Saturday, May 11, 2013

ဝိပဿနာဆိုသည်မှာ....?

ယနေ့ခေတ်ဗုဒ္ဓဘာသာဝင်၊ သူတော်ကောင်းများ အားလုံးသိရှိ နားလည်း အားထုတ်နေကြသော ၀ိပဿနာ
ဆိုသည်မှာ အဘယ်နည်းဟု မေးခွန်းထုတ်သော် ၀ိ ဆိုသည်မှာအထူး ပဿနာ ကတော့ရှုမှတ်မှုကိုခေါ်ပါတယ်

အထူး ရှုမှတ်အားထုတ်မှုဆိုလည်း မမှားပါဘူး သို့သော် ၀ိပဿနာ ဆိုသည်မှာ ဤတခုပင် ရှိသလောဟုမေးစ
ရာထပ်မေးသော် (၃)မျိုးရှိသည်ဟု ဖြေရပါမည်၊ ၎င်းတို့ကိုဖေါ်ပြရလျှင်....
၁။ -သင်္ခါရပရိဂ္ဂဟ ၀ိပဿနာ။ ။အားထုတ်မှု ဖြစ်ပေါ်မှု တို့ကို ပိုင်းခြား၍ သိမြင်သော ၀ိပဿနာ ၊

၂။ -ဖလသမာပတ် ၀ိပဿနာ။ ။ငြိတွယ်မှုကို ပယ်သတ်နေသည့် ၀ိပဿနာ ။

၃။ -နိရောဓသမာပတ် ၀ိပဿနာ။ ။စိတ်နှင့် စေတသိတ်တို့ကို ချုပ်ငြိမ်းအောင် ဆင်ခြင်နေသည့် ၀ိပဿနာ ။


အထက်ပါ ၀ိပဿနာ (၃)မျိုးတွင် ကလျာန နွယ်ဝင်သူတော်ကောင်းတို့ အများအားဖြင့် အားထုတ်နေသော
ဝိပဿနာမှာ နံပါတ်တစ် အမျိုးအစား ဖြစ်သည်၊သည့်ထက် အဆင့်မြင့်လာပါက နံပါတ် နှစ်အမျိုးအစားကိုလည်း
အားထုတ် နိင်သည်၊ သို့သော် နံပါတ်သုံး အမျိုးအစား ကိုမူကား ပုထုဇဉ်မှစ၍ သုက္ခ၀ိပဿက ရဟန္တာများအထိ
အားမထုတ် နိုင်ချေ သမာပတ် ရှစ်ပါးနှင့်ပြည့်စုံသော အနာဂမ်နှင့် ရဟန္တာ တို့သည်သာ အားထုတ် နိင်သော
ဝိပဿနာ မျိုးဖြစ်သည် ။
(၀ိသုဒ္ဓိမဂ် အဋ္ဌကထာ- ပညာဘာဝနာနိသံသ နိဒ္ဒေသ ပိုင်းမှ ကြည့်ရှုနိင်သည် ။)
(၀ိဇ္ဇာစရဏသမ္ပတော)

No comments:

Post a Comment