မြတ်စွာဘုရားက ငါ့တရားကောင်းတယ်လို့ မဟောဘူး။
ဘ၀ခရီး လျှောက်တဲ့အခါမှာ သံသယဖြစ်စရာတွေကြုံလို့ရှိရင် သေချာတဲ့ လမ်းကနေ ရွေးချယ်ပြီးတော့ လျှောက်လို့ ဟောထားတယ်။
အဲ့ဒီတော့ ဘ၀မှာ ဘာမှ စနိုးစနှောင့် ဖြစ်နေစရာလည်း မလိုဘူး။ အခု မြတ်စွာဘုရား ခင်းပြီးတော့ ပေးထားတဲ့ သြ၀ါဒလမ်းကြောင်းအတိုင်း
လျှောက်လို့ရှိရင် အေး ငါဟာ ငရဲကြီးသလား၊ ငရဲမကြီးဘူးလား၊ ဒါဟာ လုပ်ကောင်းသလား၊ မလုပ်ကောင်းဘူးလား၊ မေးစရာ ဘာမှမလိုတော့ဘူး။ ဟုတ်တယ်မို့လား။ အပြစ်ရှိတယ်ဆိုရင် မလုပ်ကောင်းဘူး။ မလုပ်ရဘူး။
ကြည့်လေ လောဘ ဒေါသ မောဟနဲ့ ဆိုရင် မကောင်းဘူး။ အလောဘ အဒေါသ အမောဟနဲ့ဆိုရင် ကောင်းတယ်။
လုပ်ကောင်း မလုပ်ကောင်းက အဲ့ဒီလိုရှိနေပြီသား။ သဘာဝအတိုင်း မြတ်စွာဘုရားဟောတာ၊ သဘာဝကို ဟောတာ၊ မီးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀တုန်းကလည်း ပူတာပဲ။ ဒီကနေ့လည်း ပူတာပဲ နောင်လည်း ပူဦးမှာပဲ။ ဘယ်သူကိုင်ကိုင် မီးကတော့ လောင်မှာပဲ ပူစေမှာပဲ။
မြတ်စွာဘုရားဟောတဲ့ ဓမ္မဆိုတာ သဘာဝတရား (the law of nature) ဖြစ်တယ်။
ဘယ်သူမှပြောင်းလဲပစ်လို့ မရဘူး။
သဘာဝတရားကို မြတ်စွာဘုရားက တွေ့တာ (discover)။ ဖန်ဆင်းတာ မဟုတ်ဘူး။
သဘာဝတရားကို သိမြင်တာ၊ တွေ့ရှိတာသာ ဖြစ်တယ်။ မြတ်စွာဘုရားက မိမိရဲ့ တွေ့ရှိချက်တွေကို ဘုန်းကြီးတို့ တစ်တွေ လိုက်နာကျင့်သုံးဖို့ ကာလာမသုတ်မှာ ဟောတော်မူထားတာ ဖြစ်ပါတယ်။
- ဒေါက်တာ နန္ဒမာလဘိဝံသ - ( တရားတော်များ မှ )
No comments:
Post a Comment