Saturday, May 11, 2013

ကလျာဏ အင်္ဂါငါးပါး...။

ကလျာဏအင်္ဂါငါးပါး..။
မဂ်၊ဖို ရရန် အားထုတ်ကြ ကုန်သောသူတော်ကောင်း အပေါင်းတို့ ပကတိသာဝက အိမ်ရာထောင် - သောတာပန် များမှစ၍ မြတ်စွာဘုရားရှင် အထိ ကလျာဏ အင်္ဂါ ငါးပါးအနက် တပါး နှစ်ပါး သုံးပါး
စသဖြင့် ပြည့်စုံရပေ၏ ထိုအင်္ဂါငါးပါး တို့မှာ -

၁။ ဥဂ္ဂဟဏ = သင်ကြားခြင်း။
၂။ ဓာရဏ = မှတ်သား ဆောင်ထားခြင်း။
၃။ သ၀န = နာကြားခြင်း။
၎။ ပရိပုစ္ဆာ = မေမြန်းခြင်း။
၅။ ပစ္စဝေက္ခဏ = ဆင်ခြင်စဉ်းစား၊ နှလုံးသွင်းခြင်း။

(သင်ယူ၊ မှတ်သား၊ နာကြား၊ တွေးကြံ။ မကျေနပ် နောက်ထပ်မေးမြန်းရန် ) ဟုသံပေါက်လေး စပ်ဆိုထားပါသည်၊ ဤအင်္ဂါ ငါးပါးအနက် သဗ္ဗညုတ ဥာဏ်တော်ရှင်ဖြစ်တော်မူသော မြတ်စွာ ဘုရား
သည်သာလျှင် ဆရာမရှိဘဲ ပစ္စဝေက္ခဏ = ဆင်ခြင် စဉ်းစား နှလုံးသွင်းအားထုတ်ခြင်းဟု ဆိုအပ်သော လက်နက်တပါးတည်းဖြင့် ဘုရားအဖြစ်သို့ ရောက်တော်မူရ၏ ဤကဲ့သို့ ဆင်ခြင် နှလုံးသွင်း
ရာ၌ ပင်လျှင် ရှေးဘုရား၊ ရှေးဘုရား များ၏အတုကို ယူရသေး၏ ပထမအဦးဆုံး ပွင့်တော်မူသော မြတ်စွားဘုရား သည်ပင်လျှင် ဓမ္မနိယာမကို အားကိုးတော်မူ ရသေး၏ ၊
ပစ္စေကဗုဒ္ဓ နှင့် ဥ ဂ္ဃဋ္ဋိတညူ ပုဂ္ဂိုလ်တို့မှာသ၀န = နာကြားခြင်း၊ နှင့် ပစ္စဝေက္ခဏ = ဆင်ခြင် စဉ်းစား နှလုံးသွင်း ခြင်းဟုဆိုအပ်သော အားနှစ်အားကို အမှီပြုရမှ သစ္စာလေးပါးကို သိမြင်ကြရ၏
(ပစ္စေကဗုဒ္ဓ များမှာ သ၀န = နာကြားခြင်း သို့မဟုတ် ဒဿန = မြင်ခြင်း အစရှိသော ကိစ္စများနှင့်ပြည့်စုံရ၏ )
ဝိပဉ္စိတညူ ပုဂ္ဂိုလ်များမှာ သ၀န = နာကြားခြင်း၊ ပရိပုစ္ဆာ = မေးမြန်းခြင်း၊ ပစ္စဝေက္ခဏ၊ ဆင်ခြင် စဉ်းစား နှလုံးသွင်းခြင်း ဆိုအပ်သော အင်္ဂါသုံးပါးနှင့် ပြည့်စုံမှ နိဗ္ဗာန်သို့မျက်မှောက်ပြု၏ ။
နေယျပုဂ္ဂိုလ် တို့သည်ကား သင်ယူ၊ မှတ်သား၊ နာကြား၊ တွေးကြံ၊ မကျေနပ် နောက်ထပ်မေးမြန်းရန် ဟူသော အင်္ဂါငါးပါးစလုံး ပြည့်စုံမှသာ တမဂ်၊ တဖို၊ ရနိင်၏ ၊
အထက်ကပြဆို ခဲ့သည့်အတိုင်း ပုဂ္ဂိုလ်၏ ဥာဏ်အမျိုးအစား ကွဲပြားခြားနားခြင်း အဇ္ဈာသယ အမျိုးမျိုးရှိခြင်း ဒေသနာအမျိုးမျိုး ရှိခြင်းတို့နှင့်ဝေဖန်သော် ယခုခေတ်အခါသည် နေယျပုဂ္ဂိလ်တို့
ပေါများသော အခါဖြစ်၍ နေယျပုဂ္ဂိုလ်တို့နှင့် သင့်လျှော်သော ၀ိပဿနာပညာသည်သာလျှင် တမဂ်၊ တဖို၊ ပေးစွမ်းနိင်လိမ့်မည်၊ ၀ိမုတ္တိယုဂ ခေတ်၏အရသာကို ကောင်းစွာခံစားနိင်ကြပေမည်။
(၀ိဇ္ဇာစရဏသမ္ပတော)

No comments:

Post a Comment