သံဝေဂ ဆိုတာ....?
ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့၊ သူတော်ကောင်းတို့ကို ဘာကြောင့် ဘာသာရေးလိုက်စား တရားအားထုတ် ၀ိပဿနာလုပ်ကြ လဲဟုမေးလျှင် သူတော်ကောင်း တို့ဘယ်လိုဖြေမည်နည်း၊ အဖြေကအမျိုးစုံ ထွက်လာပါမည်၊ သို့သော် မည်သည့်အကြောင်းပြချက်ကြောင့်ဘဲ အားထုတ် အားထုတ် အဓိကကျသည့်၊ ဖြစ်စဉ်တခုကိုမကျော်လွှား ဘဲစစ်မှန်သော တရားတို့ကို ရနိင်မည်မဟုတ်ပေ ထိုကျော်လွှားရမည့် ဖြစ်စဉ်လေးမှာ
သူတော်ကောင်းတို့
အရပ်ထဲ ရိပ်သာထဲ ဘုန်းကြီးကျောင်းများတွင် အမြဲကြား နေကြ “ သံဝေဂ ” ဟူသော စကားရပ်လေးတခုပင် စကားလေးတခုဆိုသော်လည်း အလွန်
ကျယ်ပြန့်သောအကြောင်း များစွာတို့ ရှိနေကြပါသည်၊ သူတော်ကောင်းတို့ အမြဲသုံးနှုန်းသော စကားလေးကိုဘဲ ကျနော်ပြန်သုံးပါမည် “ မသာတခေါက်၊
ကျောင်းဆယ်ခေါက် ” ဟူ၍ဖြစ်ပါသည်၊ ထိုစကားလေးမှာ “ သံဝေဂ ” တရားကို ဖြစ်ပေါ်စေသော နှိုင်းယှဉ်ချက် လေးဖြစ်ပါသည်၊ ဘုန်းကြီးကျောင်းသို့
ဥပုဒ် သီလ ဆောက်တည်ရန်ဆယ်ခေါက် သွားသော်လည်း ၊သုသာန် သို့ အသုဘရှု လိုက်ပါပို့ဆောင် နေစဉ် “ ငါသည်လည်း၊ တနေ့ သူတို့လိုပင် သေရဦး
မည်မှာ ဧကန်မလွဲပါလား ” ဟု “ သံဝေဂ ” တရားရလိုက်သည် နှင့် ကျောင်းဆယ်ခေါက် သွားသည်ထက် ပိုမိုအဖိုးတန် သော “ သံဝေဂဥာဏ် ” ကိုရရှိ၍
တရားအလုပ်ကို အားထုတ်ပါက အလျှင်အမြန် တရားထူးရဖို့ နီးစပ်ပါသည်၊ အချို့လည်း ကျန်မာရေးချို့တဲ့သေကောင်ပေါင်းလည်း ဖြစ်မှ ဘုရားတရား
သတိရသာ တဒင်္ဂ သံဝေဂ ရကြပါသည် သို့သော် ကျန်းမာရေး ပြန်ကောင်းလာပါက ငါစွဲပြန်စွဲပြီး မေ့လျော့ နေပြန်ပါသည်၊ အချို့မှာလည်း စီးပွားပျက်
ဘ၀ပျက်မှ သဝေဂ ရပြီးဘုရားတရား လုပ်၍ခိုင်မြဲသွား သူရှိသလို ပြန်လည်ကောင်းမွန် အစဉ်ပြေလာလျှင် မေ့လျော့ သွားတက်ကြသည်၊ အလျှင်းသင့်၍
ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်ကအဖြစ်လေးတခုကိုတင်ပြ ချင်ပါသည်၊
စိတ္တဟတ္ထ မထေရ် ဆိုသော ရဟန်းအမည်ရ ပုဂ္ဂိုလ်တဦးရှိပါသည်၊ ၎င်းတွင်း မယားရှိ၏ ကလေးရှိ၏ လယ်ရှိ၏ နွားရှိ၏ ဤသို့လုပ်ကိုင် စားသောက်နေလာ
သည်မှာ အရွယ်ကတဖြေးဖြေး ရင့်လာသည်၊ စိတ်ရောလူပါ နွမ်းလာသည်၊ အလုပ်ကပိုလာသည်၊ ဒုက္ခတွေကများလာသည်၊ အနားယူချင်လာသည်၊ အချောင်ခို
ချင်စိတ် ဖြစ်ပေါ်လာသည်၊ ဘုမသိဘမသိ ဆိုသကဲ့သို့ အလုပ်မလုပ်ဘဲ အချောင်ခို ထမင်းစားပြီး အိပ်နေနိင်သည်ဟု ထင်မြင်ယူဆမိသော ရဟန်းဘ၀ကို
