သူချမ်းသာသမျှစုငွေအားလုံးမှာ
ဒေါ်လာတစ်သိန်းနှစ်သောင်းနှင့် ငါးရာခန့် ဖြစ်သည်။ သူသည် ဒေါ်လာငါးရာသာ
လက်ကျန်ထားရှိပြီး ကျန်ဒေါ်လာတစ်သိန်းနှစ်သောင်းကို နာဂစ်ဒုက္ခသည်များအတွက်
ပရဟိတအဖွဲ့အစည်းများမှတစ်ဆင့် အားလုံးလှူဒါန်းသွားခဲ့သည်။
ဒေါ်လာတစ်သိန်းကျော်လောက်သာ
ရှိသည်ကိုထောက်သောအားဖြင့် ထိုသူသည် သူတို့နိုင်ငံအနေအထားနှင့်
တွက်ဆာကြည့်လျှင် ဆင်းရဲသားတစ်ဦးဖြစ်ပါလိမ့်မည်။ ထိုသို့သော
ဆင်းရဲသားတစ်ဦးမှ မိမိချမ်းသာသမျှကို တကယ်လိုအပ်သောနေရာသို့
အိတ်သွန်ဖာမှောက်လှူရဲခြင်းမှာ အံ့သြစရာ၊ ကြည်ညိုစရာကောင်းလှသည်။
အမေရိကန်နိုင်ငံချမ်းသာခြင်း၏
အကြောင်းတရား များစွာတို့တွင် အကြောင်းတစ်ခုအနေဖြင့် ပါဝင်လိမ့်မည်ဟု
ခန့်မှန်းရ၏။ လွန်ခဲ့သောနှစ်နှစ်ခန့်က ဂျာနာယ်တစ်စောင်တွင် ထင်ရှားသော
သူဌေးမကြီးတစ်ဦး၏ ဘာသာရေးအလှူနှင့် လူမူရေးအလှူနှစ်မျိုးကို တစ်ပြိုင်နက်
ဖော်ပြခဲ့ဖူးသည်။
ဘုရားတည်ရန်အတွက်
သိန်းငါးဆယ်။ မိဘမဲ့ပရဟိတကျောင်းအတွက် ကျပ်ငါးသောင်းကျပ်ဟူ၏။ အကယ်၍
ထိုသူဌေးမကြီး၏နေရာတွင် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံသူ
သူဌေးမကြီးတစ်ဦး ဖြစ်မည်ဆိုပါလျှင် ဘုရားတည်ရန်အတွက် ငါးသောင်းကျပ်၊
ပရဟိတကျောင်းအတွက် သိန်းငါးဆယ်လှူမည်မှာ သေချာနေပေသည်။
အဘယ်ကြောင့်နည်း။
သူတို့သည် လှူသောအခါသဒ္ဓါသာမက၊ တွေးခေါ်မြှော်မြင်သော ပညာပါယှဉ်ပြီး လှူလေ့ရှိခြင်းကြောင့်ပင်တည်း။ အမေရိကန်နှင့် ဂျပန်များက ဘုရားတည်ရန် ကျပ်ငွေငါးသောင်း၊ ပရိဟိတကျောင်းအတွက် ကျပ်သိန်းငါးဆယ်လှူခြင်း၏ အကြောင်းကို ဆန်းစစ် ဝေဖန်ပြပါဦးအံ့။
သူတို့သည် လှူသောအခါသဒ္ဓါသာမက၊ တွေးခေါ်မြှော်မြင်သော ပညာပါယှဉ်ပြီး လှူလေ့ရှိခြင်းကြောင့်ပင်တည်း။ အမေရိကန်နှင့် ဂျပန်များက ဘုရားတည်ရန် ကျပ်ငွေငါးသောင်း၊ ပရိဟိတကျောင်းအတွက် ကျပ်သိန်းငါးဆယ်လှူခြင်း၏ အကြောင်းကို ဆန်းစစ် ဝေဖန်ပြပါဦးအံ့။
ဘုရားတည်ခြင်းသည်
“မြေပြင်မှာတည်ခြင်းနှင့် နှလုံးသားမှာတည်ခြင်း”ဟူ၍ နှစ်မျိုးရှိ၏။
မြေပြင်တွင် တည်ထားသော ဘုရားများသည် နှစ်ကာလကြာမြင့်၍
ဆွေးမြေ့သွားခြင်းကြောင့် လည်းကောင်း၊ လေ, မိုး စသော သဘာဝအအေးဒဏ်ကြောင့်
လည်းကောင်း၊ ဆန့်ကျင်ဘက်ဘာသာခြားတို့၏ ဖျက်ဆီးမူကြောင့်လည်းကောင်း
ပျက်စီးရသည်သာ ဖြစ်၏။
မိဘမဲ့ပရဟိတကျောင်းများ
တည်ထောင်၍ ကလေးများကို ပြုစုပျိုးထောင်ပေးခြင်းအလုပ်ကား
ကလေးများ၏နှလုံးသား၌ ဘုရားတည်ပေးခြင်းပင် ဖြစ်၏။ နှလုံးသားတွင်တည်သော
ဘုရားများကား ဘယ်သောအခါမှ မပျက်စီးတော့ပေ။
ထိုကလေးမှတစ်ဆင့်
သား, သမီးအစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်တော့မည်ဖြစ်သောကြောင့်တည်း။
အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်စသောနိုင်ငံများတွင် ဗုဒ္ဓဘာသာဝင်
တစ်ဦးမျှ မရှိတော့ခြင်းသည် မြေပြင်တွင် ဘုရားတည်ရန်ကိုသာ သတိရကြပြီး
ကလေးငယ်တို့၏ နှလုံးသား၌ ဘုရားတည်ပေးရန် မေ့လျော့ခဲ့သောကြောင့်ပင်တည်း။
မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment