ဒုက္ခအရိယသစ္စာ
အရိယာ(ဥာဏ်ပညာရှိသူတွေ)သိတဲ့ ဒုက္ခသစ္စာတွေက ဘာတွေလဲဆိုတော့-
> ပဋိသန္ဓေနေရတာ ၊ လွယ်ထားရတာ ၊ မွေးဖွားရတာဟာလည်း ဒုက္ခပါပဲ။
> အသက်ကြီးလာလို့ အိုမင်းရင့်ရော် ပင်ပန်းဆင်းရဲရတာဟာလည်း ဒုက္ခပါပဲ။
> သေခါနီးဖြစ်ပေါ်လာမယ့် ကြောက်ရွံ့ထိတ်လန့်စိတ်ရဲ့ မရဏဇောစိတ်တွေဟာလည်း ဒုက္ခပါပဲ။
> စိတ်ဆင်းရဲဒုက္ခတွေဖြစ်တဲ့ စိုးရိမ်ပူပန်မှု၊ ငိုကြွေးမှု၊ စိတ်ဆင်းရဲမှု၊ စိတ်နှလုံးမသာမယာဖြစ်မှု၊ စိတ်ထဲမှာပြင်းထန်စွာ ပင်ပန်းမှု၊
နှမြောမှုစတာတွေဟာလည်း ဒုက္ခတွေချည်းပါပဲ။
> မချစ်မနှစ်သက်မလိုချင်တဲ့ ခံစားမှုအာရုံတွေ၊ပြုပြင် စီရင်မှု(သင်္ခါရ)နဲ့ ပုဂ္ဂိုလ်၊ အကြောင်းခြင်းရာတွေကို တွေ့ကြုံ ဆုံစည်းပေါင်းဖော်
ရခြင်းဟာလည်း ဒုက္ခတွေပါပဲ။
> ချစ်ခင်၊ နှစ်သက်၊ လိုချင်တဲ့ ခံစားမှုအာရုံတွေ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခချမ်းသာတွေ၊ ပုဂ္ဂိုလ်၊ အကြောင်းခြင်းရာတွေနဲ့ ကွေကွင်း၊ ကွဲကွာ၊
အလိုဆန္ဒမပြည့်တာတွေဟာလည်း ဒုက္ခတွေပါပဲ။
> ဆွေမျိုး၊ မိဘ၊ ဇနီးခင်ပွန်း၊ သားသမီးတွေသေဆုံး ပျက်စီးရတာဟာလည်း ဒုက္ခပါပဲ။
> ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာ၊ ရာထူး၊ ဂုဏ်သတင်းတွေ ပျက်စီးဆုံးရှုံးရတာဟာလည်း ဒုက္ခပါပဲ။
> ကျန်းမာရေးမပြည့်စုံလို့ ရောဂါဝေဒနာကပ်ရောက် နှိပ်စက်ခံရတာဟာလည်း ဒုက္ခပါပဲ။
> မီးဘေး၊ ရေဘေး၊ လေဘေး၊ မင်းဘေး၊ သူခိုး ဓါးပြဘေး၊ အမွေခံသားဆိုးသမီးဆိုးနှင့် မချစ်မနှစ်သက်သောသူ (ရန်သူမျိုးငါးပါး)နှင့်
တွေးကြုံပြီး ဆုံးရှုံးပျက်စီးနေရတာတွေဟာလည်း ဒုက္ခတွေပါပဲ။
> အဲလိုသာစာရင်းချပြီး ရေတွေက်ရရင် ခန္ဓာကိုယ် ပင်ပန်းဆင်းရဲ၊ စိတ်ပင်ပန်းဆင်းရဲဖြစ်စေတဲ့ အကြောင်းရင်းဒုက္ခတွေဟာ ရေတွက်လို့
တောင်ရနိုင်မယ်မထင်ပါဘူး။
> လူတစ်ယောက်ဟာ များများပိုင်ဆိုင်ပြီး တွယ်တာစရာတွေ များများရှိလေလေ ဆင်းရဲဒုက္ခနှင့်များများကြုံရဖို့ အခွင့်အလမ်းပိုများလေလေ
ပါပဲ။
> အဲဒါတွေဟာ အရိယာတွေ ဘယ်တော့မှမမေ့လျော့တဲ့သိခြင်းနဲ့သိတဲ့ ဒုက္ခသစ္စာတွေပါ။ သာမန်ပုထုဇဉ်တွေလည်း တွေ့ကြုံတဲ့အခါ၊ ဖတ်ဖူး၊
ကြားဖူးတဲ့အခါ ဆင်းရဲဒုက္ခပါလည်းလို့ သိကြပါတယ်။ဒါပေမယ့်ပြီးတော့ မေ့သွားကြပါတယ်။ ဒုက္ခအမျိုးမျိုးကို ပြောင်းလဲခံစားနေကြရလို့၊
ဒုက္ခမှန်းသိဖို့တောင် စိတ်ကသိပ်မအားသလို ဖြစ်နေကြပါတယ်။
> ကြောက်စရာကို ကြောက်ရမှန်းမသိ၊ လှန့်စရာကိုလည်း လန့်ရမှန်းမသိ၊ ဒုက္ခဆင်းရဲကိုဆင်းရဲမှန်းမသိခြင်းဟာ ချမ်းသာအစစ်ကို ဘယ်လို
မှမရရှိနိုင်တဲ့ ဘ၀ဆုံးရှုံးမှုကြီးပါပဲ။
> လူအများစုသည်တဒင်္ဂသက်သာမှုကို ချမ်းသာသုခဟု အယူမှားကာ တသသလုပ်နေကြသည်။ အတုကိုအစစ်ဟုထင်နေကြသည်။ ဆင်းရဲအမှန်
တကယ်သိမှသာ ချမ်းသာကိုလိုချင်မည်။ ချမ်းသာကိုလိုချင်မှ ချမ်းသာစေမည့်နည်းလမ်းကို တန်ဖိုးထားကျင့်သုံးအားထုတ်နိုင်ပေမည်။
> သို့ဖြစ်၍္ဈ် ပထမဦးစွာဒုက္ခကိုဒုက္ခမှန်းသိအောင် သတိဖြင့်ရှုမြင်ပါ။ မကောင်းမှုကို မကောင်းမှုမှန်းသတိဖြင့်သိမြင်ပါ။ အပြစ်ကိုအပြစ်မှန်းသိအောင်
သတိဖြင့်ဆင်ခြင်ပါ။ ဆင်းရဲခြင်း၏ အကြောင်းရင်းဖြစ်သော အစွဲအလမ်းဥပါဒါန်ကို ပယ်ရှားနိုင်ရင်အတွက် သတိဖြင့်ဆင်ဖြင်သိမြင်နိုင်ရန် အထူး
လိုအပ်ပါသည်။ ဒါဆို ဒုက္ခ အကြောင်းလေး ခဏနားလိုက်မယ်နော်သူတော် ကောင်းတို့ ။
(ဦးမောင်မောင်ထံမှ ကျေးဇူးပြုသည်)
(၀ိဇ္ဇာစရဏသမ္ပတော)
No comments:
Post a Comment