တွေးမိလိုက်ပြီး ရဟန်းဝတ်လိုက်သည်၊ အလုပ်မလုပ်ရတော့ဘဲ အချိန်မှန် ဆွမ်းစားနေရပြီး ဇိမ်တွေ့နေခဲ့မိသည်၊ သိုသော်မကြာမီ ဒုံရင်းဒုံရင်း အကျင့်တွေက
တောင်းဆိုလာပြန်သည် ရဟန်းဝတ်ပြီးနေရသည်ကို ငြီးငွေ့လာပြန်သည်၊ ထန်းရည်သောက်ချင်လာ၏၊ ကာမဂုဏ်ကြူးချင်လာ၏ လယ်ထဲဆင်ချင်ပြန်၏ သည်တော့ လူပြန်ထွက်၏ လယ်ပြန်ထွန်၏ သားမယားနှင့် သောက်စားအပျော်ကြူးပြန်၏ တဖြေးဖြေးအလုပ်ကများလာသည် ပိုပင်ပန်းလာသည် စိတ်ညစ်
လာသည်၊ ဒုတိယအကြိမ် ရဟန်းပြန်ဝတ်ပြန်၏ သည်လိုနှင့် ရဟန်း(၆)ကြိမ်ဝတ်ခဲ့သည် လူ(၆)ကြိမ်ပြန်ထွက်ခဲ့သည် မည်သည့်တရားမျှ မရ မသိ မဖြစ်ခဲ့ပါ
ဒုံရင်းဒုံရင်း ပြန်ဖြစ်နေခဲ့ပါသည် ဘာကြောင့်တရားမရသနည်း ? အဖြစ်မှန်ကတရားရခြင်၍ တရားသိချင်၍ ဘ၀ကိုငြီးငွေ့၍ရဟန်းဘ၀သို့ ကူးရောက်ခြင်း
မဟုတ်ဘဲ အချောင်ခို အချောင်စား နေရ၍ရဟန်း ၀တ်ခြင်းကြာင့်ဟုဖြေရမည် သို့သော်ထိုကိုယ်တော်ကြီးသည်ပင် သတ္တမအကြိမ် ရဟန်းပြန်ဝတ်ခဲ့ပါသည်
ဝင်ထွက် (၆) ကြိမ်မျှ ပြုလုပ်ခဲ့သူမို့ ကျန်ရဟန်းများက “ကိုယ်တော်ကြီး ဘယ်တော့လူပြန်ထွက် အုံးမည်နည်း ”ဟုကဲ့ရဲ့ရှုတ်ချ အပြစ်ဆိုကြသည်၊ အချို့ကမူ
လူပြန်ထွက်မည့်တူတူ ရဟန်းမ၀တ်ပါနှင့် တားမြစ်လေသည်၊ ဤသတ္တမအကြိမ်တွင်မူ ဘုရားရှင်က “သူ့ကိုရဟန်းဝတ် ပေးလိုက်ပါ၊နောက်ထပ်သူ လူပြန်မထွက်တော့ဘူး” ဟု မိန့်ဆိုသောကြောင့် ရဟန်းဖြစ်ခဲ့ရသည်၊ သိုသော် သတ္တမအကြိမ်တွင် မူကား ယခင်(၆)ကြိမ်ကဲ့သို့ မဟုတ်ဘဲ လူဝတ်ကြောင်နှင့်တည အိပ်ယာမှ နိးထစဉ် အတူအိပ်စက်နေသော ဇနီးမယား ကိုယ်ဝန်အရင့်အမာနှင့် ပက်လက်အိပ်မောကျနေသည်ကို မြင်တွေ့ရပြီး
အသိစိတ်ထဲ ခံစားချက်တမျိုး ဖြစ်ပေါ်လာခဲ့သည် သုသာန်တွင် စွန့်ပစ်ထားသော လူသေမကြီး ပုပ်ပွနေသကဲ့သို့ မြင်နေမိပြီး တကဲ့အဖြစ်ကဲ့သို့ခံစားနေရပြီး
ဂမ္ဘီရဥာဏ်မှတဆင့် သံဝေဂဥာဏ်ဖြစ်ပေါ်လာပြီး ဇနီးမယားဟု မမြင်မိတော့-
နိဗ္ဗိန္ဒဥာဏ် - ငြီးငွေ့လာ၏
ဝိရာဂ - ကိလေသာကင်းလာ၏
နိရောဓ - ပြန်လည်တပ်မက်မှု မဖြစ်တော့ဘဲ၊စွန်ပစ်လိုခြင်းကြောင့် အိမ်မှထွက် ရဟန်းဝတ် တရားသိမြင်ပြီး ကျွတ်တမ်းဝင်ရခြင်းဖြစ်သည်။
ဤအဖြစ်ကို ကြည့်ပါက အမှန်တကယ် သံဝေဂ တရားရသွားပါက လွတ်မြောက်ရာလမ်းနှင့်နီးစပ်ပြီ ဖြစ်သည်ကို တင်ပြလိုက်ရပါသည်။
(၀ိဇ္ဇာစရဏသမ္ပတော)
No comments:
Post a Comment