“နန်းမတော်မိဖုရားကြီးက အရှင်ဘုရားအတွက်
ရည်မှန်းထားတဲ့ ပဒေသာပင်ကြီးကို သာမန်ရဟန်းတစ်ပါးအား ပြန်လှူပြီး
ကထိန်ခံစေလို့ သင့်တော်ပါ့မလား၊ ကထိန်အလှူရှင် နန်းမတော်ကြီး
စိတ်မကောင်းဖြစ်နေပါ့မယ်”
ထိုနည်းတူ
ကြွလာသောဆရာတော်ကြီး အားလုံးကလည်း အများမျက်နှာ(မိဖုရားမျက်နှာ)
ကိုကြည့်ပြီး ကန့်ကွက်ကြ၏။ ထိုဆရာတော်အားလုံးအား ဆရာတော်ဦးဗုဓ်က
ယခုလိုပြန်မေးလိုက်၏။
ကန့်ကွက်ကြသော ဆရာတော်များထံမှ မည်သည့်စကားသံမှ ထွက်မလာတော့ပေ။
မှတ်ချက်
- စကားအရ ဒကာက ကထိန်ခင်းသည် ဆိုရသော်လည်း အမှန်က သိမ်ထဲသို့ရောက်လျှင်
ရဟန်းတော်အချင်းချင်းသာ ကထိန်ခင်း၍ ရသည်။ ဒကာက ကထိန်အလှူကို ပေးလှူရခြင်းသာ
ဖြစ်၏။ ကထိန်ဒကာ မပေါ်လျှင် ရဟန်းတစ်ပါးပါးက မိမိတွင် အပိုရှိသော
ခါးဝတ်သင်းပိုင် တစ်ထည်ဖြင့်လည်း ကထိန်ခင်း၍ရသည်သာ။
သိမ်ထဲ၌
ကထိန်ခင်းခါနီးတွင် ကြွရောက်လာသည့် ရဟန်းများထဲမှ
သင်္ကန်းရှားပါးသူဖြစ်လျှင် ဤသင်္ကန်းကိုလက်ခံပြီး ကထိန်ခင်းပေးဖို့
သုံးကြိမ်တိတိ ပန်ကြားရသည်။ ထိုအခိုက်တွင် ၀ိနည်းဥပဒေအရ ၀ါကြီးသည်
ငယ်သည်မဟူ မည်သူမဆို သင်္ကန်းရှားပါးသူဖြစ်ပါက ကထိန်သင်္ကန်းကို ခံယူရသည်။
အကယ်၍
သင်္ကန်းရှားပါးသော ရဟန်းမရှိလျှင် ထိုကထိန်ခင်းရာကျောင်းမှ
ဝါအကြီးဆုံးမထေရ်ကြီးကိုဖြစ်စေ(သို့မဟုတ်) ထိုမထေရ်ကြီးက
ထပ်ဆင့်ညွှန်ကြားသော ကျောင်းအတွက် ကျေးဇူးများသူရဟန်းဖြစ်စေ ကထိန်သင်္ကန်းကို
ခံယူရသည်။
မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment