ထိုဘုရားဝင်းထဲ၌ တကယ်လိုအပ်နေသည်မှာ အိမ်သာ။
လူအများ ဇွတ်လှူနေသည်ကား ဘိုးတော်ဝိဇ္ဇာပုံများ။ ထိုဘိုးတော်ဝိဇ္ဇာရုပ်များ
ထုလုပ်ရခြင်းအကြောင်းကို လေ့လာကြည့်လိုက်သောအခါ ရာထူးတက်ဖို့၊ အာဏာမြဲဖို့၊
စီးပွားတက်ဖို့ ယတြာအနေနှင့် ထုလုပ်ခြင်းဖြစ်ကြောင်း တွေ့သည်။
ထိုဘိုးတော်ဝိဇ္ဇာပုံများသည် လောကအတွက်၊ သာသနာအတွက် ဘာမျှကျေးဇူးမများပေ။
ဤဒါနမျိုးကား
ဉာဏ်မယှဉ်သောဒါနမျိုးပင် ဖြစ်၏။ ထိုဒါနရှင်များသည် ဖြစ်လေရာဘ၀တွင်
စီးပွားဥစ္စာကား ပေါများကြွယ်ဝပါ၏။ သို့သော် အကြောင်းတရားဖြစ်သောကုသိုလ်ကို
ပြုခဲ့စဉ်ကတည်းက ဉာဏ်မယှဉ်ခဲ့သောကြောင့် (တိဟိတ်သြမက
ကုသိုလ်ဖြစ်ခဲ့သောကြောင့်) ထိုချမ်းသာသောဘ၀တွင် “ဉာဏ်တုံးသူ၊ ဉာဏ်မရှိသူ”
(ဒွိဟိတ်) ဖြစ်လာရတော့သည်။ သာဓက ပြပါအံ့…
စာရေးသူ၏
ဇာတိမြို့တွင် မြင်မိတိုင်းရင်နာစရာကောင်းသော သူဌေးသားတစ်ယောက်ကို
တွေ့ရဖူး၏။ သူ့အသက် ဆယ့်ငါးနှစ် အရွယ် ရှိပြီဖြစ်သော်လည်း မူလတန်းအဆင့်မှ
မတက်ရပေ။ အဘယ်ကြောင့်နည်း။ စာသင်၍ မရသောကြောင့်တည်း။
သူစိတ်ချမ်းသာအောင်
မိဘများက ကျောင်းသို့ဟန်ပြ လိုက်နေရခြင်းဖြစ်၏။ ထိုကလေးက
စာသင်၍ရနိုင်လောက်သော ဉာဏ်ပညာပါမလာသည့် “ဒွိဟိတ်ပုဂ္ဂိုလ်”
ဖြစ်နေသောကြောင့်ပင်တည်း။ သူ၏မိဘများကား တိုက်များ၊ ကားများဖြင်
့ချမ်းသာကြပါ၏။
အကျိုးတရားကို
ထောက်ဆလိုက်လျှင် အကြောင်းတရားကို မလွဲတမ်းမှန်းဆနိုင်၏။
ထိုသူငယ်ချမ်းသာကြွယ်ဝနေသည်မှာ အတိတ်ဘ၀က ဒါနပြုခဲ့သောကြောင့်ပင် ဖြစ်၏။
သို့သော် သူပြုခဲ့သောဒါနများသည် လောကအတွက်၊ ဘာသာ သာသနာအတွက်
ကျေးဇူးမများသော ဉာဏ်မယှဉ်သည့် ဒါနများဖြစ်ခဲ့၏။
ထိုဉာဏ်မပါသော
ပုဂ္ဂိုလ်များသည် ယခုဘ၀တွင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရနိုင်တော့ပေ။
နန်းမတော်ကြီးအား ဆရာတော်ဦးဗုဓ်က နင့်နင့်သီးသီးဆုံးမမည်ဆိုလျှင်လည်း
ဆုံးမစရာပင်။ ဘကြီးတော်မင်းတရားနောက် သာယာဝတီမင်း၊ ထိုမင်းနောက် ပုဂံမင်း
ထိုမင်းနောက် မင်းတုန်းမင်းလက်ထက်တွင် ပေါ်ထွန်းခဲ့သော
ထွဋ်ခေါင်ဆရာတော်ကြီးကလည်း ပြုပြင်သင့်သည့် မြန်မာတို့ အလှူအတန်းများနှင့်
ပတ်သက်၍ “ယမမင်းထံအစစ်ခံသံပေါက်”တွင် ရေးသားဆုံးမတော်မူခဲ့သည်။
မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ
ပြန်လည် ထုတ်နုတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment