Saturday, May 11, 2013

ကိလေသာ ပြဿနာ ။

သူတော်ကောင်း တို့ကို ကိလေသာအကြောင်းနဲနဲပြောချင်ပါတယ် အချို့လူတွေနားလည် ထားတာက ကိလေသာဆိုတာ ယေင်္ကျား နဲ့ မိန်းမ တဏှာရာဂ ကိစ္စတွေဘဲ လို့ရောထွေး အမှတ်မှားနေကြပါတယ်။ မိန်းမ များများယူထားတဲ့သူ ကိုလည်း ကိလေသာထူပြောတဲ့ သူလို့သုံးနှုန်းတတ်ကြပါတယ် ဒီမှာ “ကိလေသာ” အသုံးမှားနေကြတော့ လူတွေက ကိလေသာဆိုတဲ့ဝေါဟာရ ကိုသိပ်မကြောက်ကြတော့ဘဲ ပျော်စေ ပျက်စေ ပေါ့ ပေါ့ ပါး ပါး သဘောထားနေကြပါတယ် ။
တကယ်တော့ ကိလေသာတရား (၁၀)ပါးဟာ စိတ်ကိုညစ်နွမ်းစေရုံတင်မကဘဲ ပစ္စုပ္ပန် နဲ့ အနာဂါတ် ကာလ (၂)ပါးလုံးမှာ ကောင်းကျိုးမပေးဘဲ ဘ၀ပါ ပျက်စီးနိမ့်ကျစေတဲ့ အ၀ိဇ္ဇာ နဲ့ တဏှာ ကိုယ်ပွား အကုသိုလ် အကြောင်းတရားဆိုးတွေ ဖြစ်လို့ သတိထားေ၇ှာင် ကြဉ်ကြရမှာ ဖြစ်ပါတယ် အဲဒီ ကိလေသာ (၁၀) ပါးကို ၀ိပဿနာ ရှုမှတ်ခြင်းနဲ့ လျော့ကျပါးလျား စေပါတယ် ဒီကိလေသာ (၁၀)ပါးကို ဖေါ်ပြရရင်တော့
ကိလေသာ(၁၀)ပါး ။.....။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ။ တို့ဖြစ်ပါတယ်၊ ရှင်းပြရရင်တော့
၁။ လောဘ = လိုချင် တပ်မက်ခြင်း ။
၂။ ဒေါသ = ရန်လို အမျက်ထွက်ခြင်း ။
၃။ မောဟ = တွေဝေ မိုက်မှားခြင်း ။
၎။ မာန = ထောင်လွှား မောက်မာခြင်း ။
၅။ ဒိဋ္ဌိ = အမှန်မသိ၊ အယူလွဲမှားခြင်း ။
၆။ ၀ိစိကိစ္ဆာ = ယုံမှား သံသယဖြစ်နေခြင်း ။
၇။ ထိနမိဒ္ဓ = ထိုင်းမှိုင်း ငှိက်မှေး သတိလက်လွှတ်နေခြင်း ။
၈။ ဥဒ္ဓစ္စ = စိတ်ပျံ့လွင့် တွေးတောနေခြင်း ။
၉။ အဟိရိက = မကောင်းမှု ပြုလုပ်ရန်မရှက်ခြင်း ။
၁၀။ နောတ္တပ္ပ = မကောင်းမှု ပြုလုပ်ရန် မကြောက်ခြင်း ။
တို့ဘဲဖြစ်ပါတယ် ၀ိပဿနာ ဘာဝနာတရားကို ရှုမှတ် အားထုတ်ခြင်းဖြင့် ကိလေသာတရား တွေကို လျော့ပါးကင်းကွာစေ ရုံသာမက မီး ( ၁၁ ) ပါးကိုလည်း ငြိမ်းအေးချမ်းသာစေပါတယ်..။
ရာဂ နှင့်တူသော မီးသည် မရှိ၊
ဒေါသ နှင့် တူသော အပြစ်သည်မရှိ၊
မောဟ နှင့် တူသော အမိုက်မှောင်သည် မရှိ၊
ခန္ဓာ နှင့် တူသော ဆင်းရဲခြင်းသည် မရှိ၊
နိဗ္ဗာန် နှင့် တူသော ချမ်းသာသည် မရှိ။ ။
ဓမ္မပဒ (၂၀၂)
ဦးမောင်မောင်မှကျေးဇူးပြု ရေးသည်။
( ၀ိဇ္ဇာစရဏသမ္ပတော )

No comments:

Post a Comment