ခေါင်းဆောင်တို့ ကျင့်စဉ်
သုမင်္ဂလော အယံကာလော၊ မင်္ဂလာအပေါင်းနှင့်
ပြည့်စုံတဲ့အခါကောင်းပါ။ မင်္ဂလာကောင်း အခါကောင်းမှာ အားလုံးကို
မင်္ဂလာစကားပြောပါမယ်။ မင်္ဂလာစကား ပြောကြားခွင့် ရလို့၊
ပြောကြားခွင့်ရဆိုရာမှာ အသင်းအဖွဲ့ပေါင်းစုံ၊ လူမျိုးလည်း တော်တော် စုံတဲ့
ပွဲမှာ ပြောကြားခွင့်ရလို့ ပိုပြီးတော့ ၀မ်းသာတယ်။
ရှေးဦးစွာ နားထောင်ကြတဲ့ ပရိသတ်ကို မေတ္တာရပ်ခံထားချင်တာ နှစ်ခု
ရှိပါတယ်။ တစ်ခုက
ငြိမ်ငြိမ်တိတ်တိတ်၊ တိတ်တိတ်ဆိတ်ဆိတ်
မြတ်စွာဘုရားကြိုက်တဲ့ မူဝါဒ၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့
Country-side-ဒေသမှာ ရဟန်းခံ လာကြတဲ့ ကျေးလက်က ရဟန်းအပါး (၅၀၀) ဘုရားနဲ့
သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့ နေရာကို ဘုရားဖူးဖို့ ရောက်လာကြတယ်။
ဟိုအလွန်ဝေးတဲ့ Remote place-ကနေ သာဝတ္ထိဆိုတဲ့ Capital-ကို ရောက်တော့
သူတို့မှာ မမြင်ဘူးတာ၊ မတွေ့ဘူးတာတွေ၊ မကြားဘူးတာတွေ သိပ်များတော့
မြင်လိုက်ရင် ဟာကနဲ့၊ ဟယ်ကနဲ့ အခုနက တမ္ပ၀တီဦးဝင်းမောင်ပြောတဲ့
ပန်းဆယ်မျိုးကို စိတ်ဝင်စား တတ်ရင် ဒီကျောင်းတော်ကြီး ထဲမှာ ဟာ, ဟယ်
ဒီလိုဖြစ်တယ်။ အဲဒီလို ဇေတ၀န် ကျောင်းတော်ကြီးကို ရောက်တော့ တအံ့တသြတွေ
ဖြစ်တော့ တပါးနဲ့ တပါး အပါး (၅၀၀) တောက ကိုယ်တော်တွေရော၊ မြို့က
ကိုယ်တော်တွေရော ဆုံလိုက်တော့ နှုတ်ဆက်စကား ပြောတာ၊ တောကကိုယ်တော် (၅၀၀)နဲ့
မြို့က ကိုယ်တော် အပါး (၅၀၀)စကား ပြောရင် အပါး (၁၀၀၀)ပြောတဲ့ စကားဖြစ်မယ်။
အဲဒါတွေ ဇေတ၀န် ကျောင်းတိုက်ကြီးမှာ ညံနေတာ၊ ဆူနေတာ၊ အဲဒါတွေ
မြတ်စွာဘုရားကြားတော့… ဟဲ့ ဟဲ့. . . ညံလှချည်လား ကျောင်းတိုက်ကြီးမှာ
ဘာသံတွေလဲ? တောရဟန်းနဲ့ မြို့ရဟန်းတွေ မတွေ့တာကြာလို့ နှုတ်ဆက်တဲ့ အသံတွေ
ပါဘုရား။
ဟယ်… အင်းကြီးတစ်ခုမှာ တံငါသည်တွေ ငါးပက်တော့ ရေတွေကခန်း ငါးတွေက
ကျိကျိတက် ပေါ်လာတဲ့အခါ တံငါသည်တွေ လုပြီးတော့ ငါးဖမ်းတော့ ဆူညံနေတဲ့
အသံတွေလိုပဲလို့ ဘုရားရှင်က ဆိုတော်မူတယ်။ ရဟန်းတော်တွေ တံငါသည်တွေ
ငါးဖမ်းသလို ဆူညံနေတယ်။ ဘယ်သူ့တပည့်တွေလဲ? အရှင်သာရိပုတ္တရာ၊
အရှင်မောဂ္ဂလာန်တို့ရဲ့ တပည့်တွေပါဘုရား၊ သွား. . . မင်းတို့
တပည့်(၅၀၀)ကိုခေါ်, မင်းတို့ ကျောင်းကထွက်၊ အရှင်သာရိပုတ္တရာရော၊
အရှင်မောဂ္ဂလာန်ရော တပည့်တွေကို ကောင်းကောင်း မဆုံးမနိုင်လို့ မြတ်စွာဘုရားက
ဘာလုပ်လိုက်လဲ? ပရိသတ်ပြော၊ မြတ်စွာဘုရားက ဘာလုပ် လိုက်လဲ?
နှင်ထုတ်လိုက်ပါတယ်ဘုရား။ ဘုန်းကြီးကျောင်းက အထုတ် ခံရမှာ ကြောက်လို့
အားလုံးပရိသတ်က ငြိမ်ငြိမ်နေကြပါ။ ဘုရားက အရှင်သာရိပုတ္တရာနဲ့
အရှင်မဟာမောဂ္ဂလာန်ကို ဘာလုပ်လိုက်လဲ? တပည့်တွေကို ကောင်းကောင်း
မဆုံးမနိုင်တော့ ဆရာပါ နှင်ထုတ်တယ် မဟုတ်လား? တင်ပါဘုရား။
ဒီကနေ့ အားလုံးလာကြတဲ့ ပရိသတ်ဟာ ဘုန်းကြီးကို ဆရာလို့ သဘောထားရင်
အားလုံးက ကိုယ့်ကိုယ်ကို တပည့်လို့ သဘောထားရင် တပည့် ဆူရင် ဆရာပါ ဘာဖြစ်လဲ?
နှင်ထုတ်ခံပါတယ်ဘုရား။ နှင်ထုတ်ခံရမှာ ကြောက် ပါတယ်။ အားလုံးပဲ
ငြိမ်ငြိမ်နေကြပါ။
နောက်တစ်ချက် မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက် ဓာတ်တော်တွေကို
ဝေခြမ်းမလို့ ပြင်ဆင်တဲ့နေ့က ရှစ်ပြည်ထောင်မင်းတို့ ဓားလှံလေးမြှား
လက်နက်တွေနဲ့ ဓာတ်တော်တွေကို လုမလို့ အုံးအုံးကျွက်ကျွက် ဓားတ၀င်းဝင်း၊
လှံတ၀င်းဝင်း ဖြစ်ကြတယ်။ အိမ်ရှင်နိုင်ငံဖြစ်တဲ့ မလ္လာမင်းတို့ကလည်း
တို့နယ်မြေမှာ ပရိနိဗ္ဗာန်စံတဲ့ မြတ်စွာဘုရားရဲ့ ဓာတ်တော်ဟာ တို့ပဲ
ပိုင်တယ်။ ဘယ်သူ့မှ မပေးဘူး။ ကျန်တဲ့ မင်း ခုနစ်ပါးတို့ကလည်း တို့ဘုရားမို့
တို့လည်းပိုင်တယ်။ မြတ်စွာဘုရားကို အမျိုး တော်ချင်ကြတာနော်။ ပရိသတ်ရေ…
ဘာဖြစ်ချင်ကြတာလဲ? အမျိုးတော်ချင် ကြတာပါ ဘုရား။ အခု ခင်ဗျားတို့ ဘာကို
အမျိုးတော်ချင်ကြတာလဲ? ကိုယ်တော် ချင်တဲ့ အမျိုး ကိုယ့်ဘာသာကို ရှာ။
ဘုရားကို အမျိုးတော်ချင်ကြလိုက်ကြတာ။ အဇာတသတ်ကလည်း မြတ်စွာဘုရားက
တို့အမျိုး၊ ကပိလ၀တ်က သာကီဝင်တွေနဲ့ ဒေ၀ဒဟက ကောလိယ၀င်တွေကတောင် ဘာမှ
မပြောရသေးဘူး၊ အဇာတသတ်က စပြောလာတယ်၊ ဘုရားဟာ တို့အမျိုးတဲ့….၊ ဒီလို ဒီလို။
အဲဒီတော့ သူလည်း ဘုရားအမျိုး ငါလည်း ဘုရားအမျိုး ဒီလိုဖြစ်ကုန်တယ်။
ဘာလိုချင်လို့လဲ? ဓာတ်တော်လိုချင်လို့။ အဲဒီတော့ ဓားတ၀င်းဝင်း
လှံတ၀င်းဝင်းနဲ့ ဓာတ်တော်လုတဲ့ ပွဲ။ ဘုရားအမျိုးတွေက ဓားလှံတ၀င်းဝင်းနဲ့
ဓာတ်တော်လုမလို့ ဖြစ်တော့ အခြေအနေက မကောင်းဘူး။ အဲဒါကို ထိန်းမည့်
ပုဂ္ဂိုလ်က မရှိဘူး။
အဲဒီတော့ ပေါ်လာတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲဆိုတော့. . . ဟိုရှေးတုန်းက
တက္ကသီလဆိုတဲ့ မြို့တော်ကြီးမှာ နှစ်ပေါင်းများစွာ ဆရာလုပ်ခဲ့ဘူးတဲ့
တက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစား ဒေါဏ၊ သူက ဒီပွဲရောက်နေတာ။
ကြည့်လိုက်တော့ ဓားတ၀င်းဝင်း လှံတ၀င်းဝင်းနဲ့ ဓာတ်တော် လုမည့် မင်းတွေဟာ
ဒီကောင်တွေ အကုန်လုံး ငါ့တပည့်တွေ။ ငါ့တပည့်တွေ ငါပြောရင်
ရလောက်တယ်ဆိုပြီးတော့ စင်မြင့်ပေါ် တက်ပြီးတော့ သူကအော်လိုက်တာ။
ပါမောက္ခချုပ်ဒေါဏဆရာကြီး အော်တဲ့ စကား (၂)ခွန်း မှတ်ရအောင်။ "အမှာကံ ဗုဒ္ဓေါ
ခန္တိဝါဒေါ" တို့များရဲ့ ဘုရားဟာ ခန္တီဝါဒီပုဂ္ဂိုလ် ဖြစ်တယ်။ တို့ဘုရားဟာ
ဘာဝါဒကို ကိုင်ထားလဲ ပရိသတ်? ခန္တီဝါဒပါဘုရား၊ ခန္တီဝါဒ။ ဒီထဲကလူတွေ ဘာဝါဒတွေ
ကိုင်ထားလဲ? ကိုင်ချင်တဲ့ ၀ါဒကိုင်၊ အဲဒါတွေ အားလုံး ခန္တီဝါဒအပေါ်မှာ
အခြေဆိုက်ရမယ်။ ခန္တီ. . . မြေကြီးပေါ်မှာ ဒီလူတွေ နေတယ်၊ ဒီလူတွေ နေ့တိုင်း.
