မြတ်စွာဘုရားသည် ဘုရားဖြစ်စ၌ ရဟန်းပြုလိုသူများကို `ဧဟိ ဘိက္ခု´ ခေါ် ၍
ကိုယ်တော်တိုင် ရဟန်းပြုပေးတော်မူသည်၊ ဧဟိဘိက္ခု ရဟန်းဖြစ်ဖို့ လုံလောက် သော
ရှေးဘုန်းရှေးကံပါသူ အနည်းဆုံး သောတာပန် အဆင့်ရှိသည့် အရိယာပုဂ္ဂိုလ်
မျိုးကိုသာလျှင် `ဧဟိ ဘိက္ခု´ ခေါ်၍ ရဟန်းပြုပေးပါသည်၊ ဘုရားလက်ထက်က ဧဟိဘိက္ခု
ရဟန်းပေါင်း (၂၈၆၄၁) နှစ်ေသာင်း
ရှစ်ထောင် ခြောက်ရာ လေးဆယ့် တစ်ပါးရှိသည်။
နောင်အခါ အနယ်နယ် အရပ်ရပ်တိုင်း၌ ရှင် ရဟန်းပြုဖို့ လွယ်ကူစေရန် ``သရဏဂုံ
သုံးပါး ဆောက်တည်စေ၍ ရှင်ရဟန်းပြုပေးကြ´´ဟု ရဟန်းတော်များ ကို
တာဝန်ခွဲဝေပေးလိုက်သည်၊ ထိုအချိန်မှစ၍ သရဏဂုံသုံးပါး ဆောက်တည်စေ
ခြင်းဖြင့်ပင် ရှင်ြပုခြင်းကိစ္စ၊ ရဟန်းပြုခြင်းကိစ္စ၊ နှစ်မျိုးလုံးကို
ရဟန်းတော်များ ပြု လုပ်ပေးကြသည်၊ ဤ သရဏဂုံဖြင့် ရဟန်းဖြစ်သူများကို သရဏဂမန
ရဟန်း ဟု ခေါ်သည်။ တစ်ဖန် ရာဓပုဏ္ဏား ရဟန်းပြုချိန်မှစ၍ သရဏဂုံဖြင့်
ရဟန်းပြုခွင့်ကို ရုပ်သိမ်း၍ ဉတ္တိစတုတ္ထကမ္မ၀ါစာ ဖြင့် ရဟန်းပြုပေးရန်
ခွင့်ပြုတော်မူသည်၊ ဉတ္တိစတုတ္ထ ကမ္မ၀ါစာ ခွင့်ပြုချိန်သည် ဘုရားဖြစ်ပြီးနောက်
၉-လကျော် ၁၀-လ အတွင်း (မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလပြည့်နှင့်
တပေါင်းလပြည့်တို့အကြား) ဖြစ်သည်။ ထိုအချိန်မှ စ၍ ယနေ့တိုင်အောင်
ဉတ္တိစတုတ္ထကမ္မ၀ါစာဖြင့် ရဟန်းပြုပေးခွင့် တည်ရှိနေသည်၊ ရှင်
သာမဏေပြုခွင့်ကိုကား သရဏဂုံဖြင့်ပင် မူလအတိုင်း ဆက် လက်ခွင့်ပြုထားသည်။
အရှင်တိလောကာဘိဝံသ (အင်းစိန်)
No comments:
Post a Comment