(၁)ဗုဒ္ဓဘာသာနှင့်ယုံကြည်စိတ် {သဒ္ဓါတရား}
ဗုဒ္ဓဘာသာဝင်တို့၏
ရည်မှန်းရာပန်းတိုင်သည်ကားသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ၊နားလည်သည်ဖြစ်စေ၊နားမလည်သည်ဖြစ်စေ၊
တူညီသည်မှာကားနိဗ္ဗာန်သို့ ရောက်ရှိရေးပင်ဖြစ်သည်။နိဗ္ဗာန်သို့ ရောက်ရှိရန်အတွက်
အချို့သောတရားဟော၊တရားပြဆရာအပေါင်းနှင့်သံဃာတော်အရှင်သူမြတ်များက၄င်းတို့ ဖတ်မှတ်သိကျင့်
တက်ထားသမျှ တရားတို့ အားလူအများသိရှိနားလည်ရန်အတွက်
မေတ္တာကရုဏာရှေ့ ထားပြီးစေတနာထားကာဟောပြနေသော်လည်းအချို့ပုထုဇဉ်တို့ အဖို့  ဥာဏ်မမီနိုင်သဖြင့်
နားလည်သဘောပေါက်ရန်မှာမလွယ်ကူလှပေ။နိဗ္ဗာန်ကိုမမြင်ဘူး၊မတွေ့လည်းမတွေ့ဖူး။မမြင်ဖူးမတွေ့ဖူးမှတေ
ာ့၊ဘယ်လိုဟာကြီးလဲ၊ရှိကောရှိရဲ့လား၊ဘယ်လိုနားလည်ရမလဲ၊အတွေးများစွာဖြင့်ဟုတ်မှဟုတ်ပါ့မလား၊ရှိကောရှိ
ရဲ့လားစသည်ဖြင့် ယုံမှားသံသယစိတ်များလာပြီးယုံကြည်စိတ် {သဒ္ဓါတရား}လျော့နည်းလာခဲ့ရပါတယ်။
တကယ်တော့ကိုယ်တိုင်မြင်ဖူးခြင်းမရှိ၊ရောက်ဖူးခြင်းမရှိ၊တွေ့ဖူးခြင်းမရှိပါဘဲနှင့်မြင်တယ်၊တွေ့တယ်၊ရောက်တ
ယ်လို့ ယုံကြည်ခဲ့ရသောအရာတွေမရှိဘူးလား။လူသားအားလုံးသည်မမြင်ဖူး၊မတွေ့ဖူး၊မရောက်ဖူးပါလျက်နှင့်ယြုံ
ကည်နေရသောအရာများရှိနေသည်မှာမလွဲပါပေ။ဘာကြောင့်ယုံကြည်ရပါသလဲ၊မြင်ဖူးလို့ လည်းယုံကြည် ရ၏အ
များကလက်ခံလို့ လည်းယုံကြည်ရ၏၊ယုံကြည်ထိုက်လို့ လည်းယုံကြည်ရ၏အဲဒီလိုနဲ့
ယုံကြည်နေခဲ့ရခြင်းသာဖြစ်ပါတယ်။မမြင်ဖူး၊မတွေ့ဖူး၊မရောက်ဖူးပါလျက်နှင့်မြင်ဖူးသလို၊ရောက်ဖူးသလို၊တွေ့ဖူး
သလိုယုံကြည်တာဟာယုံကြည်မှုဟူသောသဒ္ဓါတရားကြောင့်ဖြစ်ပြီးယုံကြည်မှုကိုနည်းနည်းလေးယုံကြည်မှုကစ
တင်ခါ
နည်းနည်းလေ့လာပါကနည်းနည်းယုံကြည်လာပြီးလေ့လာလေလေ၊ယုံကြည်စရာပိုတွေ့လေ၊ပိုများလေဖြစ်လြာ
ပီး၊ယုံကြည်စရာပိုတွေ့လေ၊ပိုလေ့လာချင်လေဖြစ်ခါ၊တဖြည်းဖြည်းနှင့်ယုံကြည်မှုပြည့် ၀သော၊သဒ္ဓါတရားကောင်း
သူ
ဖြစ်လာပါသည်၊အနည်းငယ်သိသူလည်း၊၄င်းတွင်သိစရာအနည်းငယ်မျှသာကျန်သေးသည်ဟုထင်၏။အတော်အ
တန်သိသူကလည်း၎င်းတွင်အတော်အတန်သိစရာကျန်သေးသည်ဟုထင်၏၊များများသိသူမှာကား၎င်းတွင်သိစ
ရာ၊လေ့လာစရာများများကျန်သေးသည်ဟုမှတ်ယူကြပေသည်။
သို့ ဖြစ်ပါ၍အားကိုးအားထားရာအဖြစ်ကိုးကွယ်ဆည်းကပ်မှုတွင်ယုံကြည်စိတ် {သဒ္ဓါတရား}သည်အခြေခံအကျ
ဆုံးနှင့်အရေးပါဆုံးဖြစ်ပြီး၊ယုံကြည် စိတ် {သဒ္ဓါတရား}ခြေတလှမ်းဖြင့်စတင်ပါက၊ယုံကြည်စိတ်ခြေလှမ်းများစွာဖြင့်
မိမိရောက်ရှိလိုသောပန်းတိုင်ကိုအမှန်တကယ်ရောက်ရှိနိုင်မှာဖြစ်ပေသည်။
ကျွန်ုပ်တို့ သဘောပေါက်နားလည်ထားကြတာကနိဗ္ဗာန်ရောက်အောင်၊၀ိပဿနာတရားပွားများအားထုတ်ရမယ်၊
အဲဒီလိုအားထုတ်တဲ့အခါမှာ၊ဓမ္မတွေရဲ့ဖြစ်ခြင်း၊ပျက်ခြင်းတွေကိုမြင်အောင်ရှုမှတ်ရမယ်၊ဖြစ်ပျက်တွေမြင်အောင်၊ြ
ဖစ်ပျက်တွေမုန်းအောင်၊ဖြစ်ပျက်တွေကုန်အောင်၊ဆုံးအောင်၊ချုပ်အောင်ရှုမှတ်၊အဲဒီဖြစ်ပျက်ကုန်တဲ့နေရာ၊ချုပ်တဲ့
နေရာဟာ၊ဖြစ်ပျက်မရှိရာ၊နိဗ္ဗာန်ဘဲလို့ နားလည်ယုံကြည်ထားပါတယ်။
တကယ်တော့အဲဒီလိုဖြစ်ပျက်တွေမရှိရာ၊ကုန် ရာ၊ချုပ်ရာနိဗ္ဗာန်သို့ ရောက်ရန်အတွက်ကြားမှာအဆင့်ပေါင်းများစွာ
ရှိနေလို့ ၊တဆင့်ပြီးမှတဆင့်တက်ရောက်နိုင်ရေးအတွက်
ကြိုးပမ်းသင့်ကြောင်းတင်ပြလိုပါတယ်၊သာမန်ပုထုဇဉ်တွေအနေနဲ့ကတော့အဆင့်တွေကျော်တက်ဖို့ မဖြစ်နိုင်ပါ
ဘူး။(ယုံကြည်ကျန်မာ၊စိတ်ဖြောင့်စွာဖြင့်၊လွန်စွာအားထုတ်နာမ်နှင့်ရုပ်ကို၊ဖြစ်ချုပ်ဥာဏ်မြင်၊ …ဤငါးအင်အမှန်ပင်
မဂ်ရကြောင်း)…...ဟူသောဆောင်ပုဒ်ကိုမိုးကုတ်ဆရာတော်ဘုရားကြီးကညွှန်ပြထားပါတယ်။ပဓာနိယင်္ဂတရား(
၅)ပါးလို့ လည်းခေါ်ပါတယ်၊ပဓာနိယင်္ဂတရားငါးပါးဆိုတာတရားအားထုတ်သူရဲ့အင်္ဂါရပ်ငါးပါးဖြစ်ပါတယ်၊အဲဒီငါးပါ
းပြည့်စုံမှတရားရနိုင်ပါမယ်၊မိမိ မှာဘယ်လိုအချက်လိုနေလည်းဆိုတာချင့်ချိန်ဖြည့်ဆည်းနိုင်အောင်လို့ တင်ပြလို
က်ရပါတယ် …..။
(၁) ဘုရား၊တရား၊သံဃာအပေါ်ယုံကြည်သောသဒ္ဒါတရားရှိရမယ်။
(၂) ကျန်းမာသူလည်းဖြစ်ရမယ်။
(၃) စိတ်ထားဖြောင့်မတ်သူလည်းဖြစ်ရမယ်။
(၄) ဇွဲသန်ကြိုးစားအားထုတ်သူလည်းဖြစ်ရမယ်။
(၅) ဥာဏ်စွမ်းဥာဏ်စလည်းရှိရမယ်၊ထိုသို့ အင်္ဂါငါးပါးနှင့်ပြည့်စုံသူဖြစ်ပါကမကြာမီတွင်
တရားထူးရနိုင်၏။………။
အဲဒီပဓာနိယင်္ဂတရားငါးပါးထဲကနံပါတ်တစ်အင်္ဂါဖြစ်တဲ့ဘုရား၊တရား၊သံဃာအပေါ်ယုံကြည်စိတ် …{သဒ္ဒါတရား}
ဟာအလွန်ဘဲအရေးကြီးပါတယ် …….။(ဆက်လက်တင်ပြပါဦးမည် )
(ဦးတင်ဟန်၊ရှမ်းတဲကြီး)မှတဆင့်ကူးယူဝေငှ ဒါနပြုပါသည်။ [၀ိဇ္ဇာစရဏသမ္ပန္နော]
သဒ္ဓါတရား(၄)မျိုး
သဒ္ဓါနည်းလျှင်၊တရားနဲ့လွဲပြီး၊သဒ္ဓါထားလျှင်တရားရပါမယ်။သဒ္ဓါ(၄)မျိုးရှိပါတယ်။
(၁)ပသာဒသသဒ္ဓါကြည်ညိုဖွယ်အာရုံ ၀တ္ထုတို့ ကိုမြင်ရ၊တွေ့ရ၊ကြားရသောအခါစဉ်းစားဆင်ခြင်ခြင်းမရှိဘဲဖြစ်ပေါ်
လာသော၊ယုံကြည်မှု၊ကြည်လင်မှု၊သဒ္ဓါမျိုးသည်၊ဖြစ်လွယ်ပျက်လွယ်သောသဒ္ဓါမျိုးပင်တည်း။
(၂)သြကပ္ပနသဒ္ဓါကြည်ညိုဖွယ်စူးစမ်းဆင်ခြင်၍သက် ၀င်ယုံကြည်သောသဒ္ဓါမျိုးသည်သြကပ္ပနသဒ္ဓါမည်၏ယခု
အခါမြတ်စွာဘုရားသာသနာတော်တွင်း၌နည်းမှန်လမ်းမှန်ဖြင့်ကျင့်ကြံအားထုတ်လျှင်မဂ်ဖိုလ်ကိုရနိုင်သေးသည်
ဟုယုံကြည်မှုသည်လည်းဤသဒ္ဓါမျိုး၌အကျုံးဝင်လေသည်။
(၃)အာဂမနသဒ္ဓါနိယတဗျာဒိတ်ပန်းကိုဆင်မြန်းတော်မှုသော၊အလောင်းတော်ကြီးတို့ သာလျှင်ရသောသဒ္ဓါမျိုးဖြစ်
သည်။
(၄)အဝေစ္စပသာဒသဒ္ဓါအရိယာတို့ သာလျှင်ရသောသဒ္ဓါမျိုးဖြစ်၍ဘယ်သူဖျက်ဖျက်မပျက်သောသဒ္ဓါမျိုးဖြစ်ပါသ
ည်။
အထက်ပါသဒ္ဓါ(၄)မျိုးအနက်သြကပ္ပနသဒ္ဓါမျိုးနှင့်ပြည့်စုံမှသာလျှင်၊ယခုဘ၀မှာအရိယာဖြစ်နိုင်ခွင့်ရှိပါသည်။ (သူ
တော်ကောင်းဥစ္စာ ၇ ပါးတွင်ပါဝင်သော
သဒ္ဓါသည်ဘုရား၊တရား၊သံဃာရတနာသုံးပါးတို့ ၏ဂုဏ်ကိုယုံကြည်ခြင်း၊ကံ -ကံ၏အကျိုးကိုယုံကြည်ခြင်း
ဖြစ်ပါသည်၊အရိယာဖြစ်လိုသောပုဂ္ဂိုလ်သည်ဤသဒ္ဓါမျိုးနှင့်ပြည့်စုံရပါမည် )။
ဒါကြောင့်ယုံကြည်စိတ် (သဒ္ဓါတရား)ခြေတလှမ်းစတင်ချကာ၊ယုံကြည်ကိုးကွယ်မှအား၊အခြေခံမှစတင်လေ့လာ
အားထုတ်ကြရပါမည်။အခြေခံအားဖြင့်သာမန်ပုထုဇဉ်ဘ၀မှာပင်ဗုဒ္ဓဘာသာဝင်တို့ သည်
ဆရာ၊မိဘ၊သံဃာတော်များ၏ဟောကြားပြောဆိုဆုံးမမှုများအား၊ခံယူလိုက်နာကျင့်သုံးရပါမည်၊တကယ်လိုက်နာ
ခံယူကျင့်သုံးပါက(ကလျာဏပုထုဇဉ် )ဟုခေါ်ထိုက်သောပုဂ္ဂိုလ်ဖြစ်လာပါမည်။ ကလျာဏဆင့်သို့ 
ရောက်လာပြီဖြစ်တဲ့ပုဂ္ဂိုလ်ဟာဘုရား၊တရား၊သံဃာကိုဘဲကိုးကွယ်ဆည်းကပ်ပြီးအကုသိုလ်ဖြစ်မယ့်အလုပ်တွေ
ကိုရှောင်
ဖယ်ကာကုသိုလ်ဖြစ်မယ့်အလုပ်တွေကိုဘဲလုပ်တော့မယ်။ငါးပါးသီလကိုလည်းလုံခြုံအောင်စောင့်ထိန်းတော့မယ်
ဘယ်ဘိုးတော်၊ဘယ်ဒေ၀ီ၊ဘယ်ဘီလူးကိုမှလည်းပူဇော်ပသတောင်းပန်ခြင်းမပြုတော့ပါ၊မိမိမှာဘုရားတရားသံ
ဃာဆိုတဲ့ရတနာသုံးပါးအစစ်ရှိနေပြီ၊ကိုယ်ကျင့်တရားဖြစ်တဲ့ငါးပါးသီလလည်းရှိနေပြီ၊မြဲနေပြီဆိုရင်၊ဘယ်အချိန်
ဘယ်ဒေသမှာဘယ်ဘေးနဲ့သေသေအပါယ်သို့ မရောက်ဘူးဆိုတာသေချာပါတယ်။
ကိုးကွယ်ဆည်းကပ်ခြင်း(၃)မျိုး
ဗုဒ္ဓဘာသာကိုးကွယ် သူတယောက်အနေနဲ့ မိမိကိုယ်မိမိဘာကြောင့်
ဘုရား၊တရား၊သံဃာကိုကိုးကွယ်သည်၊မိမိမည်သည့်ဗုဒ္ဓဘာသာဖြစ်နေသည်ကိုပထမဦးစွာသိသင့်ပါသည်၊
များသောအားဖြင့်ဗုဒ္ဓဘာသာဝင်တို့ မှာ ကိုးကွယ်ဆည်းကပ်ခြင်း(၃)မျိုးသာတွေ့ရှိနိုင်ပါတယ်။
၁။ကုလာစာရဗုဒ္ဓဘာသာ -မိရိုးဖလာအရအစဉ်သဖြင့် ကိုးကွယ်သောဗုဒ္ဓဘာသာ…..။
၂။လာဘဗုဒ္ဓဘာသာ -လာဘ်လာဘမျှော်ကိုး၍ ကိုးကွယ်သောဗုဒ္ဓဘာသာ……….။
၃။ဘယဗုဒ္ဓဘာသာ -ဘေးရန်ကြောက်၍ ကိုးကွယ်သောဗုဒ္ဓဘာသာ…………….။
ကုလာစာရဗုဒ္ဓဘာသာဆိုသည်မှာမိဘဘိုးစဉ်ဘောင်ဆက်ကိုးကွယ်လာခဲ့သဖြင့်ကိုးကွယ်သည့်
မိရိုးဖလာဗုဒ္ဓဘာသာဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရကိုသေသေချာချာမသိ၊ မိဘဘိုးစဉ်ဘောင်ဆက်
ကိုးကွယ်သဖြင့် မိမိဆက်လက်ကိုးကွယ်နေခြင်းဖြစ်သည်။
လာဘဗုဒ္ဓဘာသာဆိုသည်မှာစီးပွားလာဘ်လာဘကိုမျှော်ကိုး၍ ကိုးကွယ်သောဗုဒ္ဓဘာသာဖြစ်သည်။
ရာထူးတက်ဖို့၊ ထီပေါက်ဖို့၊ စီးပွားရေးအဆင်ပြေဖို့၊ နတ်ဆရာ၊ ဂိုဏ်းဆရာ၊ ဗေဒင်ဆရာတွေ
ညွှန်ကြားစေခိုင်းတဲ့အတိုင်းကျင့်ကြံကိုးကွယ်နေသောဗုဒ္ဓဘာသာဖြစ်သည်။
ဘယဗုဒ္ဓဘာသာဆိုသည်မှာဘေးရန်ကိုကြောက်၍ ကိုးကွယ်သောဗုဒ္ဓဘာသာဖြစ်လေသည်။
မိမိရာထူးနေရာပြုတ်မည်ကိုကြောက်ရွံ့ ၍သော်လည်းကောင်း၊
စီးပွားဥစ္စာပျက်စီးဆုံးရှုံးမည်ကိုကြောက်ရွံ့ ၍သော်လည်းကောင်းဗေဒင်ဆရာ၊ နတ်ဆရာ၊ ဓာတ် ဆရာ၊
ဂိုဏ်းဆရာတို့  စေခိုင်းချက်အတိုင်းကျင့်ကြံအားထုတ်ကိုးကွယ်နေသောဗုဒ္ဓဘာသာဖြစ်သည်။
အထက်ပါ ဗုဒ္ဓဘာသာ (၃) မျိုးကိုကိုးကွယ်သူတို့ ဟာအခါအားလျော်စွာဒါန၊ သီလ၊
သမထတရားများသာပွားများကြမည်။ ဒါန၊ သီလ၊ သမထတရားတွေဟာလောက၌
မြတ်စွာဘုရားမပွင့်လည်းရှိသောသာသနာပတရားများသာ ဖြစ်ပါတယ်။ ဗုဒ္ဓ၀ါဒ၏ အနှစ်သာရဖြစ်သည့်
နိဗ္ဗာန်ရရာရကြောင်း၊ ၀ိပဿနာတရားသည်သာလျှင်မြတ်စွာဘုရားပွင့်မှ သိခွင့်ရသော၊
နာကြားခွင့်ရသောတရားများသာဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ဖော်ပြခဲ့တဲ့
ဗုဒ္ဓဘာသာ (၃) မျိုးကိုရှောင်ကြဉ်၍ ဗုဒ္ဓ = ဗုဒ္ဓမြတ်စွာဘုရား၊ ဓမ္မ = တရားတော်၊ သံဃ = သံဃာတော်တို့၏
ဂုဏ်တော်တို့ ကို ကြည်ညိုမြတ်နိုး၍ မိမိတို့ ဆင်းရဲကို ငြိမ်းပေးနိုင်သည်ဟုမှတ်ယူပြီးအားကိုးရာအနေဖြင့်
ယုံကြည်ဆည်းကပ်ကိုးကွယ်ရမှာဖြစ်ပြီးဘုရား၊ တရား၊ သံဃာရတနာသုံးပါးမှတစ်ပါးအခြားတရား၊
အခြားအရာတို့ ဟာမိမိတို့ အားဆင်းရဲကို ငြိမ်းပေးနိုင်သည်ဟုထင်မှတ်ကာအားကိုးရာအနေဖြင့်
ယုံကြည်ကိုးဆည်းကပ်လျှင်မှားယွင်းသောယုံကြည်အားကိုးမှု၊ မှားယွင်းသောကိုးကွယ်မှုသာ ဖြစ်ပါတယ်။
အဘယ်ကြောင့်ဆိုသော်ထိုတရား၊ ထိုအရာတို့၌ ဆင်းရဲငြိမ်းကြောင်းအကျင့်ကောင်း၊
အကျင့်မှန်မရှိသောကြောင့်ပင်ဖြစ်ပါတယ်။
မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနီး၌ ကုသိနာရုံပြည်အင်းကြင်းဥယျာဉ်ကြီးအတွင်းဝယ်ဘာသာ အယူဝါဒ အမှား၊
အမှန်ဝေဖန်ရွေးချယ်နိုင်ရန်သုဘဒ္ဒပရိဗိုဇ်အားအောက်ပါ သဘောတရားကိုဟောကြားတော်မူခဲ့၏။
၁။ မဂ္ဂင်ရှစ်ပါးကျင့်စဉ်ပါသော ဘာသာအယူ ၀ါဒသာလျှင်ကိလေသာကို ငြိမ်းစေ၏။ ကိလေသာငြိမ်းမှ
ဆင်းရဲငြိမ်း၏။ ဆင်းရဲကို ငြိမ်းစေမှ မှန်ကန်သောကိုးကွယ်ရာ ဖြစ်၏။
၂။ မဂ္ဂင်ရှစ်ပါးကျင့်စဉ်မပါသော ဘာသာအယူ ၀ါဒသည်ကိလေသာကိုမငြိမ်းစေနိုင်၊ ထို့ ကြောင့်
ဆင်းရဲခြင်းကိုမငြိမ်းစေနိုင်သဖြင့်မှန်ကန်သော ဘာသာအယူ ၀ါဒမဟုတ်၊ မှန်ကန်သောကိုးကွယ်ရာမဟုတ်။
ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေဖြင့်ယုံကြည်ဆည်းကပ်ကိုးကွယ်မှုမှန်ကန်ရန်လွန်စွာအရေးကြီးသဖြင့်
မြတ်ဗုဒ္ဓ၏ ဟောကြားသောတရားတော်များကိုသေသေချာချာလေ့လာရမည်ဖြစ်ပါ သည်။
(၂) သရဏဂုံ
သရဏဂုံဆိုသည်မှာသရဏ- ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။ ဂမန- ယုံကြည်ဆည်းကပ်ခြင်း။
မြတ်စွာဘုရားသည်အားကိုးရာသရဏ။ လူတို့ ကအားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ခြင်းသည်ဂမန - ဂုံ။
ထို့ ကြောင့် ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကိုအားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ခြင်းကို၊ သရဏဂမန -သရဏဂုံသုံးပါးဟုအဓိပ္ပာယ်ဖွင့်ဆိုကာ -(၁) မြတ်စွာဘုရားကိုအားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင်ဗုဒ္ဓသရဏဂုံတည်သည်။
(၂) မြတ်စွာဘုရား၏ တရားတော်ကိုအားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင်ဓမ္မသရဏဂုံတည်သည်။
(၃) မြတ်စွာဘုရား၏ တရားတော်ကိုစောင့်ရှောက်၍
တရားတော်အတိုင်းလိုက်နာကျင့်သုံးသောသံဃာအပေါင်းကိုအားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင်
သံဃသရဏဂုံတည်ပေသည်။
ဗုဒ္ဓဘာသာဝင်အများစုသည်သက်ပျောက်ဆွမ်း၊ ရက်လည်ဆွမ်း၊
လလည်ဆွမ်းစသည့်နာရေးဆိုင်ရာအလှူဒါန်ပြုပွဲများနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားမျိုးစုံတို့၌
သရဏဂုံဆောက်တည်လျက်ရှိကြသည်။ မိမိတို့  ခံယူဆောက်တည်ခဲ့သောသရဏဂုံမှာသရဏဂုံဖြစ် /မဖြစ်
တည် /မတည်၊ ပျက် /မပျက်။ သရဏဂုံအကျိုးရနိုင် /မရနိုင်တို့ ကိုသေသေချာချာစိစစ်လေ့လာသင့်ပေသည်။
သရဏဂုံ (၂) မျိုး
ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ယုံကြည်ဆည်းကပ်မှုဖြင့် တည်သောလောကီသရဏဂုံ၊ အရိယာတို့ ၏သန္တာ၌
မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်နှင့်အတူတကွ ဖြစ်တည်လာသောလောကုတ္တရာသရဏဂုံဟု (၂) မျိုးရှိ၏။
လောကီသရဏဂုံသည်ညစ်လည်းညစ်နွမ်းနိုင်၏။ ပျက်လည်းပျက်စီးနိုင်၏။ လောကုတ္တရာသရဏဂုံသည်
ညစ်လည်းမညစ်နွမ်း၊ ပျက်လည်းမပျက်စီးနိုင်ပေ။
ခံယူပုံ (၄) မျိုး
သရဏဂုံခံယူရာ၌ ခံယူပုံအခြင်းအရာ (၄) မျိုးရှိ၏။ယင်း (၄) မျိုးကိုပင်သရဏဂုံ (၄) မျိုး ဟုခေါ်ဝေါ်ကြ၏။
(၁) အတ္တသန္နိယျာတဏသရဏဂုံ (ရတနာသုံးပါးကိုအာရုံပြုလျက် “ယနေ့မှ အစပြု၍ ငါသည်
ငါ၏ကိုယ်ခန္ဓာကိုဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးအားအပ်နှင်းပါ၏”
ဟုမိမိကိုယ်ကိုရတနာသုံးပါးအားစွန့် လွှတ်အပ်နှင်းခြင်းကိုအတ္တသန္နိယျာတဏသရဏဂုံဟုခေါ်သည်။)
(၂) တပ္ပရာယဏတာသရဏဂုံ (ရတနာသုံးပါးကိုအာရုံပြုလျက် “ယနေ့မှ အစပြု၍ ငါသည်ဘုရား၊ တရား၊
သံဃာရတနာမြတ်သုံးပါးကိုသာလျှင်အားကိုးပါ၏၊ အားထားပါ၏၊ လဲလျောင်းပါ၏”
ဟုရတနာသုံးပါးကိုသာအားကိုးအားထားခြင်း၊
ကိုးကွယ်လဲလျောင်းခြင်းကိုတပ္ပရာယဏတာသရဏဂုံဟုခေါ်သည်။)
(၃) သိဿဘာဝူပဂမန သရဏဂုံ (ရတနာသုံးပါးကိုအာရုံပြုလျက် “ယနေ့မှ အစပြု၍ ငါသည်ဘုရား၊ တရား၊
သံဃာရတနာမြတ်သုံးပါး၏ အနီးနေတပည့်ဖြစ်သည် ” ဟုရတနာသုံးပါး ၏ တပည့်အဖြစ်ကပ်ရောက်ခြင်း၊
ခံယူခြင်းကိုသိဿဘာဝူပဂမန သရဏဂုံဟုခေါ်သည်။)
(၄) ပဏိပါတသရဏဂုံ (ရတနာသုံးပါးကိုအာရုံပြုလျက် “ယနေ့မှ အစပြု၍ ငါသည်ဘုရား၊ တရား၊
သံဃာရတနာမြတ်သုံးပါးကိုသာလျှင်ရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ်ချီခြင်း၊
အရိုအသေပြုခြင်းအမှုတို့ ကိုပြုပါ၏” ဟုရတနာသုံးပါး၌ အထွတ်အမြတ်အဖြစ်လွန်စွာ
ရိုသေပျပ် ၀ပ်ခြင်းကိုပဏိပါတသရဏဂုံဟုခေါ်သည်။)
ဤကိုးကွယ်ဆည်းကပ်ပုံ (၄) မျိုးတွင်တစ်မျိုးမျိုးဖြင့်အားကိုးအားထားရာအဖြစ်ကိုးကွယ်ဆည်းကပ်လျှင်
သရဏဂုံခံယူမှုကိစ္စ ပြီးမြောက်သည်။
ရှိခိုးတိုင်းသရဏဂုံမဖြစ်
မည်သည့်ပုဂ္ဂိုလ်မဆိုရှိခိုးတိုင်းသရဏဂုံမဖြစ်။ ယုံကြည်ဆည်းကပ်မှုမဟုတ်။သီလ၊ သမာဓိ၊
ပညာအကျင့်တရားတို့ နှင့် ပြည့်စုံ၍ မြင့်မြတ်သောပုဂ္ဂိုလ်အဖြစ်ဖြင့် ရှိခိုးမှသာသရဏဂုံ ဖြစ်သည်။
ယုံကြည်ဆည်းကပ်မှုဖြစ်သည်။
၁။ ဆွေမျိုးဖြစ်၍ ရှိခိုခြင်း။
၂။ ကြောက်၍ ရှိခိုခြင်း။
၃။ ဆရာဖြစ်၍ ရှိခိုခြင်း။
ဤရှိခိုးခြင်းများသည်သရဏဂုံမဖြစ်။ မြတ်စွာဘုရားကိုပင်ဆွေမျိုးဖြစ်၍ ရှိခိုးလျှင်သရဏဂုံမဖြစ်ပေ။
ရှိခိုးသော်လည်းသရဏဂုံမပျက်
ရတနာသုံးပါးကိုယုံကြည်ဆည်းကပ်သဖြင့် သရဏဂုံတည်နေသော ဗုဒ္ဓဘာသာဝင်
တစ်ယောက်သည်အခြားဘာသာမှ ဘုရားဆိုသူများ၊ ဘုန်းကြီးဆိုသူများကိုဆွေမျိုးဖြစ်ခြင်း၊
ဆရာဖြစ်ခြင်းကြောင့် ရှိခိုးသော်လည်းသရဏဂုံမပျက်၊
မြင့်မြတ်သောပုဂ္ဂိုလ်ဟုယူဆ၍ရှိခိုးမှသာသရဏဂုံပျက်သည်။
သရဏဂုံညစ်နွမ်းခြင်း (၄) မျိုး
၁။ ရတနာသုံးပါး၏ဂုဏ်ကိုမသိလျှင်ဖြစ်စေ။
၂။ အသိမှားလျှင်ဖြစ်စေ။
၃။ ယုံမှားသံသယရှိလျှင်ဖြစ်စေ။
၎။ ရတနာသုံးပါးကိုမရိုသေလျှင်ဖြစ်စေသရဏဂုံညစ်နွမ်း၏။ သရဏဂုံညစ်နွမ်းလျှင်
ကြီးကျယ်ဖွံ့ ဖြိုးသောကောင်းကျိုးကိုမရနိုင်ပေ။
သရဏဂုံပျက်ပုံ (၂) မျိုး
တစ်စုံတစ်ယောက်၏ သန္တာန်၌ တည်နေသောသရဏဂုံသည်-၁။ အခြားဘာသာအယူ ၀ါဒကိုယုံကြည်ကိုးကွယ်သောကြောင့်ဖြစ်စေ၊
၂။ သေဆုံးသောကြောင့်ဖြစ်စေပျက်စီး၏။
အယူ ၀ါဒတစ်ပါး ပြောင်းသွားကိုးကွယ်၍ သရဏဂုံပျက်စီးလျှင်ဒိ ဋ္ဌိ၊ တဏှာစသောကိလေသာပွား၍
အပြစ်များ၏။ သေဆုံးသောကြောင့်သရဏဂုံပျက်စီးလျှင်မည်သည့်အပြစ်မျှ မရှိပေ။
သရဏဂုံမတည်နိုင်သူ
သရဏဂုံတည်နေသူသည်အခြားဘာသာကိုပြောင်းလဲကိုးကွယ်မှုမပြုသမျှ မသေမချင်းသူ့ သန္တာန်၌
သရဏဂုံတည်နေ၏။ သေလျှင်ကားသရဏဂုံပျက်သွားပေပြီ။ သေပြီးနောက်
စိတ်မရှိတော့သောဥတုဇရုပ်အလောင်း၌မူသရဏဂုံမတည်နိုင်ပေ။ စိတ်သည်လည်းဥတုဇရုပ်ကြွင်းအနီး
၌မရှိတော့ဘဲ နောက်တစ်ဘ၀၌ ဖြစ်ပျက်အစဉ်အတိုင်း ဖြစ်လျက်နေလေပြီ။၎င်းကိုသေသေချာချာမသိသဖြင့်
မိမိ၏မိဘဆွေမျိုးများ၏ ဥတုဇရုပ်အလောင်းအားသရဏဂုံတင်နေသူများအများအပြားပင်။
မိမိတို့ ခံယူဆောက်တည်ကျင့်သုံးနေသောသရဏဂုံကိုအားမနာတမ်းမိမိကိုယ်မိမိ
ပြန်လည်ဝေဖန်စိစစ်ကြည့်ပါကယခင်ကဆောက်တည်ခံယူခဲ့သောသရဏဂုံမှာဘယ်လိုပုံသဏ္ဌ
No comments:
Post a Comment