်မျှပင် မဆိုးတော့ဘဲ
ပိတ်ဖြူကို ကပ္ပဗိန္ဒုထိုး၍သော်လည်းကောင်း လူတို့ဝတ်သကဲ့သို့ခါးပုံစထိုး၍သော်လည်းကောင်း
ဝတ်ဆင်ကြကုန်လတံ္တ့။ နောက် တစ်ဖန် ပိတ်ဖြူသင်္ကန်းကိုပင် ၀တ်ရုံမှု မပြုတော့ဘဲ သင်္ကန်းအပိုင်း
အစငယ်တစ်ခုကို လက်မှာ ချည်၍လည်းကောင်း ၊လည်ပင်းမှာ ချည်၍လည်းကောင်း၊ ဆံပင်မှာ ချည်၍
လည်းကောင်း ရဟန်းဟူသော အထိမ်းအမှတ်မျှသာ ထားကြကုန်လတံ္တ့။ ထို့ပြင် သားမယားယူကာ
ရောင်းဝယ်စိုက်ပျိုးခြင်းတို့ကို လုပ်ကိုင်၍ အသက်မွေးကြကုန်လတံ္တ့။
ဤကဲ့သို့သော ရဟန်းတု ရဟန်းယောင်မျိုးကိုပင် ရည်ရွယ်တော်မူ၍ ဘုရားရှင်က အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ခြင်း ဖြစ်၏။
" ဘ၀ိဿန္တိ ခေါ ပနာနန္ဒ အနာဂတမဒ္ဓါနံ ဂေါတြဘုနော ကာသာဝကဏ္ဌာ ဒုဿီလာ ပါပဓမ္မာ၊ တေသု
ဒုဿီလေသု သံဃံ ဥဒ္ဒိဿ ဒါနံ ဒဿန္တိ၊ တဒါပါဟံ အာနန္ဒ သံဃဂတံ ဒက္ခိဏံ အသင်္ချေယျံ အပ္ပမေယျံ ၀ဒါမိ။"
(မ-၃-၂၉၉။) ။
အာနန္ဒာ ...စင်စစ် နောင်အနာဂတ်ကာလ၌ ရဟန်းဟူသော အနွယ်မျှကို ဆောင်ကုန်သော သင်္ကန်း
လည်၌ရောက်ကုန်သော သီလမရှိကုန်သော ယုတ်မာသော တရားရှိသူတို့သည် ဖြစ်ပေါ်လာပေကုန်လတ္တံ့၊ ထို
သီလ မရှိကုန်သော သူတို့၌ သံဃာကို ရည်ညွှန်း၍ အလှူကို ပေးလှူကုန်လတ္တံ့။ အာနန္ဒာ ...ထိုကဲ့သို့သော
အခါမျိုး၌သော်လည်း သံဃိကအလှူကို မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အာနန္ဒာ ...ထိုကဲ့သို့သော
အခါမျိုး၌သော်လည်း သံဃိကအလှူကို မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏ဟု ငါဘုရားဟောတော်
မူ၏။ အာနန္ဒာ မည်သည့် နည်းပရိယာယ်နှင့်မျှ သံဃိကဒါနထက် ပုဂ္ဂလိကဒါနကို အထူးသဖြင့် အကျိုးများ၏ဟု
ငါဘုရား ဟောတော်မမူပေ။ (မ-၃-၂၉၉။ ဒက္ခိဏ၀ိဘင်္ဂသုတ်။)
နောက်ဆုံး၌ ရဟန်းပျက်တို့သည် ထိုသင်္ကန်းစကိုပင်
အကျယ်ချဲ့သည့် အကျိုးမရှိသည့် လုပ်ငန်းရပ်အဖြစ် သတ်မှတ်ကာ ပယ်စွန့်ပစ်ကြကုန်လတ္တံ့။ ထိုအခါ လိင်္ဂသာသနာ
သည် ကွယ်သည် မည်ပေ၏။ (အံ-ဋ္ဌ-၁-၆၉-၇၀။) ဒီမှာပြောခြင်တာက ဘုရားသာသနာတစ်ကြိမ်ပွင့်ထွန်းမှ တွေ့ရ
မြင်ရတဲ့ဒီသင်္ကန်းဟာအလွန်ပင်မြင့်မြတ်ပါတယ် ။
သာသနာပ ရသေ့ရဟန်းတွေရဲ့သင်္ကန်းတွေနဲ့နှိုင်းယှဉ်၍
မရနိုင်ပါဘူး ။ ဒါ့ကြောင့်နောက်ဆုံး မစင်တွေအလိမ့်ကလိမ့်ပေပြီး လမ်းဆုံလမ်းဂွမှာ ပြစ်ထားတဲ့
သင်္ကန်းစုတ်လေးကိုတောင် အမြင့်တစ်ရာမှာတင်ပြီး ပူဇော်ကန်တော့ရင် ရဟန်းသံဃာကို ပူဇော်ကန်တော့
ရာရောက်တယ်တဲ့ ဒကာရဲ့" ဟုဆရာတော်ကမိန့်တော်မူလေသည်။ ထိုအခါဒကာလည်းမိမိပြောမိတာမှား
ကြောင်းဝန်ချတောင်းပန်လေသည်။ ။
"ဘန္တေ ဉာဏ "

No comments:
Post a Comment