အခြားသူများ ကဲ့ရဲ့ခြင်းကြောင့် အပါယ်သို့
မကျနိုင်၊ ဘုရားရှင် အကဲ့ရဲ့ခံရမှသာ အပါယ်သို့ကျမည် ဖြစ်သည်။ ထို့ကြောင့်
ဘယ်သူကဲ့ရဲ့၊ ကဲ့ရဲ့ ဘုရားမကဲ့ရဲကအောင်သာ အဓိကထားပြီးနေသင့်၏။
အခြားသူများကဲ့ရဲ့ခြင်းသည် မှားချင်လည်းမှားနိုင်၏။
မှန်ချင်လည်းမှန်နိုင်၏။
ဘုရားရှင်၏
ကဲ့ရဲ့မူသည်ကား အမှားဟူ၍မရှိ၊ အမှန်ချည်းသာဖြစ်၏။ ဤအကြောင်းကြောင့်
ဘုရားမကဲ့ရဲ့အောင် အဓိကထားပြီး နေရခြင်းဖြစ်၏ ပစ္စည်းလေးပါးရဖို့အတွက်
သာသာနာ့ဘောင်သို့ ၀င်လာသူများသည် အခြားသူများ ကဲ့ရဲ့မှာသာကြောက်၏။
ဘုရားရှင် ကဲ့ရဲ့မှာကို မကြောက်ပေ။
ဥပမာအားဖြင့်
ဘုရားပွဲတွင် ဇာတ်ထည့်လျှင် ဘုရားရှင် ကဲ့ရဲ့၏။ ဇာတ်မထည့်လျှင်
အခြားသူများက ကဲ့ရဲ့၏။ မြန်မာပြည်တွင် အခြားသူများက ကဲ့ရဲ့မှာကိုကြောက်ပြီး
ဇာတ်ပွဲထည့်သော ဘုရားပွဲသာများ၏။ ဘုရားရှင်ကဲ့ရဲ့မှာကိုကြောက်ပြီး
ဘုရားပွဲ၌ ဇာတ်ပွဲမထည့်သူမှာ အလွန်ရှားပါး၏။
ထိုသူနှစ်မျိုးတွင်
ဆရာတော်ဦးဗုဓ်အား ဘုရားကဲ့ရဲ့မှာကိုသာ ကြောက်သူဖြစ်၏။ အများကကဲ့ရဲ့မှာကို
ဂရုစိုက်သော ဆရာတော်တစ်ပါး မဟုတ်ပေ။ တစ်ခုသောနှစ်၏ ကထိန်ရာသီတွင်
နန်းမတော်ကြီးတို့သည် ကြီးကျယ်ခမ်းနားများပြားသော ပစ္စည်းမျိုးစုံဖြင့်
ကထိန်ခင်း၏။
ဆရာတော်ဦးဗုဓ်အတွက်ရည်မှန်းပြီး
သီထားသော ပဒေသာပင်ကြီးသည် အကြီးဆုံး အကောင်းဆုံး ဖြစ်နေသဖြင့်
လူတိုင်းဝိုင်းဝန်းကြည့်နေကြရသည်။ မင်းနှင့်မိဖုရားမှားလည်း
မိမိတို့ကြည်ညိုသော ဆရာတော်ဦးဗုဓ်ကို လှူဒါန်းရခြင်းဖြစ်၍
ပီတိဝေဖြာနေကြသည်။
ကထိန်သင်္ကန်းနှင့်
ပဒေသာပင် လှူဒါန်းပွဲကြီးကား စလေပြီ။ ကြွလာသောတံဆိပ်ရ၊ မရ
ဆရာတော်ကြီးများကြားတွင် သင်္ကန်းနွမ်းနွမ်းနှင့် ရဟန်းငယ်တစ်ပါးလည်း
ပါဝင်လာသည်ကို ဆရာတော်ဦးဗုဓ် သတိထားမိလိုက်သည်။ ၀ိနည်းဥပဒေအရ သိမ်ထဲ၌
ကထိန်ခင်းသောအခါ သင်္ကန်းရှားပါးသော ရဟန်းက ကထိန်သင်္ကန်းကို
အလှူခံပြီးခင်းရသည်။
ဆရာတော်သည်
ထိုကိုယ်တော်လေးကို ရှေ့သို့ခေါ်ကာ “ကထိန် အလှူကို ကိုယ်တော်လေး လက်ခံပါ”ဟု
မိန့်ကြားပြီး ဆရာတော်အတွက် ရည်မှန်းထားသော
အဖိုးအတန်ဆုံးပဒေသာပင်ညှတ်မကြီးကို လှူဒါန်းလိုက်လေသည်။ အခြားကြွလာကြသည့်
ဆရာတော်များက ဆရာတော်ဦးဗုဓ်ကို ယခုလို သတိပေးကြ၏။
မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment