Saturday, May 11, 2013

မလှူသင့်သောအရာသုံးမျိုး..။

မလှူသင့်သောအရာသုံးမျိုး
ကလျာဏနွယ်ဝင်သူတော်ကောင်းအပေါင်းတို့၊ ဗုဒ္ဓဘာသာဝင်တို့ သည်လှုတန်း ပေးကမ်းစွန့်ကြဲ သောအရာ၌ သူမတူအောင် ဒါနပန်းတို့ပွင့်လန်းကြသည်၊ အခြားဘာသာဝင်တို့ထက်ပင် စေတနာ
သဒါပိုလေ၏ စကားပုံတခုပင် ကြားဖူးလေသည်၊ တပဲရလို့ တမူးလှူ ဆိုရလောက်အောင် စိတ်အားထက်သန်ကြလေသည်၊ သို့သော် လှူရင်ကုသိုလ်ရသည် ဆိုတိုင်းရမ်းသန်း မလှူသင့်ပေ

သီလရှင်
ကိုခေါင်းဖီးသည့်ဘီး လှူပါကမည်သို့မျှ အဆင်ပြေမည်မဟုတ်ပါ၊ သို့ပေမယ့် ငရဲကြီးလောက် အောင်တော့အပစ် မဖြစ်ပါ၊ ငရဲကြီးလောက်အောင် အရာများမလှူမိစေဖို့ စေတနာရှေထားခါ တင်ပြ
လိုက်ပါသည်။

၁။သေရည်သေရက်

၂။ကာမဂုဏ်

၃။ဂီတ

၎င်းသုံးမျိုးမှာမလှူသင့် မလှူအပ်သော အရာများဖြစ်ပါသည်၊ အသေးစိတ် ရှင်းရသော် သေရည်သေရက်ဆိုသည် မှာလူတို့ပင်မသောက်သုံး ရန်ငါးပါးသီလတွင် ထည့်သွင်းတားမြစ် ပိတ်ပင်ထား
ရာ ရဟန်း သံဃာ သီလရှင်များနှင့်လုံးဝ မအပ်စပ်သော အရာဖြစ်ပါသည် ရှေးအစဉ်အဆက် မှသည်ယနေ့တိုင် သေရည်သေရက်၏ ကောင်းကျိုး ဟူ၍တခုမျှ ပင်မကြားဖူးပါ ကိလေသာကို ၀ိနည်း
တော်များဖြင့်ပယ်သတ်နေသော ရဟန်းသံဃာ တော်တို့အဖို့ မူးယစ် ထုံထိုင်း မေ့လျော့ စေသောသေရည်သေရက်မှာ လားလားမျှ မအပ်စပ်ပါ၊ အချို့အရက်သောက်သူများ ကိုယ့်စိတ်ကို မနိင်၍
အရက်ဖြတ်ခြင်ပါက ဘုရားရှင်ထံ ရာသက်ပန်လှူ၍ မသောက်တော့ပါဟု၎င်း ဟိုဆရာတော် ဟိုဘုန်းကြီးထံတွင်လှူသည်ဟု ပြောဆိုနေမှုများကို ၀မ်းနည်းဖွယ် ကြားကြားနေရပါသည် မလှူသင့်ပါ
ငရဲကြီးပါသည်၊ ကိုယ်တိုင်အရက် ဖြတ်လိုပါက ဘုရားရှေ့တွင် ၎င်းရဟန်း သံဃာတော်တို့ရှေ့တွင်၎င်း ရာသက်ပန် သေရည်သေရက်ကို ရှောင်ကြင်ပါမည်ဟု သစ္စာဓိဋ္ဌန်ပြု၍ ဖြတ်သင့်ပါသည်။
နောက်တခု ကာမ အလှူသည်လဲ ပို၍ဆိုးပါသည်၊အထူးသဖြင့် အမျိုးသမီး များပို၍ သတိချပ်သင့်ပါသည်၊အပြစ်ပြောသည်ဟု မယူဆစေလိုပါ အထက်ကဆိုခဲ့သလို ၀ိနည်းသိက္ခာပုဒ် များဖြင့်
ညီအောင်ကျိုးစား နေရသော သမုတိ သံဃာတော်တို့မှာ အချို့လဲစာဝါ သင်ကြားဆဲ အချို့လည်းဝိပဿနာ တရားတို့အားထုတ်ဆဲမှာ ကိလေသာ ဖက်ကို စိတ်ယိမ်းယိုင်စေသော အကြား အမြင်
အနံ အထိအတွေ့ တို့ကိုအမျိုးသမီး တို့ဖက်မှ တက်နိင်သ၍ ထိန်းသိမ်း စေလိုပါသည် ထိုင်နေသော သံဃာတော်ကို မတ်တက်ရပ် ဆွမ်းလောင်းလျှင် လည်ဟိုက်အင်္ကျီ လက်ပြတ် ချိုင်းပြတ်များ
မ၀တ်သင့်ပါ မုဒုလက္ခဏ ဇတ်တွင် ဈန်ရ ရသေ့ပင်လျှင် ခြေသလုံးသားလေ မြင်လိုက်၍ ဈန်လျောခါ ပူဆွေးတမ်းတ ကိလေသာမီးတို့ထတောက်ခဲ့ရပါသည်၊ ယ္ခုခေတ် ဆိုလျှင် ပြောဘွယ်မရှိတော့
ချေ၊ အရပ်ထဲတွင်လဲ မကြာခဏကြားနေရသည်မှာ ဘယ်ကိုယ်တော်လေက လူထွက်အိမ်ထောင်ပြုတယ်ဆိုသည့်သတင်း များဖြစ်ပါသည်၊ မိမိပယောဂ မပါ ပါစေနှင့်

သာသနာတော်ကိုစောက်ရှောက်
ဖို့ စေတနာနှင့် ပြောကြားခြင်း ဖြစ်ပါသည်၊
ဂီတ ၎င်းလည်းမလှူသင့်သောထဲတွင်ပါဝင်ပါသည် ပုံပြင်တခုပင်ရှိပါသည် ရွာတရွာတွင် ကျောင်းထိုင်ဘုန်းကြီးက ကျောင်းဝင်းအတွင်း လုံးဝဆိုင်း၊ ဗုံ ဂီတ မတီးရဟု တင်းတင်းကြပ်ကြပ် တား
မြစ်ထားရာ တခါတွင်တိုက်ဆိုင်၍ ရွာထဲတွင်ဆိုင်းများ ဗုံများတီးပြီး ဘုံကထိန် လှည့်လည်ပြီး ကျောင်းသို့ ပဒေသာပင်များ ကိုပို့ရာ အားလုံးလည်းလှူတန်း ပျော်ရွင်နေကြ၍ ဆရာတော်တားမြစ်ထား
သည်ကိုမေ့ခါ ကျောင်းဝင်းအတွင်း တခါတည်းဆိုင်းတီး ၀င်လာရာဆရာတော်လည်း ပြေးဆင်းလာပြီး ကနေသူများကြားတွင် အတန်ကြာဝင်ကပြီးမှ သတိရ၍ တောင်ဝှေးဖြင့် လိုက်ရိုက်ရာအကုန်
ထွက်ပြေး ကြရပါသည်၊ နောင်တွင်သိရသည်မှာ ဆရာတော်ငယ်စဉ် ဘ၀က အကအလွန်ဝါသနာပါပြီး ပွဲတိုင်းတွင်ဦးရွှေရိုး အက အမြဲကနေကြဟုသိရပါသည်၊ ထို့ကြောင့် ကျောင်းဝင်းအတွင်း
ဆိုင်းမတီးရဟုတားမြစ်ထားခြင်း လားမသိပါ၊ ရယ်စရာအဖြစ်သာ ပြောခြင်းဖြစ်ပါသည်၊ ဂီတကိုလည်း မလှူသင့်ပါ။
(၀ိဇ္ဇာစရဏသမ္ပတော)

No comments:

Post a Comment