Tuesday, December 2, 2014

ဘုရားမျက်နှာကြည့်သော ဆုံးဖြတ်ချက်

အမူကိုဆုံးဖြတ်ရန်သုဓမ္မာဇရပ်ကို ဆရာတော်ဦးဗုဓ် ကြွရောက်တော်မူလာလေပြီ။ သာသနာပိုင် ဦးဆောင်သော သာသနာ့ထိပ်ခေါင်များ တရားလို တရားခံနှင့်တကွ မဟာဒါန်ဝန်အမှူးပြုသော မင်းပရိသတ်ရှေ့မှောက်ဝယ်… 

“ဒီအမူဟာ အိမ်ရှေ့မင်းနှင့်လည်းမဆိုင်၊ နန်းမတော်နှင့်လည်းမဆိုင်၊ မင်းသားကြီးနှင့်လည်းမဆိုင် ဘုန်းကြီးချင်း တပည့်လက်သားကို ဖြားယောင်းခေါ်ယူတာဖြစ်လို့ ၀ိနည်းပညတ်တော်အတိုင်း မင်းသားကြီးကျောင်းတိုက်က ဘုန်းကြီးဟာ သူတစ်ပါးတပည့်သားကို ဖြားယောင်းခေါ်ယူသဖြင့် ဒုက္ကဋ်အာ ပတ်သင့်တယ်၊ ဒေသနာကြားပါ။



အနားက ဘုန်းကြီးတစ်ပါးက ဒေသနာခံလိုက်၊ ပထမကျော်ပြန်ရမည့်ရဟန်းသည် သူတစ်ပါး ဖြားယောင်းရာသို့ “ဆန္ဒာဂတိ”လိုက်ခြင်းကြောင့် ဒီနှစ်ပထမကျော် မပြန်ဆိုရ၊ ရွာသို့ပြန်စေ”ဟု ဆုံးဖြတ်ချက် ချလိုက်ရာ အားလုံးက၀မ်းသာအားရ သာဓုခေါ်ကြလေသည်။ 
 မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment