Wednesday, December 3, 2014

ပကာသနအလှူရှင်နှင့် ယမမင်း အင်တာဗျူး

(ယမမင်း) သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
(ယောက်ျား) သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှဏ်၍လှူခဲ့တယ်။

(ယမမင်း) လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
(ယောက်ျား) သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာလျှောက်တော့မယ်။ ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူမျှော်မိတယ်။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။ ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။


(ယမမင်း) ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။
(ယောက်ျား) ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ကျွေးခဲ့တယ်။ မျက်နှာနည်းပါး၊ လူမွဲများ၊ မလွှဲသာကျွေးကျွေးရတယ်။ လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူးခင်းပေးတယ်။ သည်ကိုဟိုကို၊ ကြွပါဗျို၊ ဗျိုဗျာမစဲ ခေါ်ခဲ့တယ်။ ကွမ်းဆေးလက်ဖက်၊ ဆီအက်အက်၊ ၀က်နှင့်ကြက်သား ကျွေးခဲ့တယ်။ ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှသဒ္ဓါတယ်။

(ယမမင်း) မင့်အလှူမှာ၊ ငွေတွေဟာ နှမြောပါဘိကွယ်။ ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာလှူလားကွယ်။
(ယောက်ျား) ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ၀ယ်ပေးတယ်။

(ယမမင်း) လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။
(ယောက်ျား) ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုတာများခဲ့တယ်။

(ယမမင်း) ပစ္စည်းကုန်တာ၊ မင်းလှူတာ၊ ၀မ်းနည်းပါတယ်လေ။ ဘုန်းကြီးပင့်လမ်း၊ အလယ်လမ်း၊ ပြောစမ်းပါဦးကွယ်။
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာကိုယ်တော်ပင့်လားကွယ်။
(ယောက်ျား) သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာနာမှပင့်ခဲ့တယ်။ နူတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။ သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။ တို့မျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော်ပင့်ဦးမယ်။

(အပင့်ခံဘုန်းကြီးအပြော) ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။ ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက်ကွမ်းစားတယ်။ ငှက်ပျောအုံးသီး၊ ဒကာကြီးမြည်းစမ်းပါဦးကွယ်။
(ယောက်ျား) သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်မှပင့်ခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။
(ယမမင်း) အမောင်လှူတာ၊ ဗဓလချာ၊ တော်စမ်းပါဦးကွယ်။

မြန်မာဘုရား အဆက်ဆက်မှစ၍ ယခုအစိုးရများ လက်ထက်တိုင်အောင် မြန်မာဗုဒ္ဓဘာသာ အများစု၏အလှူသည် အထက်က သံပေါက်အတိုင်းသာဖြစ်နေသည်ကို သတိထားသူများ တွေ့မြင်နိုင်သည်။ ထို့ကြောင့်ပင် မြန်မာအများစုသည် လှူသလောက်မွဲနေကြခြင်းဖြစ်၏။

၂၀၀၆ ခုနှစ်၊ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့သို့ တရားဟောကြွစဉ်က ဗုဒ္ဓဘာသာဝင်လူငယ်များက စိတ်ဝင်စားဖွယ်ရာမေးခွန်းတစ်ခုကို မေးကြ၏ ။

ထိုမေးခွန်းကား…

“မြန်မာများသည် အမြတ်ဆုံးဖြစ်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါလျက် ဒါနလည်းအမြဲတမ်း ပြုနေပါလျက် ကမ္ဘာတွင် အဆင်းရဲဆုံးဖြစ်နေသည်မှာ အဘယ်ကြောင့်ပါနည်း” ဟူ၏။

အဖြေ (၁၁)ချက်အနက် ပထမအဓိကအကျဆုံး အချက်တစ်ချက်မှာ “ပကာသနဒါနတွေများသောကြောင့်”ဟူ၍ ဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်းမှ ဒုက္ခသည်များကို မြန်မာများမလှူမဟုတ်၊ လှူပါသည်။ သို့သော် ဘာသာရေးတွင် လှူသောနူန်းထားနှင့် တိုင်းတာကြည့်လျှင် ဆယ်ပုံတစ်ပုံလောက်သာ လှူသည်က များ၏။

ထိုနာဂစ်ဒုက္ခသည်များအတွက် ရှိတာအကုန်လှူသောသူမှာ အမေရိကန်ပြည်ထောင်စု၊ နယူယောက်မြို့မှ အမျိုးသားကြီးတစ်ဦးဖြစ်နေခြင်းပင်။ ဖော်ပြမည့်အကြောင်းအရာကို နယူယောက်မှ အမျိုးသမီးကြီးတစ်ဦး လာရောက်လျှောက်ထားသောကြောင့် သိရခြင်းဖြစ်သည်။ ထိုအမေရိကန်အမျိုးသားကြီးသည် နာဂစ်ဒုက္ခသည်များအကြောင်းကို သေချာသိရသည်နှင့် ဘဏ်တွင် အပ်နှံထားသည့် သူချမ်းသာသမျှသော ငွေများကိုသွားရောက်ထုတ်ယူသည်။ 
 မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment