***သောတာပန်ဖြစ်ခြင်း အင်္ဂါလေးပါး***
(သုတ်ပါထေယျ၊ပါဋ္ဌိတော်)
*စတ္တာရိမာနိ ဘိက္ခဝေ သောတာပတ္တိ ယင်္ဂါနိ၊ ကတမာနိ စတ္တာရိ၊
သပ္ပုရိသသံသေဂေါ သဒ္ဓမ္မသ၀နံ ယောနိသော မနသိကာရော ဓမ္မာနုဓမ္မပဋိပတ္တီတိ။
*သံသရာဝဋ်ကျော့ကွင်း ညွတ်မှ ကင်းလွတ်လိုငြား အိုချစ်သားတို့၊ လေးပါးသော တရားတို့သည်၊ သောတာပန် ဖြစ်ဖြင်း အကြောင်း အင်္ဂါတို့တည်း၊ အဘယ်အကြောင်း တရားလေးပါး တို့နည်းဟုမှုကား။
#ရုပ် နာမ် ခန္ဓာ ဓာတ်သစ္စာတို့၌ ကျွမ်းကျင် လိမ်မာသော သူတော်ကောင်း တို့နှင့် ပေါင်းဖော်ရခြင်းတပါး..။
#ရုပ်၊နာမ်၊ ခန္ဓာ၊ ဓာတ်သစ္စာ၊ တို့နှင့် စပ်သော တရားစကားကို ကြားနာ နာခံ မှတ်သား သင်ကြား ရခြင်းသည် လည်းတပါး။
#ရုပ်ဓာတ် နံဓာတ် ခန္ဓာဓာတ် ပရမတ်တရားတို့ကို မြင်အောင် ထင်အောင် အသင့်အတင့် နှလုံးသွင်းရခြင်း သည်လည်းတပါး။
#မဂ်ဥာဏ်၊ ဖိုဥာဏ်၊ နိဗ္ဗာန်တရားတို့ကို ရခြင်း၏ အကြောင်းဖြစ်သော သက္ကာယဒိဋ္ဌိကို ပယ်ရှား ရခြင်းလည်း တပါး။
စသည်တို့သည်သောတာပန်ဖြစ်ခြင်း အင်္ဂါလေးပါးပေတည်း။
ရုပ် နာမ်၊ ခန္ဓာ ဓာတ်သစ္စာတို့ကို ဟောပြော ပြနိင်သော သူတော်ကောင်းနှင့် ပေါင်းမိခြင်း၊ရုပ်နာမ် ခန္ဓာ ဓာတ်သစ္စာတို့ကို မိမိက ကြားနာ နာခံ သင်အံ ကျက်မှတ်ခြင်း၊ မိမိစိတ်ကို ကောင်းစွာအသင့်အတင့် နှလုံးသွင်းနိင်ခြင်း၊ ဤအင်္ဂါသုံးပါးနှင့်ပြည့်စုံသော်လည်း၊ မဂ်ဥာဏ် ဖိုဥာဏ် နိဗ္ဗာန် တရားတော် မြတ်ကိုရခြင်း၏ အကြောင်းဖြစ်သော သက္ကာယဒိဋ္ဌိ တရားကို မပယ်သတ် နိင်က မဂ် ဖို နိဗ္ဗာန်ကို မရနိင်ဟူ၏၊ ဤလေးပါး တပါးပါး ပျက်ကွက်က သောတာပန်မဖြစ်နိင်၊
သောတာပတ္တိမဂ် ဆိုသော စကားသည်၊ မဂ္ဂေါ၊ သံသရာနယ် စခန်းမှ ထွက်လမ်းတည်းဟူသော ခရီးအစ သို့။ သောတော၊ စီးဝင်ခြင်းသည်၊ ပတ္တိ၊ ရောက်ကုန်၏ တနည်း သောတ နား၊ မဂ္ဂ၊ မဂ်တရား၊ ပတ္တိ၊ေ၇ာက်ခြင်း၊ အဓိပ္ပါယ်မှာ သံသရာကို ထွက်တက်သော မဂ်တရား နားသို့ ရောက်သူဟု ခေါ်သည်။
သံသရာ ထွက်ကြောင်း တရားနားကို ရောက်လျှင် သောတာပန်ဖြစ်မည်လောဟု မေးစရာ ရှိပါ၏၊ နားကိုရောက်ရုံ ကြားရုံမျှနှင့် မဖြစ်နိင်၊ သောတာပန်ဖြစ်တက်သော နည်းလမ်းစဉ်ကို နားမှာ ကြားသည့်အတိုင်း မိမိစိတ်က ပယ်ရမည့် တရားကိုပယ် ယူရမည့်တရားကို တခါတည်း စွဲမြဲယူ လိုက်မှ သောတာပန်ဖြစ် မည်ဟု မှတ်ပါလေ ။
No comments:
Post a Comment