. ., စကားလုံးလေး နဲနဲရိုင်းရိုင်းလေးပြောရင် ခန္တီအဓိပ္ပါယ် ပိုရှင်းတယ်။
သည်းခံပြီး နားထောင်ပါ၊ ဂမ္မဒေါသရောက်တယ်လို့ အပြစ်မတင်ပါနဲ့၊
ဒီမြေကြီးပေါ်မှာ နေတဲ့ ဒီလူတွေ ဒီမြေကြီးပေါ်မှာ ဒီလူတွေ ချေးယိုတယ်၊
သေးပေါက်တယ်။ မြေကြီးဘယ်တော့မှ reject-မလုပ်ပါဘူး။ ယိုချင်တိုင်း ယို၊ အရှိ
အရှိအတိုင်းထား။ ဒီလူတွေပဲ ဒီမြေကြီးကို လှချင်လို့ ပန်းတွေနဲ့
အလှပြင်ပြန်ရော…၊ ဟာ… ငါ့မြေကြီး သိပ်လှနေပြီ ဆိုပြီးတော့ စိုက်ထားတဲ့
ပန်းပင်တွေကို ဒီမြေကြီးက attach-လည်း မဖြစ်လို့ accept-လည်း မလုပ်ပါဘူး။
လှလို့လည်း မမက်မောဘူး။ ညစ်ပတ် အရုတ်ဆိုးလို့လည်း စိတ်မပျက်ဘူး။ အဲဒါဟာ
quality, qualification of leader. ခေါင်းဆောင်တွေမှာ ဒါဟာ အရေးကြီးတဲ့
အရည်အချင်းပဲ။ ကောင်းချင်တိုင်းကောင်း မမက်မောဘူး၊ ဆိုးချင်တိုင်းဆိုး
စိတ်မပျက်ဘူး။ မြေကြီးနဲ့ တူတဲ့အကျင့် ခန္တီခေါ်တယ်။ အကျယ်တ၀င့်ပြောဖို့
ဘုန်းကြီးတို့ ဒီနေ့ အချိန်မယူပါဘူး။ နိဒါန်းလောက်ပြောရင် ဘုန်းကြီးတို့
တရားတွေ ရှာနာပါ။ ခန္တီ။ အမှာကံ ဗုဒ္ဓေါ အဟု ခန္တိဝါဒေါ။ တို့ဗုဒ္ဓဟာ ဘာဝါဒလဲ?
ခန္တီဝါဒပါဘုရား။ အားလုံးမြေကြီးလို ကျင့်သုံး ကြရမယ်။ မကောင်းဆိုးဝါးတွေ
လာချင်တိုင်းလာ စိတ်မပျက်ပါဘူး။ အကောင်းနဲ့ အဆိုးတွေ ပေးချင်တိုင်း ပေး၊
မမက်မောပါဘူး။ ခန္တီတရား. . . ဒါဟာ ဗုဒ္ဓရဲ့ ၀ါဒပဲ။
နောက်တခု အမှာကံ ဗုဒ္ဓေါ သန္တိဝါဒေါ။ ခန္တီဝါဒကို မကိုင်နိုင်ရင်
သန္တိဝါဒကို ချမှတ်လို့ မရဘူး။ မခံနိုင်ဘူးဟေ့လို့ဆိုရင် သန္တိဟာ
မဖြစ်နိုင်တော့ဘူး။ နောက် လာမည့်ဝါဒက ဘာလဲဆိုတော့ သန္တိဝါဒ။ ဘာများပါလဲ?
သန္တိဝါဒပါဘုရား။ နောက် လာမည့်ဝါဒက သန္တိဝါဒ။ တို့ဘုရားရဲ့ဝါဒက သန္တိဝါဒ။
ကုလားလို့ ပြောရရင် သျှန္တီဝါဒ။ ငြိမ်းချမ်းတဲ့ဝါဒ။ ခန္တီရှိတော့မှ သန္တိ။
အဲဒီမှ ခန္တီရဲ့နောက်မှ မေတ္တာ ပါလာမယ်။ မေတ္တာကို တဆက်တည်းပြောရရင်
ရေနဲ့တူအောင် ကျင့်။ ရေ… မြန်မာနိုင်ငံမှာ ရေပေါင်းများစွာမှာ Brand
name-တွေ တစ်ရာကျော်လောက် ရှိမယ်ထင်တယ်။ ဘယ်နာမည်နဲ့ ထုတ်တဲ့ ဘာရေပဲ
ဖြစ်ဖြစ် သတ္တိက နှစ်မျိုးထဲပဲ- သန့်ရှင်းတာနဲ့ အေးချမ်းတာ။ ဘယ်နမျိုးလဲ?
နှစ်မျိုးပါဘုရား။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းစသည် နာမည်ပဲ ကွဲတယ်။
သောက်လိုက်ရင် အေးတယ်၊ ချိုးလိုက်ရင် သန့်ရှင်းတယ်။ တရုတ်၊ ကုလား၊ အမေရိကန်
ဘယ်တိုင်းပြည်ကထွက်တဲ့ ရေပဲ ဖြစ်ဖြစ် ဘာရလဲ? သန့်ရှင်းတာနဲ့ အေးချမ်းတာ
နှစ်မျိုးပဲ ရတယ်။ ကုလားရေကို တရုတ်သောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။
တရုတ်ရေကို ကုလားသောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။ မေတ္တာဆိုတာ
ရေနဲ့တူတယ်။ လူသားတိုင်းကို တညီတည်း အေးချမ်းစေချင်တယ်။ လူသားတိုင်းကို
တညီတည်း နှလုံးစိတ်ဝမ်းအေးချမ်းစေချင်တယ်။ ဘ၀သန့်ရှင်းစေချင်တယ်။ အဲဒါ
ခန္တီနဲ့ မေတ္တာ၊ မေတ္တာနဲ့ ခန္တီ၊ အဲဒါဘယ်သူ့ဝါဒလဲ? ဗုဒ္ဓရဲ့ဝါဒပါဘုရား။
အဲဒီနှစ်ခုလက်ကိုင်ထားမှ နောက်ကဘာရလဲ? သန္တိဆိုတဲ့ Peace
ငြိမ်းချမ်းခြင်းကို ရနိုင်တယ်။ ဆိုတော့… ဘုရားကို အကြောင်းပြုပြီး
ဓားတ၀င်းဝင်း လှံတ၀င်းဝင်း မလုပ်ကြနဲ့။ တို့ဘုရားဟာ ခန္တီဝါဒ, သန္တိဝါဒ။
သန္တိဝါဒဘုရားကို အကြောင်းပြုပြီးတော့ ဓားတွေ တ၀င်းဝင်း၊ လှံတွေ တ၀င်းဝင်း
မပြကြနဲ့ဟေ့။ ဓားတွေ လှံတွေ ချလိုက်ကြ။
ဒီတော့ ရှစ်ပြည်ထောင် မင်းတွေ အကုန်လုံးက ကြည့်ကြတယ်၊ အသံဝါကြီးနဲ့
အော်နေတာ ဘယ်သူများလဲ? ဒါ. . .တို့ဆရာကြီး၊ ဆရာကြီးပြောတဲ့ စကားတော့
တို့နားထောင်မှပဲ။ အားလုံး ဓားလှံတွေ ချပြီးတော့ ဓာတ်တော်ဝေပွဲဟာ အေးအေး
ချမ်းချမ်း ပြီးသွားတယ်။ အဲဒါကြောင့် ဒီကနေ့ ဗုဒ္ဓတက္ကသိုလ်ကြီး ဖွင့်ပွဲကို
ကြွရောက်လာကြတဲ့ အသင်းဖွဲ့ ပရိသတ်အားလုံးတို့ အငြိမ်းစားပါမောက္ခချုပ်ဟောင်း
ဦးဒေါဏပြောတဲ့ ခန္တီတရား၊ သန္တိတရား လက်ကိုင်ထားပြီးတော့ ဒီကနေ့
ဒီအစည်းအဝေး၊ ဒီအခမ်းအနားက စပြီးတော့ မည်သည့်လုပ်ငန်းကို ဆောင်ရွက်စေကာမူ
ဗုဒ္ဓရဲ့ ဒီဝါဒနှစ်ပါး လက်ကိုင်ထား။ ခန္တီနဲ့ မေတ္တာလက်ကိုင်ထား၊
သန္တိဖြစ်အောင် ဆောင်ရွက်ကြပါလို့ ဘုန်းကြီးက ဒုတိယအနေနဲ့အားလုံးကို
တိုက်တွန်းပါတယ်။
နောက်တတိယပြောချင်တဲ့ အချက်က လာကြတဲ့ ပရိသတ်တွေ လူမှုရေး ဆောင်ရွက်တဲ့
အသင်းအဖွဲ့တွေ၊ ဘာသာရေးဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ၊ နိုင်ငံရေး
ဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ ဆိုင်းဘုတ်ကတော့ အမျိုးမျိုးပဲ။ ဘာသာရေး အသင်း
အဖွဲ့လည်း နာမည်မျိုးစုံပဲ၊ လူမှုရေးအဖွဲ့လည်း နာမည်မျိုးစုံပဲ၊
နိုင်ငံရေးအဖွဲ့လည်း နာမည်မျိုးစုံပဲ၊ အဲဒါ ဆိုင်းဘုတ်တွေပဲ။
အဲဒီဆိုင်းဘုတ်တွေကို ခွာပြီးတော့ အရှိကို အရှိအတိုင်း ကြည့်နိုင်ဖို့တော့
တော်တော် အရေးကြီးတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် ဗမာပြည်မှာ
အလွန်အရေးပါတဲ့ မြစ်ကြီးတွေ။ ဧရာဝတီရယ်၊ ချင်းတွင်းရယ်၊ စစ်တောင်းရယ်၊
သံလွင်ရယ်၊ ကုလားတန်ရယ် နာမည်တွေ အများကြီးပဲ။ အဲဒီ different name-တွေဟာ
ဘယ်အပေါ်မှာပဲ ရှိတာလဲ? Only in the land, မြေကြီးပေါ်မှာပဲ။ သူတို့ရဲ့
ဦးတည်ချက်က ဘယ်မှာလဲ? They are flowing successfully, continuously, their
destination is only ocean။ သူတို့ရဲ့ destination-က တစ်ခုတည်းပဲ။
မြစ်တွေနာမည်သာ ကွဲတာ၊ ပန်းတိုင်က တစ်ခုတည်းပဲ။ အဲဒါကို ကောင်းကောင်းကြီး
မြင်ဖို့ လိုတယ်။ အဲဒါ clear vision-လို့ ခေါ်တယ်။ ပါဠိလိုပြောရင် သမ္မာ
ဒဿန-လို့ ခေါ်တယ်။ အဲဒီ clear vision-မဖြစ်သေးသမျှ ဧရာဝတီက ကြည်တယ်ကွ၊
ချင်းတွင်းက နောက်တယ်ကွဆိုရင် အဲဒီမှာ conflict-ဖြစ်တာပဲ။ နာမည်ကို
ဖောက်ပြီး ရေကို ရောက်အောင် ကြည့်ပါ။ ဟုတ်ပီလား? တင်ပါပါဘုရား။ နာမည်ကို
ဖောက်ပြီး ရေကို ရောက်အောင် ကြည့်လိုက်ရင် ရေက ဘာဖြစ်လဲ? သတ္တိနှစ်မျိုးပဲ
ရှိတယ်။ ဘာနဲ့ ဘာလဲ? သန့်ရှင်းခြင်းနဲ့ ကြည်လင်ခြင်းပါဘုရား။ ဧရာဝတီလည်း
ဒါပဲ၊ ချင်းတွင်းလည်း ဒါပဲ။ သံလွင်ကော၊ စစ်တောင်းကော? ဒါပဲ။ နာမည်ကို
ငြင်းခုံနေရင်ဖြင့် ပင်လယ်ကို တော်တော်နဲ့ ရောက်ကြမှာ မဟုတ်ပါဘူး။
မြစ်ရေတွေဟာ ပင်လယ်ထဲ စီးသွားကြတယ်၊ ပင်လယ်ထဲရောက်တော့ . . . ဟေ့ ဧရာဝတီကရေ
ချင်းတွင်းထဲ လာမပေါင်းနဲ့ဆိုပြီးတော့ ဟိုမှာ ရသေးလား? မရပါဘူး ဘုရား။
စစ်တောင်းက ရေလည်း ဧရာဝတီရေနား မကပ်နဲ့၊ တခြားစီနေကြ, နေလို့ ဖြစ်သေးလား?
မဖြစ်ပါဘူးဘုရား။ အဲဒါတကယ့် United-ပဲ၊ တကယ့် Unity-ပဲ၊ တကယ့် Harmony-ပဲ။
ဘယ်ထဲမှာ သွားပေါင်းလဲ? ငန်သော အရသာ၊ ပြာသောအဆင်းဆိုတဲ့ ပင်လယ်ကြီးမှာ
မြစ်အားလုံးတို့က ရေတွေ ပေါင်းသလိုပဲ။ သန္တိဆိုတဲ့. . . ဗုဒ္ဓရဲ့
စကားအရပြောရင် ငြိမ်းချမ်းတဲ့ နိဗ္ဗာန်မှာ အားလုံး ပေါင်းဖို့ရန်အတွက်
ကုန်းမြေပေါ်မှာ နေနေခိုက် နာမည် လေးတွေကို ကြည့်ကြည့်ပြီးတော့ ငြင်းခုံ
မနေကြပါနဲ့။
အခုဒီမှာ အားလုံး ထိုင်နေကြတယ်၊ ဒါဘာလဲ? ဗုဒ္ဓတက္ကသိုလ် Convocation hall,
နာမည်က ဒီအတိုင်းပေးထားတယ်။ အကယ်၍ ဒီအဆောက်အဦးကြီးထဲမှာ ဘုရင်ကြီးနဲ့
မိဖုရားကြီးလာနေတယ်ဆိုလို့ရှိရင် ဗုဒ္ဓတက္ကသိုလ် Convocation
hall-မဟုတ်တော့ဘူး၊ Palace-ဖြစ်သွားမယ်။ အကယ်၍ ငါးပိတွေ ငါးခြောက်တွေ
လာတင်ရောင်းတော့ ဘာဖြစ်သွားမလဲ? Bazaar, Market- ဈေးကြီး ဖြစ်သွားမယ်။
အကယ်၍ အရက်တွေ, ဘာတွေ လာရောင်းကြမယ်၊ ခေါက်ဆွဲတွေ, ဘာတွေ လာကြော်
ရောင်းကြမယ်ဆိုတော့ ဒီအဆောက်အဦးကြီးက ဘာဖြစ်သွားမလဲ? Bar and restaurant
ဖြစ်သွားမယ်။ ဘာလဲ? နာမည်တွေ ပြောင်းတာ။ တကယ့် Structure-က ဘာလဲ?
သံချောင်းရယ်၊ အုတ်ရယ်၊ အင်္ဂတေရယ် ဒါပဲ။ နန်းတော်ကြီးလည်း ဒါနဲ့ပဲ ဆောက်တယ်၊
အိမ်သာလည်း ဒါနဲ့ပဲ ဆောက်တယ်၊ ဘုရားကျောင်းလည်း ဒါနဲ့ပဲ ဆောက်တယ်။ အထဲက
သံချောင်းနဲ့၊ အုတ်နဲ့၊ အင်္ဂတေနဲ့ အဲဒါကို မမြင်တော့ အပေါ်က
အဆောက်အဦးကြီးလောက် ကြည့်ပြီးတော့ ဘာဖြစ်လဲ? Beauty, I love. Ugly-ဆိုတော့
I hate။ အဲဒါတွေ မဖြစ်ရအောင် reality-ကို မြင်အောင် ကြည့်ရအောင်။
အရှိတရားနဲ့ အမှန် တရားဟာ အထဲမှာ ရှိတာ။ ပါဠိကို ရွတ်ချင် ရွတ်ပေါ့ . . .
အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓံ ၀ါ။
တကယ်တော့ နာမည်တွေက အလကားပါ၊ နာမည်တွေ သိပ်များရင် သိပ်စကားများတယ်။
မြတ်ဗုဒ္ဓရဲ့လမ်းက "ဧကာယနော မဂ္ဂေါ"။ တစ်လမ်းထဲပဲ။ အားလုံး အရှိနဲ့ အမှန်ကို
မြင်အောင်ကြည့်။ ရေရဲ့ သတ္တိကို မြင်အောင်ကြည့်။ မြစ်တွေရဲ့ အပေါ်ယံ နာမည်ကို
ဖောက်၊ ရေရောက်အောင် ကြည့်ပြီးတော့ အေးချမ်းသော နှလုံးသား၊ သန့်ရှင်းသော
နှလုံးသားကို တည်ဆောက်ပြီးတော့ ငန်သောအရသာ ပြာသောအဆင်း ဆိုတဲ့ ပန်းတိုင်၊
ပန်းတိုင်ကတော့ ဘာလဲ မသိဘူး။ ဘုန်းကြီးတို့ အခုထိ မသိသေးဘူး ပန်းတိုင်က
ဘာလဲလို့။ အဲဒီပန်းတိုင် တခုခုမှာ အကုန်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့
ပေါင်းဆုံးဖို့ရန် ဒါအရေးကြီးပါတယ်။ အဲဒါကြောင့် ခန္တီတရားနဲ့ မေတ္တာတရားပါ။
ဒီတော့ ဘာပြောမလဲ? Capitalist-လား? Socialist-လား? Communist-လား?
အဲဒါတွေဟာ အကား၊ နာမည်တွေပဲ။ လူသား။ အဲဒီ Label-တွေကို ခွာထား။
အားလုံးဘာတွေလဲ? လူသားတွေ။ အဲဒါလေးကို ကြည့်ကြပါ။ လူသားတွေပဲ။ "သဗ္ဗေဝ
အညမညေဟိ ပိယစက္ခူဟိ သမ္ပဿန္တာ ၀ိဟရန္တု"။ သတ္တ၀ါအားလုံး အချင်းချင်း ချစ်ခင်သော
မျက်လုံး တို့ဖြင့် တစ်ယောက်နဲ့ တစ်ယောက် ကြည့်နိုင် ကြပါစေကုန်သတည်း။
အားလုံးလည်း နေ့တိုင်း ဒီဆုကို တောင်း၊ မေတ္တာနာနာပို့။ "ချစ်သောမျက်လုံးနဲ့
ကြည့်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်သော
မျက်လုံးဖြင့်ကြည့်နိုင်ကြပါစေ"လို့ ဘုန်းကြီးတို့ရဲ့ ဆုတောင်းကိုလည်း
အစဉ်သဖြင့် ဘုန်းကြီးတို့ရဲ့ နှလုံးသားထဲမှာ တကယ်ရှိတဲ့ ဒီဆုတောင်း,
အဲဒါကို ဘုန်းကြီးတို့ တောင်းဆိုပါတယ်။
အဲဒါကြောင့် clear vision, ပါဠိလိုပြောရရင် သမ္မာ ဒဿန-ရှင်းသောဉာဏ်
အမြင်ကို ရအောင် အပေါ်ယံက label-တွေကို ခွါထား၊ လူသားတွေဟာ လူသား
အချင်းချင်း လူသားမျက်စေ့နဲ့ ချစ်သောမျက်လုံးနဲ့ အားလုံးကြည့်နိုင်အောင်
ကြိုးစား လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။
"နတ္ထိ ဘိက္ခဝေ အနမတဂ္ဂေ သံသာရေ အဉာတိဗုဗ္ဗော" ဘ၀သံသရာမှာ ညီ အစ်ကို၊
မောင်နှမ၊ ဆွေမျိုး ဉာတိ မတော်ဘူးတဲ့ သတ္တ၀ါ မရှိပါဘူး။ မြတ်စွာဘုရား
သံသုမာဂီရိကို ရောက်တော့၊ သံသုမာဂီရိဆိုတာ ဗာရာဏသီ အနီးနားမှာ။
သံသုမာဂီရိမြို့က ဘုရားရဲ့ ဆွေများ, မျိုးများနေတဲ့ ဟို. .
.ဟိမ၀န္တာတောင်ခြေမှာ အဝေးကြီးပဲ။ သံသုမာဂီရိကို ဘုရားရောက်တော့ အဘိုးကြီး
အဘွားကြီး နှစ်ယောက် မြတ်စွာဘုရား အိမ်ရှေ့ရောက်တာ မြင်မြင်ချင်း
ထွက်ပြေးလာပြီးတော့. . . ဟာ. . . ငါ့သားကြီး အိမ်ကို မလာတာကြာပီ
ဆိုပြီးတော့ ဘုရားရှင်လက်ကို ဆွဲပြီးတော့ အိမ်ပေါ်ကို ခေါ်သွားတယ်။
ဘုရားရှင်က လိုက်သွားတယ်၊ ဘာမှ မပြောဘူး။ သံဃာတော်တွေက အံ့သြငေးမောနေတာ။
အိမ်ပေါ် ရောက်တော့ သားကြီးဆိုပြီးတော့ ပုဏ္ဏားကြီးက ချွေးလေး ဘာလေးသုတ်,
ခြေလေး ဘာလေး ဆေး, အဘွားကြီးကလည်း ဆွမ်းတွေ ဘာတွေပြင်၊
ငါ့သားကြီးဆွမ်းမကျွေးရတာ ကြာပြီ, စား။ သား အမိ အရင်းလို ပြုစုကြတာ။
နကုလပီတာ နကုလမာတာ။ အဲဒီတော့ အရှင်မောဂ္ဂလာန်၊ အရှင်အာနန္ဒာစတဲ့ သံဃာတော်တွေက
ဘုရားဟာ အဖေလည်း ရှိတယ်၊ အမေလည်း ရှိတယ်၊ သုဒ္ဓေါဒနတို့ မာယာဒေ၀ီတို့ဆိုတာ
လူတိုင်းသိတယ်။ ဒီအဘိုးကြီး အဘွားကြီးက သားကြီး သားကြီးဆိုတာကို ဘုရားကလည်း
ငြိမ်ခံနေတယ်။ ဟုတ်မှ ဟုတ်ရဲ့လား? ဘယ်လိုလဲ?။ ဆွမ်းဘုဉ်းပေး ပြီးတော့မှ
ဘုရားက ရှင်းပေးရတယ်။ တို့ဗုဒ္ဓဘာသာတွေက အတိတ်သံသရာ (cycle of the continue
of the birth and death)ဒါကို တို့…ယုံကြည် လက်ခံတယ်။ အဲဒါကြောင့်
အတိတ်မှာ မရေမတွက် နိုင်သောဘ၀မှာ ငါဟာ သူတို့လက်ထဲမှာ၊ သူတို့ရဲ့
ရင်ခွင်မှာ သားဖြစ်ခဲ့ဘူးတယ်။ အဲဒါကြောင့် ဘ၀ဟောင်းက ဘာလဲ? အချစ်ဓာတ်။
ပရိသတ်ရေ … ဘာလဲ? ဘ၀ဟောင်းက အချစ်ဓာတ်ပါဘုရား။ ဘ၀ဟောင်းက အချစ်ဓာတ်က
မပြယ်သေးဘူး။ အားလုံး "ဘ၀ဟောင်းက အချစ်ဓာတ်လေးတွေ မပြယ်ကြပါစေနဲ့"
ဆိုတာကိုလည်း ဆုတောင်း နေတယ်။ ဘ၀ဟောင်းက အချစ်ဓာတ်လေးက မပြယ်သေးတော့
သားဆိုတဲ့ အမှတ်နဲ့ အိမ်ပင့်ပြီးတော့ ဆွမ်းကပ်တာ။ အဲဒီမှာ ဘုရားပြောတာ။
ဘ၀ဟောင်းမှာ ဆွေမျိုးသားချင်း မတော်ဘူးတဲ့ ပုဂ္ဂိုလ်သတ္တ၀ါ မရှိဘူး။
ဆွေမျိုးသားချင်းဆိုတာ ယဉ်ကျေးအောင် ပြောတာ။ အသေးစိတ်ပြောရရင်
သိပ်မကောင်းဘူး။ အသေးစိတ် ပြောချင်သေးလား? လင်မယား မတော်ဘူးတဲ့
ယောက်ျားမိန်းမလည်း မရှိဘူး။ အဲဒီလောက်အထိ ပြောလို့ရတယ်။ ဆရာတပည့်
မတော်ဘူးတာလည်း မရှိဘူး၊ အိမ်အောက်က ကိုယ်စားပြီးတဲ့ စားဖတ် ၀ါးဖတ်ကို
ပစ်ချကျွေးလို့ အမြီးတငေါက်ငေါက်နဲ့ စားနေတဲ့ ခွေးလေးသည်ပင် လွန်ခဲ့တဲ့ဘ၀က
ကိုယ့်အဖေ ဖြစ်ချင် ဖြစ်မယ်။ ဘ၀ဟောင်းက ဆွေမျိုးသားချင်း မတော်ဘူးတဲ့
ပုဂ္ဂိုလ်သတ္တ၀ါ မရှိဘူး။
အဲဒီလို နှလုံးသွင်းပြီးတော့. . .
၁။ အချစ်ကို မပြယ်ရအောင်
၂။ အမုန်းတွေကို ပြယ်သွားအောင် ကြိုးစားကြပါ…ဆိုတာကို ဒီအချက်လေး ကိုလည်း ဘုန်းကြီးတို့ ပရိသတ်အားလုံးကို တိုက်တွန်းပါတယ်။
နောက်တစ်ခု လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ နိုင်ငံတော်ရဲ့ အကျိုး
စီးပွားကို ဆောင်ရွက်ကြတဲ့ လူတွေအားလုံး၊ အထူးသဖြင့်တော့ အသက်စွန့်ပြီးတော့
တိုင်းပြည် အတွက် အလုပ်လုပ်ကြတဲ့ စစ်ခေါင်းဆောင်တွေ၊ တပ်မတော်သားတွေ၊
အသက်စွန့်ပြီး ဆောင်ရွက်ကြတဲ့ နိုင်ငံခေါင်းဆောင်တွေကို ဘုန်းကြီးတို့က
ဘုန်းကြီးရဲ့ စိတ်ထဲမှာ ဘုရားလောင်းတွေလို ဘုန်းကြီးက ကြည်ညိုတာ။
လေးအသင်္ချေကမ္ဘာတစ်သိန်း ဖြည့်ခဲ့တဲ့ ဘုရားလောင်းရဲ့ ကျင့်စဉ်တွေကို ကြည့်,
ကြည့်။ သူတပါးရဲ့ အကျိုးစီးပွားအတွက် ဘုရားလောင်း ဘာတွေလုပ်လဲ?။
အသက်စွန့်တာတွေ အများကြီးပဲ။
အားလုံးပရိသတ်ကို မေးမယ်၊ စွန့်ခြင်းကြီး ဘယ်နပါးရှိလဲ?။ ငါးပါးပါဘုရား။
၁။ ဓနပရိစ္စာဂ - သူတပါးရဲ့ အကျိုးစီးပွားအတွက် ငါ့ပစ္စည်း
ဆုံးရှုံးချင်တိုင်း ဆုံးရှုံးပါစေ … ဒီလိုမဟုတ်လား?။ ဘုရားလောင်းစိတ်ဓာတ်ကို
မွေးရမယ်။
၂။ နောက်တစ်ခုက ဘာလဲ?။ ဓနပရိစ္စာဂပြီးရင် ဘရိယပရိစ္စာဂ-ဆိုကြပါစို့။
အဲဒါတော့ Very difficult to renounce your wife။ ဘရိယပရိစ္စာဂ-မယားကို
စွန့်တာ။ ရှေ့တန်းတိုက်ပွဲ ဆင်နွဲနေကြတဲ့ တပ်မတော်သားတွေ၊ တပ်မတော်
ခေါင်းဆောင်တွေ၊ သူတို့က ဟိုမှာတိုက်ပွဲ ဆင်နွဲနေတုန်း, ဒီက တခါတခါ
ဘာဖြစ်သွားမှန်းကို မသိလိုက်ဘူး။ စွန့်လိုက်ရတာတွေ ပြန်လာတော့ မရှိတော့ဘူး။
အဲဒါမျိုးတွေ အများကြီးပဲ။ သူတို့ ကိုယ်တိုင်လည်း အသက်စွန့်သွားလို့ ဒီက
မုဆိုးမဖြစ်သွားပြီး ကျန်ရစ်တာတွေ။ နိုင်ငံရေးကို လုပ်ကြတဲ့
နိုင်ငံခေါင်းဆောင်တွေလည်း ဒီလိုပဲ အသက်စွန့်ပြီး အလုပ် လုပ်ကြရတာ။
အဲဒါကြောင့် ဘုန်းကြီးက အရမ်းကြည်ညိုတယ်။ အော်. . .
နိုင်ငံခေါင်းဆောင်တွေနဲ့ တပ်မတော် ခေါင်းဆောင်တွေဟာ ဘာလဲ? ဘုရားလောင်းတွေ။
ဘုရားလောင်းကျင့်စဉ်
(၁) စီးပွားဥစ္စာကိုလည်း စွန့်လွှတ်ရတယ်။ (၂) သားသမီးကိုလည်း
စွန့်လွှတ်ရတယ်။ (၃) သားမယားကိုလည်း စွန့်လွှတ်ရတယ်။ (၄) အင်္ဂါအစိတ်အပိုင်း
ခြေထောက်တွေပြတ်, လက်တွေပြတ်, မျက်လုံးတွေကန်း, ဘာတွေလဲ? အင်္ဂပရိစ္စာဂ။
သိဝိဇာတ်မှာ မျက်ကန်းပုဏ္ဏားတစ်ယောက် နန်းတော်ရှေ့ ရောက်လာ၊ ကြေးစည်
ရိုက်တယ်။ တူဝေေ၀ဆိုတော့… ဟာ နန်းတော်ရှေ့မှာ အလှူခံ၊ ဘာအလိုရှိပါသလဲ?။
ဆန်လိုလား? ဆီလိုလား? မလိုဘူး။ မျက်လုံးလိုတယ်တဲ့၊ မျက်လုံးကို
ကြေးစည်ရိုက် အလှူခံတာ။ အဲဒီတော့ မင်းချင်း ယောကျာ်းတွေက မင်းတရား. . .
မျက်လုံး အလှူခံတဲ့ဘုရား။ (ဟာ. . . အဲဒါဆို သီတဂူစက္ခုဒါန ဆေးရုံကိုပို့။
ဟုတ်လား? အဲဒီတုန်းက မပေါ်သေးဘူး၊ အခုမှ ပေါ်တာ။ သီတဂူစက္ခုဒါနဆေးရုံ အားလုံး
(၁၂)ခု ဖွင့်ထားပြီးပီ။ (၃)ခုက တည်ဆောက်ဆဲ။ အားလုံး (၁၅)ခုရှိတယ်။)
ကြားညှပ်လိုက်ရင်တော့ အားလုံးမှတ်ထားလိုက်ပါ၊ ငါဘာယူသွားမလဲ?။
ကိုယ့်ကိုယ်ကို မေးပြီးတော့ အဖြေ ထွက်အောင် လုပ်ကြ။ ဘုန်းကြီး အခု (၇၅)နှစ်
Retire-လုပ်ဖို့ သင့်ပြီ။ ငါဘာယူသွားမလဲ?။ အားလုံး မေးကြပါ။
ငါ့တိုင်းပြည်၊ ငါ့သာသနာ၊ ငါ့လူမျိုးအတွက် ငါဘာတွေ ထားခဲ့မလဲ?။
အဲဒီမေးခွန်း နှစ်ခု နာနာမေးပြီးတော့ အဖြေထွက်အောင် လုပ်ကြစမ်းပါ။
အာနန္ဒာနဲ့ ဒေ၀ဒတ်၊ နှစ်ယောက်လုံး ဘုရားရဲ့ ညီတော်ဝမ်းကွဲ အတူတူပဲ။
အာနန္ဒာဘာယူသွားပြီး၊ ဘာထားခဲ့သလဲ? ညီအစ်ကို နှစ်ယောက်မတူတာ။ ဒေ၀ဒတ်ကို
အပြည့်အစုံဖတ်ကြရအောင် ဒေ၀ဒတ္တ။ နားထဲ နဲနဲ မချမ်းသာဘူးလား?။ ချမ်းသာ
ပါတယ်ဘုရား။ ဘယ်လိုဖတ်ရမလဲ?။ ဒေ၀ဒတ္တပါဘုရား။ ဒေ၀ဒတ်ဆိုတော့ ဂမ္မဒေါသ၊ နားထဲ
တော်တော် ဆင်းရဲတယ်။ အဲဒီတော့ နာမည်ထဲက ဟိုဖြတ် ဒီဖြတ် မဖတ်ကြပါနဲ့။
နာမည်တွေကို ဟိုပြင် ဒီပြင်မလုပ်ကြပါနဲ့။ နာမည်ကို အရှိအတိုင်းသာ ဖတ်ကြပါ။
ဒေ၀ဒတ်တစ်မျိုး၊ ဒေ၀ဒတ္တ- ဒါသိပ်ကောင်းတယ်။ အဲဒါကို တချို့က နာမည်တွေကို
ဟိုလိုဖတ် ဒီလိုဖတ်နဲ့ . . . တခါတလေ စကားဝှက်တွေလား? ပဟေဠိတွေလား? နားကို
မလည်ဘူး။ အေး… ဒေ၀ဒတ္တက ဘာတွေ ယူသွားနိုင် ခဲ့သလဲ? ဘာတွေ ထားပစ်နိုင်ခဲ့သလဲ?
အဖြေက ရှင်းနေတာပဲ၊ မတူတာ။ နှစ် (၂၅၀၀)သမိုင်းမှာ ဒေ၀ဒတ္တ ဘာတွေ ထားခဲ့သလဲ?
အပြစ်အညစ်အကြေး ဒုစရိုက် မကောင်းဆိုးဝါးတွေချည်းပဲ အကုန်ထားပစ်ခဲ့တယ်။
အာနန္ဒာ. . . ဘာထားပစ်ခဲ့သလဲ?။ မြတ်စွာဘုရား (၄၅)နှစ်မှာ ဟောသမျှ
စကားလုံးတွေကို combine and organization- လုပ်ခဲ့တာ သူပဲ။ အဲဒါကြောင့်
ဘ၀မှာ ကောင်းကောင်းထားပစ်ခဲ့နိုင်အောင်၊ ကိုယ့်အတွက်လည်း ကောင်းတာ လေးတွေ
ယူသွားနိုင်အောင် အားလုံးကြိုးစားကြရမှာ ဖြစ်ပါတယ်။ အခုပြောနေတာ
ဘုရားလောင်းရဲ့ စွန့်ခြင်းကြီး ဘယ်နပါးလဲ? (၅)ပါးပါဘုရား။ နောက်ဆုံး
အသက်စွန့်တာ။ အခုနက သိဝီဇာတ်မှာ ပုဏ္ဏားကကြေးစည်လေး ရိုက်လိုက်တော့
ဘုရင်ကြီးက အလှူခံကို ဘာလှူလိုက်လဲ? မျက်လုံးလှူလိုက်တယ်။ ဘုရင်ကြီးက
အလှူခံကို နန်းတော်ထဲကို ခေါ်လိုက်တယ်။ မျက်စေ့ဆရာဝန်က အသိတဉ္စန။ အံ့သြစရာ
ကောင်းတာက မျက်စေ့ဆရာဝန်ဆိုတာ အဲဒီတုန်းကတည်းက ရှိတာ။ မင်းကြီးရဲ့
မျက်လုံးထုတ်ပြီးတော့ မျက်လုံးအစားထိုး လှူလိုက်တာ။ ပုဏ္ဏား မျက်လုံးတစ်ဖက်
ရသွားတယ်။ အင်္ဂပရိစ္စာဂကို ပြောတာပါ။ ခြေထောက်တွေ ပြတ်လို့၊ လက်တွေပြတ်လို့၊
မျက်လုံးတွေကန်းလို့ နိုင်ငံတော်အတွက် ဆောင်ရွက် ကြတဲ့ တပ်မတော်သားတွေ၊
နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေအသင်းအဖွဲ့က
ပုဂ္ဂိုလ်တွေ နိုင်ငံမှာ အများကြီးပဲ။ အားလုံးကို ဘုန်းကြီးက
လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုတယ်၊ ကျေးဇူးတင်တယ်။ အော်. . .
ဘုရားလောင်းစိတ်ဓာတ်နဲ့ အလုပ် လုပ်ကြတာ။ ဒီအတိုင်းလည်း ဆက်လုပ်ကြပါ။
ပုဏ္ဏားကလည်း ရှိသေးတယ်၊ မျက်လုံးတစ်ဖက်မြင် တော်ရော့ပေါ့၊ တော်ပြီးလား?
မင်းဘာလိုသေးလဲ ဆိုတော့။ တစ်ဖက်ကျန်သေးတယ်တဲ့။ တစ်ဖက်ပေးပါအုန်း။ အလှူခံက
မျှမျှတတလေး ကြည့်လုပ်မှ ရတယ်။ ရတိုင်း ကိုယ်လိုချင်လို့ ယူချင်တိုင်း
ဘယ်ရမလဲ။ အင်္ဂပရိစ္စာဂနော်၊ ကိုယ်အင်္ဂါကို စွန့်တာ။
အသက်စွန့်တာ တစ်ခုလေး ပြောပြရရင် "ယုံလေး" ဖြစ်တဲ့ဘ၀ကို ပြောပြချင်တယ်။
အစာငတ်နေတဲ့ ပုဏ္ဏားတစ်ယောက်ကို တွေ့တယ်။ ပုဏ္ဏား ဘာဖြစ်နေလဲ? ဖိုလှိုက်
ဖိုလှိုက်နဲ့၊ ထမင်းမစားရလို့။ ဒါဆို မီးလေးဖို။ ရဲရဲတောက်မီးလည်း
ဖိုပြီးရော့ ဘာပြောလဲ? ကျုပ်ခုံချမယ်၊ ကျုပ်အသားတွေကို မီးထဲမှာ ဖုတ်လိုက်။
ကျက်တဲ့အခါ ခင်ဗျား စားပါ။ ဒါဘာလုပ်တာလဲ? ဇီဝိတပရိစ္စာဂ အသက်ကိုစွန့်တာ။
စွန့်လွှတ်ခြင်း renounce။ မစွန့်လွှတ်နိုင်ရင် ဘယ်တော့မှ ထိပ်တန်း
မရောက်ဘူး။ အဲလို စွန့်လွှတ်ချင်တဲ့ စိတ်ဓာတ်မျိုးရှိဖို့လည်း
လိုပေလိမ့်မယ်။ စွန့်လွှတ်ခြင်းဟာ လွတ်မြောက်ခြင်းရဲ့ လမ်းစပဲလို့ ဒီလိုလည်း
ခေါ်နိုင်တယ်။ စာဂေါ ပရိနိဿဂ္ဂေါ မုတ္တိ-ဆိုတဲ့ စာကို ကြည့်ပြီးပြောတာ။
အဲဒါကြောင့် အားလုံး ဘုရားလောင်းစိတ်ဓာတ် မွေးကြ။ ဘုရားလောင်းစိတ်ဓာတ်
မွေးဆိုတော့ တဆက်တည်း . . . ဘုန်းကြီးက ဘုရားလောင်းကျင့်စဉ် ဆိုတာ လေးကို
နဲနဲဆက်လက်ပြီးတော့ ပြောပြ ချင်သေးတယ်။ ဘုန်းကြီးနောက်ထပ် အချိန်(၁၅)
မိနစ်လောက် ယူမယ်။ အရေးကြီးတဲ့အပိုင်းလေးတွေကို ဘုန်းကြီး Point-တွေလောက်
ပြောပြီးသွားပါပြီ။
ဘာပြောမလဲဆိုတော့ ဘုရားလောင်းရဲ့ ကျင့်စဉ်က (၁၀)ခု ရှိတယ်။ (၁၀)ခုကို
ဗမာတို့ ပြောနေကျအတိုင်း ရိုးရိုးပြောရင် ပါရမီ (၁၀)ပါး။ ပထမပါရမီက
ဘာများလဲ? ပရိသတ်ကြားဘူးလား? ပြောစမ်းပါ။ ဒါနပါရမီပါဘုရား။ ဒါန။
ဒါန-ဆိုတာကို ဘယ်လို နားလည်လဲ?။ လှူတယ်လို့ ဒီလို နားလည်မယ်နော်။ လှူတာလည်း
ဒါနမှန်တယ်။ အဲဒီ ဒါနထဲမှာ ပေးတာကိုလည်း ဒါနအနေနဲ့ထည့်ပါ။ နဲနဲလေး နဲနဲလေး
ကွာတာကို ကိုယ့်ဟာကို နှလုံးသွင်းယူပါ။ Share-ဝေပေးတာ၊ ဝေငှတာကိုလည်း
ဒါနပါရမီထဲ ထည့်ပါ။ စွန့်လွှတ်တာကိုလည်း ဒါနပါရမီထဲ ထည့်ပါ။ လှူတယ်၊ ပေးတယ်၊
ရှယ်ယာတယ်၊ ဝေငှတာကိုလည်း ဒါနထဲထည့်ပါ။
ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် (United Nation Organization)က "ဗုဒ္ဓနေ့"
အခမ်းနားကျင်းပတယ်။ (၁၆)နိုင်ငံက ကိုယ်စားလှယ်တွေကို စကားပြောဖို့
ဖိတ်တယ်။ (၁၄)နိုင်ငံက သံအမတ်တွေ ပြောတယ်၊ ဗမာနဲ့ မွန်ဂိုလီးယား
နှစ်နိုင်ငံပဲ ဘုန်းကြီး တက်ပြောတယ်။ Dana means giving up of our
position။ ဘာလုပ်တာလဲ?။ မိမိတို့ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်တာ။ Sharing
our power with others။ မိမိတို့ရဲ့ Power-တွေကို ဘာလုပ်တာလဲ?
သူတပါးတို့နဲ့ ဝေငှတာ။ Now-a-day craving for power influence and wealth,
အဲဒါတွေကို သိပ်ပြီး crave-ဖြစ်နေလို့ရှိရင်၊ is the main cause for war
and tension။ သိပ်ပြီးတော့ position-ကို အရမ်းမက်မောနေကြလို့ရှိရင်
ဘာဖြစ်လဲ?။ Tension-နဲ့ စစ်အတွက် အဓိကအကြောင်းကြီး ဖြစ်နေတတ်တယ်။
ဗိမ္ဗိသာရမင်းကြီး အသတ်ခံရတာ၊ နောက်ပြီးတော့ ကောသလတိုင်းက ကောသလ ဘုရင်ကြီး
နန်းလုခံရတာ၊ အဇာတသတ်က အဖေကို သတ်ပြီးတော့ နန်းလုတယ်။ ကောသလတိုင်းမှာ
ကောသလဘုရင်ကို နန်းချပြီးတော့ ၀ိဋဋူဘက နန်းလုတယ်၊ Power sharing-မလုပ်လို့။
ဝေသာလီကျတော့ လိစ္ဆ၀ီမင်းတွေက "ဝေသာလိယာ လိစ္ဆ၀ီရာဇာနော ၀ါရေန ရဇ္ဇံ
ကာရေသုံ"-ဆိုပြီးတော့ ဘုရင်ကို လေးနှစ် တစ်ကြိမ်, လေးနှစ် တစ်ကြိမ်
ပါလီမန်လွှတ်တော်ထဲကနေ ရွေးပြီးတော့ ဘုရင်ကို တင်မြှောက်သွားတာကို တွေ့ရတယ်။
ဝေသာလီမှာ ရာဇဂြိုလ်ရဲ့ ဖြစ်ရပ်မျိုး ကောသလတိုင်းမှာ တခါမှ မဖြစ်ခဲ့ဘူး။
အဲဒါကြောင့် ဒါနဆိုတဲ့ သဘောသည် ပစ္စည်းဥစ္စာကို လှူတာလောက် တခုတည်း
မဟုတ်ပဲနဲ့ ဝေတာကော ယူရမယ်။ ကိုယ်က Billion-အထိ ချမ်းသာနေတယ်
ကိုယ့်အိမ်ရှေ့မှာ သူတောင်းစားတွေ့ရင် နဲနဲတော့ ဝေပေးပါ။ ကိုယ်က ဘီလျံ
(Billion)၊ မီလျံ(Million) လောက် ချမ်းသာနေမယ် ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊
ဆေးမကုနိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ရင် ဆေးလေးတွေ၊ ပညာရေးလေးတွေ ဝေပေးပါ။
Sharing our positions with the poor people။ Poverty ကမ္ဘာကြီးက အများကြီး
poor-ဖြစ်နေကြတယ်၊ poverty-ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေများနေကြတယ်။ The
possessor-တွေက ဘာလုပ်ကြမလဲ? ဝေနိုင်မှ tension-မှုတွေ လျော့ပြီးတော့၊ the
world fighting, conflicting-တွေလည်း လျော့သွားမယ်။ ဒါနပါရမီဟာ
အလွန်ကျယ်ပြန့်ပါတယ်။ နာနာ ပေးနိုင်ရင် အရာရာကို အောင်မြင်တယ်။ ဒါနံ သဗ္ဗတ္ထ
သာဓကံ-ဟောထားတာ ရှိပါတယ်။ Learning the beauty of giving-
ပေးကမ်းစွန့်ကြဲခြင်းနဲ့ ပတ်သက်တဲ့ အလှအပလေးတွေကို သင်ယူကြပါ။ We should
pity on millions of people who are living under poverty-line- ဆင်းရဲ
မွဲတေနေကြတဲ့ လူတွေကို များများကြီးကြည့်ပြီးတော့ မီလျံနာတွေ၊ ဘီလျံနာတွေက
ဝေငှနိုင်တဲ့ စိတ်ဓာတ်တွေ မွေးကြပါ။ And suffering from diseases and
ignorance- အ၀ိဇ္ဇာကြောင့် ရလာတဲ့ mental disease၊ ရောဂါအမျိုးမျိုးကြောင့်
ရလာတဲ့ physical disease၊ အဲဒီ disease- (၂)မျိုးကို ခံနေရတဲ့
ပုဂ္ဂိုလ်တွေကို ကြည့်ပြီးတော့ သနားပြီးတော့ များများကြီး ဝေတဲ့အလုပ်
ဒါနပါရမီကို ဖြည့်ကြပါ။
နောက် ဒုတိယပါရမီဘာလဲ? သီလပါရမီပါဘုရား။ သီလဆိုလိုက်လို့ရှိရင်
ပါဏာတိပါတာ ဝေရာမဏိ- ငါးပါး၊ ရှစ်ပါး၊ ကိုးပါး ရွတ်တာကို အားလုံး စိတ်က
ရောက်သွားလိမ့်မယ်၊ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလောက်တင် မစဉ်းစားပဲနဲ့၊
အတိုချုပ်ကတော့ ဘုန်းကြီး စာလေးတစ်ကြောင်း ဖတ်ပြပါမယ်။ Not to generate any
evil deeds- မကောင်းတဲ့ အမူအရာကို ဘာမှ မလုပ်ပါနဲ့။ Not to generate any
evil speeches- မကောင်းသောစကားဘာမှ မပြောပါနဲ့။ ဒါ သီလပဲ။ Every
leader-ခေါင်းဆောင်တွေအားလုံး၊ should value-တန်ဖိုး ထားကြပါ။ the
life-ဘ၀ကို တန်ဖိုးထားကြပါ။ Practicing of morality-ကိုယ်ကျင့်တရားကို
ထိမ်းသိမ်းခြင်းဖြင့် အားလုံးတန်ဖိုးထားကြစမ်းပါ။ So, guard your morality-
ကိုယ်ကျင့်တရားကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ဟာ။ Become good leader-
ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာမှာပါ။ Foreign policies of nations
are-ကမ္ဘာအရပ်ရပ်က ပြည်ပရေးရာ ၀ါဒတွေမှာ။ Mostly based on selfish-
တကိုယ်ကောင်းဆန်တဲ့ အပေါ်မှာ အခြေခံတတ်ကြတယ်။ And interests lacking moral
dimension- ကိုယ်ကျင့်တရားနဲ့ ပတ်သက်တာတွေ လျော့ပါးနေတယ်။ Morality serves-
ကိုယ်ကျင့်တရားက အားလုံးကို လုပ်ကျွေးပြုစုမယ်။ As the foundation for the
development of meritorious deeds- ဘ၀ရဲ့ ကောင်းကျိုးတရားတွေ
ဖြစ်ပွားဖို့ရန်အတွက် သီလတရားဟာ အားလုံးရဲ့ အခြေခံ ဖြစ်ပါလိမ့်မယ်။
နောက်တတိယတစ်ခုက ဘာလဲ? နေက္ခမ္မပါဘုရား။ နေက္ခမ္မ-ဆိုတာ ဘယ်လို translate
(ဘာသာသာပြန်)လုပ်ချင်လဲ? တောထွက်တာလား? တောထဲမှာ အခုလူတွေ အများကြီးပဲ။
ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ ကျောင်းသား တွေရော၊ စစ်သားတွေရော၊
ကချင်တွေရော၊ ကရင်တွေရော အများကြီးပဲ။ ဒါ…တောထွက်တာလား?။ အဲဒါနေက္ခမ္မဆိုတဲ့
စာလုံးကို ဘုန်းကြီးတို့က တောထွက်တာလို့ မဆိုချင်ဘူး။
Renounce-စွန့်လွှတ်တာ။ ဘာလုပ်တာလဲ? စွန့်လွှတ်တာပါဘုရား။ အားလုံးစွန့်လွှတ်
နိုင်မှ။ သိဒ္ဓတ္ထက ထိပ်တန်းကနော်။ ဟို…သမ္မာသမ္ဗုဒ္ဓကိုမပြောပဲ စကားလုံးတစ်လုံး
ပြောပါ့မယ်။ Most perfect one- လောကမှာ အပြည့်စုံဆုံး ပုဂ္ဂိုလ် တစ်ယောက်၊
လောကရဲ့ အထိပ်တန်း အပြည့်စုံဆုံးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာဖို့ရန်အတွက်
သူဘာလုပ်ရတာလဲ?။ ယသောဓရာနဲ့ (၁၃)နှစ်လောက် ကာမဂုဏ်စည်းစိမ်ခံစားနေပေမယ့်
အဲဒါကို ဘာလုပ် ပစ်ရလဲ?။ စွန့်ပစ်ရပါတယ်ဘုရား။ စွန့်ပစ်ရတယ်…
renounce-ဆိုတာ ဒါကို ပြောတာ။ တောထဲသွားနေကို ပြောတာမဟုတ်ဘူး။ renounce-
စွန့်ကြ။ ဒီစည်း စိမ်းချမ်းသာလေးကို မစွန့်လွှတ်နိုင်ရင်, မက်မောနေရင်,
သာယာမှုလေးတွေကို မစွန့်လွှတ်နိုင်ရင် လောကမှာ ဘယ်တော့မှ ရှေ့တန်းမရောက်ဘူး၊
ထိပ်တန်း မရောက်ဘူး။ renounce-ဆိုတာ စွန့်လွှတ်တာ။ နန်းတော်ကြီးလည်း
စွန့်ရတယ်၊ မကြာခင်မှာ သုဒ္ဓေါဒနက သူ့ကို ဘာလုပ်တော့မှာလဲ?။ နန်းလွှဲတော့မယ်၊
ဘုရင် လွှဲတော့မယ်။ အဲဒီတော့ မင်းစည်းစိမ်ပါ ဘာလုပ်ရလဲ? အဲဒီတော့
ဒီလိုပြောရင် စိတ်မဆိုးနဲ့။ Renounce the power-သူရမည့် အာဏာပါဝါတွေကို
သူဘာလုပ်သွားလဲ?။ စွန့်တာ။ အဲလိုစွန့်တဲ့အတွက်ကြောင့် သူဘာဖြစ်သွားလဲ?
ဗုဒ္ဓဖြစ်တာ။ အဲဒါကြောင့် ခန္ဓာကိုယ်ရဲ့ သက်သာမှုကလေးတွေ မစွန့်လွှတ်
နိုင်သေးသမျှ, မက်မောစရာလေးတွေကို မစွန့်လွှတ်နိုင်သေးသမျှ ဘာဖြစ်လဲ?
ဘယ်တော့မှ ထိပ်တန်းတစ်နေရာကို မရဘူး။ စွန့်လွှတ်ချင်တဲ့ စိတ်ဓာတ်ကို
အားလုံးမွေးကြ။ Renounce-ဆိုတာ အဲဒါပါပဲ။ We should sacrifice and renounce
our time. အချိန်၊ ကျုပ်မအားဘူး၊ ကျုပ်အချိန်၊ ကျုပ်အတွက် အလုပ်
လုပ်ရအုန်းမယ်။ သူများအတွက် အချိန်မပေးနိုင်ဘူး၊ တိုင်းပြည်အတွက်
အချိန်မပေးနိုင်ဘူး၊ လူသားတွေ အတွက် အချိန်မပေးနိုင်ဘူး၊ လုပ်သမျှ
ကိုယ့်အတွက်ကိုချည်း အချိန်ကို အသုံးချတာ။ အချိန်ကိုလည်း
မစွန့်လွှတ်နိုင်ဘူး။ နောက်တစ်ခုက as long as we should not renounce money-
ပိုက်ဆံငွေကြေးလည်း အဆုံးရှုံးမခံနိုင်ဘူး၊ Power-ကိုယ့်ရဲ့ တန်ခိုးသြဇာ
ပါဝါကိုလည်း မစွန့်လွှတ်နိုင်ဘူး။ Sensual pleasure-စည်းစိမ်ခံစားရတာ
တွေကိုလည်း မစွန့်လွှတ်နိုင်ဘူး၊ for the welfare of the nations-
သူတပါးတို့ရဲ့ အကျိုးစီးပွားအတွက် ကိုယ့်ရဲ့ အချိန်၊ ကိုယ့်ရဲ့
စီးပွားဥစ္စာ၊ ကိုယ့်ရဲ့ သက်သာမှုတွေကို မစွန့်လွှတ်နိုင်သေးသမျှ
မက်မောစရာလေးတွေကို မစွန့်လွှတ် နိုင်သေးသမျှ ဘယ်တော့မှ ထိပ်တန်းကို
မရောက်ပါဘူး။ အဲဒါကြောင့် renounce-ဆိုတဲ့ နေက္ခမ္မပါရမီဟာ ကိုယ့်ရဲ့
possession, ကိုယ့်ရဲ့ power, ကိုယ့်ရဲ့ ပိုင်ဆိုင်မှု, ကိုယ့်ရဲ့အချိန်,
ကိုယ့်ရဲ့ သက်သာမှုတွေကို ဘာလုပ်တာလဲ? သူတပါးတို့ အတွက် များများကြီး
စွန့်လွှတ် နိုင်အောင် ကြိုးစားကြပါလို့ ဒီအချက်တော့ ဒါပြောသွားတာ။ We would
never minister the services to the nations as long as we could not
renounce- မစွန့်လွှတ်နိုင်သေးသမျှ။ We would never minister the services
to the nations-လူတွေရဲ့ အကျိုးစီးပွားကို တို့မလုပ်နိုင်ဘူး။
နောက် နံပါတ် (၄)ဘာပါလိမ့်? ပညာပါဘုရား။ ပညာ- removing the
ignorance-မိမိ နှလုံးသားထဲမှာ ဘာကို ဖယ်နိုင်ဖို့လဲ?၊ အ၀ိဇ္ဇာကို
ဖယ်နိုင်ဖို့ လိုတယ်။ The darkness of delusion in life- ဘ၀ရဲ့
အမှောင်တွေကို အကုန်လုံး ဘာလုပ်ရမလဲ? ဖယ်ထား နိုင်ရမယ်။ This is right and
this is wrong- မှားလား? မှန်လား? မသိတဲ့ အဲဒီအ၀ိဇ္ဇာတရားကို ဖယ်ပစ်။
Understanding the true and understanding the reality- အရှိတရား
အမှန်တရားကို နားလည်အောင် လုပ်ကြ။ Seeing the realistic nature and
reviewing the correct vision are very important to make balanced
decisions- သိပ်အရေးကြီးတယ်, correct vision။
သမ္မာဒဿနမရှိသေးသမျှ ဘာဖြစ်လဲ? မှန်ကန်သော ဆုံးဖြတ်ချက်ကို မချနိုင်ဘူး။
အသိဉာဏ်က Clear vision-ရှင်းလင်းသော အသိဉာဏ်မရှိသေးသမျှ ဘာဖြစ်လဲ?
ဆုံးဖြတ်ချက်တွေ ဘာတွေ ချချ မမှန်နိုင်ဘူး။ မှားတဲ့ဆုံးဖြတ်ချက် တစ်ခုကို
ချလိုက်မိပြီဆိုလို့ရှိရင် အဲဒါကိုလုပ်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီဆုံးဖြတ်ချက်
နောက်မှာ ခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဒုက္ခအစဉ်အဆက်ကြီးကတော့ အဆုံးသတ်ဖို့
မလွယ်ဘူး။ အဲဒါကြောင့် ပညာအရေးကြီးပါတယ်။ ဘုန်းကြီးတို့ မနေ့တစ်နေ့က
အမေရိကက ပြန်လာတော့ Barnes and Noble-ဆိုတဲ့ စာအုပ်ဆိုင်ကို သွားပြီးတော့
ဘုန်းကြီးက စာအုပ်တွေကို သွားနေ့ကျဆိုင်မှာ ၀င်ရှာတော့ စာအုပ်ကြီးတစ်အုပ်
တွေ့တယ်။ ဗမာလို ပြောမယ် "ကမ္ဘာမှာ အဆိုးဝါးဆုံးသော ဆုံးဖြတ်ချက်ကြီးများရဲ့
သမိုင်း"ဆိုတဲ့ စာအုပ်ကြီး တစ်အုပ်ကိုတွေ့တော့ ဘုန်းကြီးက
ပျော်ပျော်ပါးပါးနဲ့ ၀ယ်လာခဲ့တယ်။ ဘယ်ကစဆုံး ဖြတ်ထားသလဲဆိုတော့
အာဒံနဲ့ဧ၀တို့၊ အီဗရာဟင် တို့က စပြီးတော့ သူတို့ဆုံးဖြတ်တွေကို မှားလို့
ဒီကနေ့ ကမ္ဘာကြီးမှာ the passion-ဆိုတဲ့ ရာဂတွေ တိုးပွားနေတယ်
ဆိုတဲ့အကြောင်း အဲဒီလူက ရေးထားတယ်။ ခရစ်ယာန်တွေကို သူကရေးထားတယ်။
စာအုပ်ကတော်တော် ကောင်းတယ်။ The history the words dicession of the world-
ဆိုတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်တစ်ခုချတော့မယ်
ဆိုရင် ဘာလိုလဲ?။ ပညာလိုတယ်။ ပညာမပါပဲ ဆုံးဖြတ်ချက်ချတဲ့ ဆုံးဖြတ်ချက်တွေဟာ
မှန်ကန်ဖို့ ခက်ခဲတယ်။ အဲဒါကြောင့် ဘုရားလောင်းရဲ့ ပါရမီမှာ ဘာ
Quality-လဲ? ပညာပါရမီ။ အားလုံး ဘုရားလောင်းကျင့်စဉ်ကို ကျင့်ကြတဲ့
ဒီအမျိုးကောင်းသားတွေဟာ ပညာကို လေ့လာကြပါ။ အဲတော့ ကျောင်းတက်မှ
ပညာရမယ်လို့တော့ တဖက်သတ်ကြီး မမှတ်နဲ့။ ကျောင်းမတက်ဘဲလည်း ပညာတွေ
ရနိုင်ပါတယ်။ ဘုန်းကြီးတို့ နီတိမှာ စာတစ်ခုရှိတယ် "လောကော သတ္တာန-မာဆေရော။
The whole world is our teacher. လောကကြီးတစ်ခုလုံးဟာ ကျွန်ုပ်တို့ရဲ့
ဆရာသမား"။ နေ့စဉ် နေ့စဉ်မြင်နေကြတဲ့ အရာအကုန်လုံးက ကျွန်ုပ်တို့ရဲ့
ဆရာသမားတွေ။ အဲဒါတွေ အားလုံးကို ယူသင့်တာ ယူထား၊ ဖယ်သင့်တာကို ဖယ်ထား။
အားလုံးဟာ ပညာပဲ။ Invaluable to decision makers။ Wisdom guided by
awareness-သတိနဲ့ ထိန်းချုပ်ထားတဲ့ ပညာ။ is invaluable- အလွန်တရာ
တန်ဖိုးကြီးမားတယ်။ ဘာတွေအတွက်လဲ? To decision makers-ဆုံးဖြတ်ချက်
တစ်ခုကို ချချပေးမည့် လူတွေအတွက် သတိနဲ့ ထိန်းချုပ်ထားသော ပညာသည် အလွန်တရာ
တန်ဖိုး ကြီးပါတယ်။
နောက်တစ်ခုဘာလဲ ပရိသတ်? ၀ီရိယပါဘုရား။ ၀ီရိယ endeavor။ ၀ီရိယဆိုတဲ့
ဥစ္စာဟာ အဓိပ္ပါယ် နှစ်မျိုးပြောလို့ ရပါတယ်။ တစ်မျိုးက ၀ီရ- ရဲရင့်သော
စိတ်ထား၊ ရဲရင့်တယ်ဆိုတာ သတ်ဖို့၊ ဖြတ်ဖို့၊ ခိုးဖို့၊ လုယက်ဖို့၊
နှိပ်စက်ဖို့ ရဲရင့်တာကို မဆိုလိုပါဘူး။ ဘာလုပ်ဖို့ ရဲရင့်ရမလဲ? အေးသလား?
ဒီလောက် အေးနေတဲ့ အချိန်ကြီးမှာ အလုပ် လုပ်စရာရှိတယ်၊ အဲဒီအေးနေတဲ့ အရာကို
ရဲရဲတင်းတင်း ရင်ဆိုင်ပြီး သွားလုပ်ပါ။ သိပ်ပူတယ်၊ ပူနေတုန်းလည်း ပူနေတာကို
ရဲရဲတင်းတင်းရင်ဆိုင်ပြီးတော့ လုပ်ရမည့် ကိစ္စကိုလုပ်သာလုပ်။ ပူလို့
နောက်ဆုပ်နေမယ်၊ အေးလို့ နောက်ဆုပ်နေမယ်ဆိုရင် ဘာဖြစ်မလဲ? အကုန်လုံး
အခွင့်အရေးတွေ ဆုံးရှုံးမယ်။ အဲဒါကြောင့် ၀ီရဆိုတာ အေးတာတို့, ပူတာတို့,
စောခြင်းတို့, နောက်ကျခြင်းတို့, နေကောင်းခြင်းတို့, နေမကောင်းခြင်းတို့,
ချစ်သူနဲ့ ခွဲရခြင်းတို့, မုန်းသူနဲ့ တွဲရခြင်းတို့ကို ရင်ဆိုင်ရဲတဲ့
သတ္တိကို ဘာခေါ်သလဲ? ၀ီရလို့ ခေါ်ပါတယ်ဘုရား။ အဲဒီ "၀ီရရှိတဲ့ ပုဂ္ဂိုလ်ကို
ဝီရိယရှိတဲ့ ပုဂ္ဂိုလ်"လို့ ခေါ်တာပါပဲ။ အဲဒီ ၀ီရစိတ်နဲ့ အားထုတ်တဲ့အခါမှာ
right endeavour-အရေးကြီးပါတယ်။ Right endeavourer-ဆိုတာက မိမိအတွက်လည်း
အကျိုးရှိမယ်၊ သူတပါးလည်း အကျိုး ရှိမယ် နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်ဆိုရင်
ဒါ endeavour-ပဲ။ ကိုယ့်အတွက်သာ အကျိုးရှိပြီး သူတပါးအတွက်
အကျိုးမရှိဘူးဆိုလို့ရှိရင် အဲဒီကိစ္စကို အားထုတ်ဖို့ အများကြီး
ကျိုးစားရမယ်။ လောကရေးရာဆိုရင်တော့ ဒါကို လုပ်ဖို့ စဉ်းစားရမယ်။
ဓမ္မရေးရာမှာ ဆိုရင်တော့ ကိုယ့်အကျိုးစီးပွားအတွက် ဒါကို လုပ်လို့ရပါတယ်။
အဲဒါ Right endeavourer-မှန်ကန်စွာ အားထုတ်ခြင်း။ Striving steadfastly
without slacking in efforts and perseverance is the perfection of right
endeavor-ဒါဟာ perfection-တစ်ခုပဲ။ ပါရမီကို perfection-လို့ ခေါ်တယ်နော်။
If you want to perfect man, we should follow ten perfections.
နောက်တခုက ဘာတဲ့လဲ ပရိသတ်? ခန္တီပါရမီပါဘုရား။ ခန္တီလည်းပဲ ဘယ်ထဲ ပါသလဲ?
ပါရမီထဲပါပါတယ် ဘုရား။ ခန္တီအကြောင်း ပြောပြီးပီ။ မြေကြီးလို ကျင့်ကြ။
နောက်တစ်ခုက ဘာတဲ့လဲ ပရိသတ် ခန္တီပြီးတော့? သစ္စာပါရမီပါဘုရား။ သစ္စာ။
အဲဒါကိုလည်း ရေးထားတဲ့ ဘုန်းကြီးရဲ့ စာတမ်းလေး ဖတ်ပြီးတော့ အပြည့်အစုံ
ပြောပြမယ်။ Leaders, any leaders should not utter-မပြောသင့်ဘူး။ Any
conscious lies- သိလျက်နဲ့ မဟုတ်တာကို မပြောနဲ့။ For the sake of wealth
and power-စီးပွားဥစ္စာနဲ့ ပါဝါအတွက် သိလျက်နဲ့ မဟုတ်တာကို မပြောရဘူး။ They
should not be swayed by desire-ရာဂကြောင့်လည်းပဲ လောဘနဲ့ပဲလည်း မဟုတ်တာကို
မပြောရဘူး။ ဒေါသကြောင့်လည်းပဲ မဟုတ်တာကို မပြောပါနဲ့။ They should not be
swayed by fear- ကြောက်လို့လည်းပဲ မဟုတ်တာကို မပြောပါနဲ့။ They should not
be swayed by delusion- မသိသဖြင့် မောဟ လွမ်းပြီးတော့လည်း မဟုတ်တာကို
မပြောပါနဲ့။ Leaders should constantly establish the Perfection of
Truthfulness-မှန်ကန်စွာ ပြောဆိုတဲ့ အလေ့အကျင့်ကို အားလုံး စနစ်တကျ
တည်ဆောက်ကြပါ။ Which is speaking only the truth with no duplicity in
speech- စကားထဲမှာ နှစ်ခွန်းမရှိပါစေနဲ့၊ နှစ်မျိုးမရှိပါနဲ့။ Planet Venus
pursues its own course through all the seasons- Planet Venus- ဘာလဲ?
အင်္ဂါဂြိုလ်လား? ကမ္ဘာမြောက်ဝင်ရိုးစွန်းမှာ သွားနေတဲ့ ဓူဝင်ကြယ်၊
ကမ္ဘာကြီးကို ပတ်နေတာ လမ်းကြောင်းလေး ပြောင်းပြီးတော့ ဟိုလမ်းကြောင်း
ဒီလမ်းကြောင်းကနေ သွားအုန်းမယ်ဆိုပြီးတော့ ဘယ်တုန်းက သွားဘူးလဲ?။
ကမ္ဘာပတ်နေတဲ့ ကြယ်တာရာတွေ, လတွေ, နေတွေ, ဒီ orbits-တွေ, ဒီ planet-တွေဟာ ဒီ
orbit-ကိုသာ ပြောင်းပြီးသွားရင် ကမ္ဘာကြီး ဘာဖြစ်မလဲ? ကမ္ဘာပျက်မယ်။ အဲဒါကို
စံနမူနာထားပြီးတော့ မှန်ကန်သော လမ်းကြောင်းက အားလုံး လျှောက်ကြပါ၊
သစ္စာပါရမီ။
နောက်နံပါတ် (၈) ဘာပါရမီလဲ ပရိသတ်? အဓိဋ္ဌာနပါရမီပါဘုရား။ အားလုံး
ဘုန်းကြီးက ဘုရားလောင်းကျင့်စဉ်ကို ပြောနေတာ။ စစ်ခေါင်းဆောင်အားလုံး၊
နိုင်ငံရေး ခေါင်းဆောင်အားလုံး, လူမှုရေး, ဘာသာရေး, သာသနာရေး
ခေါင်းဆောင်အားလုံးကို ဘုန်းကြီးက ဘုရားလောင်းတွေလို ကြည်ညိုပြီး ပြောနေတာ။
အခု အဓိဋ္ဌာနပါရမီ- resolusion။ The leaders should make resolution as
steadfast as a rocky mountain-ကျောက်တောင်ကြီးကဲ့သို့ ခိုင်မာသော
ဆုံးဖြတ်ချက် ရှိရမယ်။ အခုတစ်မျိုး အခုတစ်မျိုး မလုပ်ရဘူး။
ဆုံးဖြတ်ချက်တစ်ခုချပြီးရင် အဲဒီ decision-ကို ချတော့မယ် ဆိုရင်လည်း ဘာနဲ့
ချရမလဲ? သတိနဲ့ ထိန်းထားတဲ့ ပညာနဲ့ ဆုံးဖြတ်ချက် ချရင် အဲဒီဆုံးဖြတ်ချက်သည်
မမှားဘူး။ အဲဒီမှန်ကန်တဲ့ အကျိုးရှိမည့် ဆုံးဖြတ်ချက်ကို ချပြီးရင်
ကျောက်ထဲမှာ စိုက်ထောင်ထားတဲ့ ကျောက်တိုင်လိုဆို ဘာဖြစ်မလဲ?
ဒီဆုံးဖြတ်ချက်ဟာ ခိုင်းမြဲနေရမယ်။ ဖွဲထဲမှာ, သဲထဲမှာ စိုက်ထားတဲ့ တိုင်လို
ရိုင်မနေရဘူး။ Which never trembles when the storm beats upon it-
မုန်တိုင်းတွေ တိုက်ချင်တိုင်း တိုက် ကျောက်ထဲမှာ စိုက်ထားတဲ့ ကျောက်တိုင်က
ဘယ်တော့မှ မယိမ်းယိုင်ဘူး။ Likewise, leaders must be unshaken in their
resolution- ဆုံးဖြတ်ချက်တွေ အားလုံး ဘယ်တော့မှ မယိမ်းယိုင်ပါစေနဲ့။
နောက် နံပါတ် (၉) ဘာပါရမီလဲ? မေတ္တာပါရမီပါဘုရား။ မေတ္တာ- ပြောပြီး
သွားပြီ။ မေတ္တာကဘာနဲ့ တူတဲ့အကျင့်လဲ?၊ ရေနဲ့ တူတဲ့အကျင့်ပါဘုရား။ ရေလို
ကျင့်ကြပါ။ လူကောင်းတွေသောက်လည်းပဲ၊ သူတော်ကောင်းတွေ သောက်လည်းပဲ ဘာဖြစ်လဲ?
အေးချမ်းတယ်။ လူမိုက်တွေ လူဆိုးတွေသောက်လည်း အေးချမ်းတယ်။ လူကောင်း လူဆိုး
နှစ်မျိုးလုံးကို ရေသည် အေးချမ်းစေသလိုပဲ ရန်သူမိတ်ဆွေ အားလုံး
ဘာဖြစ်ပါစေလဲ? အေးချမ်းပါစေလို့ နှလုံးသွင်းကြပါ။ မေတ္တာ။
နောက်ဆုံး နံပါတ် (၁၀) ဘာပါရမီလဲ ပရိသတ်? ဥပေက္ခာပါရမီပါဘုရား။ ဥပေက္ခာ။
We all leaders, any leaders, religious leaders, national leaders, social
leaders, political leaders, any leaders should not be perturbed by
prosperity- စီးပွားဥစ္စာတွေကြောင့် စိတ်တွေ ဘာဖြစ်ရမလဲ? စိတ်တွေ
မယိမ်းယိုင်ရဘူး။ and adversity gain and lost- Gain-အသစ်ရတာ, စိတ်က
ဘာဖြစ်လာလဲ? စိတ်က မြှောက်သွားတယ်။ Lost-ဘာဖြစ်လဲ? ဆုံးရှုံးကုန်ပြီ၊
စိတ်ဓာတ်တွေကျလာတယ်။ သိပ်အောင်မြင်နေပြီ ဘာဖြစ်လဲ? မြောက်ကြွကြွ ဖြစ်လာတယ်။
ဆုံးရှုံးကုန်ကြပြီး စိတ်ဓာတ်တွေ ကျလာတယ်။ Gain and lost-အဲဒီ
နှစ်ခုကြောင့် စိတ်က ဘာဖြစ်ရလဲ? မယိုင်ရဘူး။ Honor- ဂုဏ်ကျေးဇူး
အပြောခံရတယ်။ Censure- ကဲ့ရဲ့ခံရတာ။ ဂုဏ်ကျေးဇူးအပြောခံရလို့ ဘာဖြစ်
လာသလဲ? ငါပဲကွ ငါပဲကွ ငါ့အတွက် ဒါပြောတာ။ ဒါငါလုပ်တာ။ ကဲ့ရဲ့လာတော့
ငါမဟုတ်ဘူး၊ ဒါ ငါမလုပ်ဘူး၊ ဟိုကောင်တွေ။ ဘုန်းကြီးတို့ဆရာ အနီးစခန်း
ပြောတယ်။ အင်္ဂလိပ်ကြီး အမဲပစ်သွားတာ ဗမာအရာရှိတွေ နောက်ကလိုက်ရတယ်။
အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်က အင်္ဂလိပ်အရေးပိုင်, ဗမာပြည်မှာ အုပ်ချုပ်နေတာ
အတော်ကြာလာတော့ ဗမာစကားလေး မတောက်တခေါက် ပြောတတ် လာတယ်။ ဗမာအရာရှိတွေက
နောက်က လိုက်ရတယ် တောထဲသွား အမဲပစ်တယ်။ ဒိုင်း. . .ဆို ပစ်ချလိုက်တယ်၊
သမင်ကို တည့်တည့် မှန်တယ်။ အဲဒီ အင်္ဂလိပ်အရေးပိုင် ပစ်တာ မမှန်ဘူး။
သူ့နောက်က မြို့ပိုင် ပစ်တာ မှန်တယ်။ ဟိုမှာ သွားကြည့်တော့ သမင်လေးဆိုတော့…
အင်္ဂလိပ်အရေးပိုင်က ရိုင်ဖယ်ကြီးကို ကိုင်ပြီးတော့ ဒါ နာကျစ်တာကွ၊ ဒါ
နာကျစ်တာ။ မြို့ပိုင်က ပစ်တာ, အင်္ဂလိပ် အရေးပိုင်က ပစ်တာကို မဟုတ်ဘူး။
သမင်ကို ပစ်တာ မှန်တိုင်း မှန်တိုင်း ငါကျစ်တာချည်းပဲကို လုပ်တာ,
အင်္ဂလိပ်အရေးပိုင်။ နောက်ကျတော့ ဒိုင်း…ဆို ပစ်လိုက်တာ သမင်မဟုတ်ဘူး၊
ယာခုတ်နေတဲ့ လူကြီးကို မှန်တာ၊ သွားကြည့်တော့ လူသွားမှန်တာ…၊ အဲဒီတော့
အင်္ဂလိပ်ကြီးက ဟင်း. . .ဒါ ငါကျစ်တာ မဟုတ်ဘူး၊ နင် ကျစ်တာ။ အဲဒီတော့
ကောင်းလာလို့ ဆိုရင်တော့ ငါပဲ၊ ဆိုးလာလို့ဆိုရင်တော့ နင်ပဲ။ အဲဒီလို
မလုပ်ကြနဲ့။ We all leaders should not be perturbed by prosperity and
adversity, gain and lost, honor and censure. A leader must have the
quality of equilibrium of mind- စိတ်ဓာတ်က ဘာဖြစ်ရမလဲ? တညီတည်း ရှိရမယ်။
ကောင်းချင်လည်း ကောင်း၊ ဆိုးချင်လည်း ဆိုး၊ တညီတည်း။ ဗုဒ္ဓရဲ့ Middle way-က
နေရာတကာမှာ ၀င်တယ်။ အခုနက ခန္တီမှာကြည့် ဘာဖြစ်သလဲ? ချေးယို သေးပေါက်လည်း
ခံရတယ်၊ စိတ်မပျက်နဲ့။ ချေးနဲ့ သေးနဲ့ အပက်ခံရလည်း စိတ်မပျက်နဲ့။ ပန်းကုံး
အဆက်ခံရလည်း စိတ်မမြောက်နဲ့။ Middle way-ပဲ ကျင့်ရမယ်။ မေတ္တာကျတော့
ဘာဖြစ်လဲ? ကောင်းတဲ့လူတွေလည်း ချမ်းသာ ကြပါစေ၊ ဆိုးတဲ့လူတွေလည်း
ကျန်းမာပါစေပဲ။ Middle way-ပဲ။ ဗုဒ္ဓရဲ့ Middle way-က in every case-ပဲ။ You
can apply။ အဲဒါကြောင့် Buddhist Acadamy-က ဘာတွေကို သင်မလဲ? Apply
Buddhism-ကို သင်တာ။ ဗုဒ္ဓတက္ကသိုလ်ရဲ့ ရည်ရွယ်ချက်သည် ဘာလုပ်ကြမလဲ?
သံဃာငယ်တွေကို apply Buddhism- လောကကြီး လူတကာနဲ့ အသုံးချနိုင်တဲ့ ဗုဒ္ဓရဲ့
အဆုံးအမတွေကို သင်ပေးမယ်၊ လူနဲ့ တထပ်တည်း ဖြစ်အောင်။ အဲဒါကြောင့် Morning
class-ဘုန်းကြီးတို့ ဒကာ ဒကာမတွေအတွက် ဖွင့်မယ်ဆိုတာကလည်း အဲဒါပါပဲ။ Apply
Buddhism-ကို သင်ပေးမယ်။ Equilibrium of mind- ဥပေက္ခာဆိုသည်ကား ကောင်းသော
အနေအထား၊ ဆိုးသော အနေအထား ဘယ်အနေအထားမှာ မဆို စိတ်ကို ဘယ်လိုထားရမလဲ?
Equal, stability သာတူ ညီမျှဖြစ်အောင်၊ ငြိမ်နေအောင် အားလုံး ကျင့်သုံးကြ။
ဒါပြောပါတယ်။ We should go through middle way by being always evenly
balanced in both favor and fear without attachment- သိပ် favor-ရရင်လည်း
do not attach-ပဲ။ fear-ဖြစ်လာရင်လည်း do not deattach။ အဲဒီနှစ်ခုကို
လွတ်အောင် အလယ်ကသွားကို ဘာခေါ်သလဲ? Equanimity။ အဲဒါတွေ အားလုံးဟာ
ဘယ်သူ့ကျင့်စဉ်တွေလဲ? ဘုရားလောင်း ကျင့်စဉ်။ ဒါတွေကို ပါဠိလို ဘာခေါ်သလဲ?
ပါရမီ။ ပါရမီကို အင်္ဂလိပ်လို ဘာသာပြန်တော့ Perfection။ အားလုံးသော
ဘ၀သံသရာတစ်လျှောက်လုံးက ဆွေမျိုးမတော်ခဲ့ဘူးသော ပုဂ္ဂိုလ်သတ္တ၀ါမရှိဆိုတဲ့
မြတ်စွာဘုရားရဲ့ အနမတဂ္ဂ သုတ်တော်အရ ဒီကနေ့ ဘုန်းကြီးတို့ ပြောဆိုတဲ့
တရားစကား လာရောက် နားထောင်ကြတဲ့ အမျိုးသား အမျိုးသမီးအားလုံးဟာ
ဘုန်းကြီးတို့ရဲ့ ဘ၀ဟောင်းက ညီအစ်ကို မောင်နှမဟောင်းတွေပါလို့
ဘုန်းကြီးတို့ ဒီလို သဘောထားပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်
လုပ်ကြတဲ့ လုပ်ငန်းဟာ ဘာလုပ်ငန်းလဲ? ဘုရားလောင်း လုပ်ငန်း, အဲဒါကြောင့်
ဘုရားလောင်းကျင့်စဉ် (၁၀)ပါးကို Leadership quality-များအနေနဲ့
ဘုန်းကြီးတို့ ဒီကနေ့ ပြောပြပါတယ်။ နိုင်ငံမှာ ခေါင်းဆောင်ကြတဲ့
ပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ လူလူချင်း
တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ယောက်အကျိုးစီးပွားကို တစ်ယောက်က
ဆောင်ရွက်တဲ့အခါမှာ ဘာသာရေး ခေါင်းဆောင်များသည်ပင် ဒီအတိုင်း ပါရမီ
(၁၀)ပါးလမ်းစဉ်အတိုင်း (Ten kinds of perfections)ဆိုတဲ့ ပါရမီ
(၁၀)ပါးအတိုင်း အားလုံးကျင့်သုံးနိုင်ကြမယ်ဆိုရင် တိုင်းသူပြည်သား
လူအများလည်း သူတို့ရဲ့ အကျိုးစီးပွားတွေ ဘာဖြစ်လာမလဲ? Perfect-
တိုင်းသူပြည်သား လူအများရဲ့ အကျိုးစီးပွားလည်း perfect-ဖြစ်လာအောင်၊
ခေါင်းဆောင်တွေ အားလုံးကလည်း ဘာဖြစ်လဲ? Perfect men-တွေ ဖြစ်လာအောင် ဒီ ten
kinds of perfection-ဆိုတဲ့ ပါရမီ (၁၀)ပါး အားလုံးကို လိုက်နာ ကျင့်သုံး
ပြီးတော့ တိုင်းပြည်ရဲ့ အကျိုးစီးပွားအားလုံး ပြည့်စုံအောင် ကျင့်သုံးကြပါ၊
ကျင့်သုံးနိုင်ကြပါစေဆိုတာ ဘုန်းကြီးက လေးနက်စွာ တိုက်တွန်းပြီးတော့
ဘုန်းကြီးရဲ့ ဒီမှာတင် နိဂုံးချုပ်အပ်ပါတယ်။
( သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲ
တတိယမြောက်နေ့၌
ကြွရောက်လာသော လူမှုအဖွဲ့အစည်း ပရိသတ်တို့အား
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရဟောကြားအပ်သော)
ခေါင်းဆောင်တို့ ကျင့်စဉ်...တရားတော်...။
www.dhammaweb.net မှတဆင့်တင်ပြသည်။
No comments:
Post a Comment