Friday, December 5, 2014

သောတာပတ္တိမဂ်ရခြင်း အကြောင်းအင်္ဂါ ၄ ပါး။

 ၁။ သပ္ပုရိသသံသဝေါ = ရုပ်၊ နာမ်၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတို့၌ ကျွမ်းကျင်လိမ္မာသော
(၀ါ) ဘ၀သစ်၌  အဖန်ဖန်ဖြစ်ရခြင်းကို ဒုက္ခသစ္စာဟူ၍ မလိုချင်၊ မရချင်အောင် ဟောပြော
တတ်သော ကျွမ်းကျင်လိမ္မာသည့် သူတော်ကောင်းနှင့် ပေါင်းဖေါ်ရခြင်း။
 ၂။ သဒ္ဓမ္မဿဝနံ = ရုပ်၊ နာမ်၊ ခန္ဓာ၊ အာယတန၊ ဓာတ်သစ္စာတို့နှင့်စပ်သော တရားတို့ကို စာ

တွေ့ (သစ္စာဉာဏ်) နှင့်သာမဟုတ် ထိုးထွင်း၍ ဉာဏ်တွေ့သိပြီးသော ပုဂ္ဂိုလ်၏ ဆုံးမဟော
ကြားသော တရားများကို ကြားနာရခြင်း။
 ၃။ ယောနိသော မနိသိကာရော = အသင့်အတင့် နှလုံးသွင်းရခြင်း။
 ၄။ ဓမ္မာနုဓမ္မပဋိပတ္တိ = မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်တရားကို ရခြင်း၏ အကြောင်းဖြစ်သော
သက္ကာယဒိဌိကို ပယ်ရှားသော ၀ိပဿနာအကျင့်၊ ဤ ၄ ပါးတို့သည် သောတာပန်အဖြစ်သို့
ရောက်ကြောင်းအင်္ဂါများ ဖြစ်ပါတယ်။ ။
{ ဦးစောဝင်းထွန်း၏ စူဠသောတာပန်မှ မဟာသောတာပန်သို့မှ ထုတ်နုတ်ရေးသားပူဇော်ပါသည်}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment