Saturday, May 11, 2013

အနှိုင်းမဲ့ ရတနာတပါး ၊

ယုံကြည် ကိုးကွယ်မှု ဟုဆိုလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင် သူတော်ကောင်း အပေါင်းတို့ မျက်စိထဲပြေးမြင် ကြမည်မှာ ဘုရား၊ တရား၊ သံဃာ ဟု
ဆိုအပ်သော ရတနာသုံးပါး ကိုပင်ဖြစ်ပါသည်၊ တကယ်လည်း မှန်ကန်ပါသည်၊ ရတနာသုံးပါးသည် သူတော်ကောင်းတို့ အပေါ်ကျေးဇူး မရှိသ
လော ဟုမေးမြန်းပါက သူတော်ကောင်းတို့ မည်ကဲ့သို့ဖြေမည်နည်း၊ ကျနော့်အဖြေကတော့ ကျေးဇူးလုံးဝ ရှိသည်ဟု ဖြေရပါမည် အဘယ်ကြောင့်
ကျေးဇူးတင်ရသည်ကိုလည်း တင်ပြလိုပါသည်
ကျေးဇူးဂုဏ်ကိုသိမှ ကျေးဇူးရှိကြောင်းကို နားလည် သဘောပေါက်ပါမည်။
ဗုဒ္ဓဘုရားရှင်၏ ကျေးဇူးကြီးပုံ အထူးပြောစရာ ပင်လိုမည်မထင်ပါ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများ ငယ်စဉ်မှ သင်ယူမှတ်သား လာရသော
ဗုဒ္ဓ၀င်များ နုမှာငါးရာ ရင့်မှာတကျိပ် လေးသင်္ချေ နှင့် ကမ္ဘာတသိန်း အပြင် အသွေး အသား အသက်၊ စည်းစိမ်၊ သားမယား၊ မလှူဘူးတာမရှိ
ပါရမီဖြည့်၍လူ့ ဘ၀မှာပင် တောထွက်ပြီး ဒုက္ကရစရိယာ (၆)နှစ် ကျင့်ကြံခါ ဘုရားအဖြစ်သို့ရောက်သော အခါမှာလည်းနှစ်ပေါင်း(၄၅) ကျော်
သတ္တ၀ါတို့ အတွက် လောကီ၊ လောကုတ်၊ နှစ်ဖြာသော အကျိုးရှိစေမည့် တရားတော်များကို မနားမနေ ဟောကြားဆိုဆုံးမခဲ့ သည့်အတွက်ကျေး
ဇူးကြီးလှပါသည် ။
တရားတော်များ၏ ကျေးဇူးကြီးပုံမှာလည်း ထူးခြားဆန်းကြယ်လှပါသည်၊ လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀) ကျော်မှ ထွန်းကားပြန့်ပွားလာသော
မှန်ကန် လေးနက် သဘာဝရုပ်တိ ပြည့်စုံသော အယူဝါဒကြီး တခု လူ့အဖွဲ့အစည်းကြီး တခုလုံးကို လိမ်မာယဉ်ကျေး အောင်လမ်းညွှန်ပြသ ပေး
သော တရားတော်များ လူမျိုးမရွေး ဘာသာမရွေး ယခုကျင့်သုံး ပါကယခုပင် ချက်ခြင်းလက်ငင်း ငြိမ်းအေးချမ်းသာ ခြင်းအကျိုးကို ပေးစေသော
တရား ပိုလေ့လာလေ ပိုသိလေ အနှစ်သာရ ပိုရှိလေ ချမ်းသာခြင်းအစစ် ဖြစ်သော နိဗ္ဗာန်ထိရောက်အောင် လမ်းပြပေးနိင်သော၊တန်ဖိုးမဖြတ်နိင်
သော လောကီကြီးပွား ကြောင်းတရားများ လောကုတ္တရာ သံသရာလည်ကြောင်းမှ လွတ်မြောက်စေသောတရားမှ ကျေးဇူးမတင်ဘူးဆိုလျှင်ဘယ်
လောက် မိုက်မဲရာကျမည် ဆိုဘွယ်ရာမရှိပေ ။
သံဃာရတနာ ဒီရတနာ တပါးမှာတော့ ဆွေးနွေးတင်ပြစရာလေးရှိပါတယ်၊ အထက်မှာခေါင်းစဉ် လုပ်ထားတဲ့ရတနာ ဆိုတာဒီရတနာကို ဆိုလို
ချင်တာပါ သံဃာတော် တို့ရဲ့ စွန့်လွှတ်၊ စွန့်စား၊ အနစ်နာခံ မှုတွေဟာပြော၍ မကုန်နိင်ပါဘူး သိသူများလည်း ထပ်ပွားနိင်ပြီး မသိသူများ အဖို့
တော့ မဟာအခွင့်ထူးကြီးတခုပါဘဲ ကျနော်ဆိုလျှင် ဘုရားရှစ်ခိုးတိုင်း သံဃာဂုဏ်တော် ကို ပူဇော်တိုင်း ကြက်သီးထ ပီတိမျက်ရည် ၀ိုင်းခဲ့ရသော
အခါမနဲပါ အဘယ်အကြောင်း ကြောင့်ဆိုတာ ရှင်းပြပါမည်၊ သံဃာတော်များ မှာဘုရားရှင်စပွင့် ရာမှ နှစ်ပေါင်း (၂၅၀၀) ကျော် ၀ိနည်းများ ထိန်း
သိမ်း၍ ဓမ္မခန္ဓာ ပေါင်းရှစ်သောင်းလေးထောင် ကျော်တို့ပါဝင်သော ပိဋကတ် (၃) ပုံ ကိုအာဂုံဆောင် အလွတ်ကျက် မှတ်လက်ဆင့် ကမ်း ထိန်း
သိမ်း လာခဲ့သည်မှာ ရှင်မဟာကဿဖ ဦးဆောင်၍ ညီတော်အနန္ဒာ ပါဝင်သော ရဟန္တာ (၅၀၀) စုစည်းပြီး ပထမ သံဃာယနာ တင်အခမ်းအနား
မှအစ ပြုပြီး အဆင့်ဆင့် သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက် လာခဲ့သည်မှာ သံဃာတော်များ ပင်မဟုတ်ပါလား သံဃာတော်များ သာသန
ဝန်ထမ်း မစောင့်ရှောက် မထိန်းသိမ်းခဲ့ပါက ယနေ့ ကျနော်တို့နာယူ နေရသော တရားတော်များသည်လည်ကောင်း၊ ယဉ်ကျေးစွာနေထိုင် နိင်ေ၇း
လောကီတရားများသည်လည်ကောင်း ဆိတ်သုံးပျောက်ကွယ်၍ ရိုင်းစိုင်းသောသူများ ပင်ဖြစ်သွားမလား မပြောနိင်ပါ၊ရှေးအရင်က စာပေ ကျမ်းဂန်များ မပေါ်သေး၍အလွတ်ကျက်မှတ်ပို့ချရပါသည်။ ကျနော်မျက်ရည်လည်
သည့် နေရာလေးဆက်ပြောပါမည်၊ ဤသို့ ပိဋကက် (၃) ပုံကို အလွှတ် အာဂုံဆောင်၍ လက်ဆင့်ကမ်း ပို့ချနေစဉ် အိန္ဒိယ နှင့် နီပေါ နိင်ငံ
တ၀ိုက်တွင် ဆိုးရွားလှစွာသော အငတ် ဘေးကြီးကျရောက် လာရာ သံဃာတော်များကို လောင်းလှူဖို့နေနေသာသာ တိုင်းသူပြည်သား များပင်
အငတ်ဘေးဒါဏ် မခံနိင်ဘဲ သေသူကသေ ပြေးသူများက တိုင်းပြည်မှ ထွက်ပြေး နှင့်ဒုက္ခ ခံစားနေရချိန် လှူသူရှိမှ ဆွမ်းကွမ်းပြည့်စုံရသော
ရဟန်း၊ သံဃာတော်တို့ အဖို့တွင် ဆိုဖွယ်ရာမရှိချေ ဆွမ်းအငတ်ခံ ရပေမယ့် စာဝါအကျက် မပျက် ဆရာတော်များ ကလဲစာချမပျက် သာသန
တာဝန်ထမ်းဆောင်ရင်း ဗိုက်ဆာလျှင် ရေသောက် ရေဆွမ်းဘုန်းပေးပြီ ညအခါ ဆွမ်းနှင့်တူတာဆို ၍ ဘာအဖတ်မျှ ၀မ်းတွင်းမရှိ ၀မ်းဟာသော
အခါ ၀မ်းပူ၊ ရင်ပူ၊ သက်သာစေရန် သဲအိတ် များကို ၀မ်းဗိုက်တွင် ကပ်၍၎င်း ရင်ဘတ်တွင်ကပ်၍၎င်း အဆာဖြေ ခဲ့ရပြီ အချို့ကိုယ်တော်များမှာ
စာဝါကျက်မှတ် ရင်းသွေးအန်ပြီး ပျံလွန်တော်မူ သည်မှာ အပါးပေါင်းမရည်တွက် နိင်ပါ သို့သော် ယင်းအချိန်က သာသနာမကွယ်အောင် အသက်
ပေးစောင့် ရှောက်ခဲ့သည်မှာ သာသန အာဇာနည် ရဟန်းသံဃာ များပင်ဖြစ်ပါသည်၊ စာတော့ရှည်နေပါသည်သို့သော် အနည်ငယ်ဆက်တင်ပြချင်
ပါသည်၊ ဆဒ္ဒန်ဆင်မင်းဇတ်တော် တွင် သောနုထိုရ် မုဆိုးကို ရန်သူမှန်းသိသော ဆင်မင်းသည်အမှောင် တွင်းမှာနှာမောင်းနှင့် ဆွဲယူလိုက်ရာ
မုဆိုး က သံဃာတော်များ ရုံသည့်သင်္ကန်း ကိုနှာမောင်းတွင်း ထည့်ပေးလိုက်ရာ ယ္ခင့် ယခင် ပြုခဲ့ဘူးသောပါရမီများ ကြောင့် သူတော်ကောင်း
များဝတ်ဆင်သည့် အရာပါလားဟု အသိတရားရခါ ရန်မူတော့ဘဲ ကိုယ်တိုင် အစွယ်ကိုဖြတ်ပေး ခဲ့သောသာဓက ရှိခဲ့ရာကျနော် တို့အဖို့ ဆိုဖွယ်
ရာမရှိ ရဟန်း၊ သံဃာတော်များကို မလေးမစား မထီမဲ့ပြင် မပြုအပ်ပေ ယနေ့ခေတ် သမုတိ သံဃာတော် များမှာ စာဝါတက်နေသော သံဃာများ
ဝိပဿနာအားထုတ် နေသော သံဃာတော်များ၊ များစွာရှိသည့် အနက် အချို့အနည်းငယ် မျှသော သာသန သံယုတ်ပတ္တိ နှင့်မညီသော ရဟန်း
များကို တွေ့ရ၍ ကြည်ညိုသဒ္ဓါ တရားမပျက်သင့်ပေ၊ ဆဒ္ဒန်ဆင်မင်း သည်ပင်လျှင် သံဃာတော်မဟုတ်ဘဲ သင်္ကန်းကိုပင် ရိုသေတရား ထားပြီး
အသက်ပေးခဲ့သည် ဆိုလျှင် ကျနော်တို့အနေဖြင့် အသက်မပေးသည့်တိုင်အောင် ရိုသေမှုဂါရ၀တရား ရှိသင့်ပါသည်။
နိဂုံးချုပ်ဆိုရသော် တရားတော်များကို နှစ်ပေါင်း (၂၅၀၀) ကျော်အောင် အသက်ပေးစောင့်ရှောက်လာသော သံဃာတော်များ၊သာသန
အာဇာနည်များ၊ယနေ့အချိန်ထိလည်း တရားရေအေး အမြိုက်ဆေးကို တိုက်ကြွေး ဟောကြားနေသော သာသနာကို ကိုယ်ကျိုးစွန့် အနစ်နာခံ
နေသော ရဟန်းသံဃာ တော်များကို ရိုသေ ဂါရ၀ တရားထား၍ သံဃဂုဏ်တော် တို့ကို အာရုံပြု ကြည်ညို သဒ္ဓါတရားပွားနိင် ကြပါရန် ညီလေး
ညမလေး၊ အကို အမ အားလုံးကို မေတ္တာဖြင့် တိုက်တွန်းနိုးဆော်လိုက်ရပါသည် ။
(၀ိဇ္ဇာစရဏသံမ္ပတော)

No comments:

Post a Comment