Tuesday, May 14, 2013

ဓမ္မဒူတ အရှင်ဆေကိန္ဒကတော့ လက်ရေးပြင်ချင်စိတ်ရှိရင် ဘ၀လှအောင်ပြင်ချင်စိတ်ရှိမယ်လို့ ပြောပြပေးပါတယ်။

ဘုန်းဘုန်းကတော့ အစိုးရမူလတန်းကျောင်းမှာ တစ်တန်းကစပြီး ကျောင်းနေရတယ်။ အဲဒီတစ်
တန်းမတိုင်ခင်က မူကြိုခေါ်မလား၊ သူငယ်တန်းခေါ်မလား မပြောတတ်ပါဘူး။ ဘုန်းဘုန်းတို့ရဲ့  စစ်
ကိုင်းတောင်ရိုးက ရေဦးတိုက်သစ်ဆိုတဲ့ ကျောင်းတိုက်ရှိတယ်။ အဲဒီကျောင်းတိုက်မှာ  ဒီအနီးအနား
ရပ်ရွာတွေက  မူလတန်းအရွယ် ကလေးတွေကို  ပညာရေး ဖြည့်ဆည်းပေးနေတာက   ဆရာတော်
“ဦးတိဏ္ဏတဲ့”။ ဘုန်းဘုန်းတို့ကတော့“ဘုန်းဘုန်းတိဏ်” လို့ပဲ  ခေါ်ပါတယ်။  ဘုန်းဘုန်း သူငယ်တန်း
အရွယ်က အဲဒီ“ဘုန်းဘုန်းတိဏ်” ကျောင်းမှာပဲ နေခဲ့ရတာ။

ဘုန်းဘုန်းတို့ အတွက်ကတော့ “ဘုန်းဘုန်းတိဏ်”ဟာ  ကံ့ကူလက်လှည့်ဆရာပါပဲ။  စာမရေး
တတ်သေးတဲ့ ကလေးသူငယ်ရဲ့ လက်ကို  ၀လုံးလေး  ပုံပေါ်အောင်  ကကြီးလေး  ရေးတတ်အောင်
လက်ကိုလှည့်တတ်အောင် သင်ပေးတဲ့ ဆရာသမားကို အဲဒီ ကလေးသူငယ်ရဲ့ ကံ့ကူလက်လှည့်ဆရာ
လို့ ခေါ်တာပေါ့။ ၀လုံးကစပြီး ရေးရတယ်၊ ၀လုံးကိုဝိုင်းအောင် ဆရာတော်က လက်ကိုင်ပြီး ရေးတတ်
အောင် သင်ပေးတယ်။ ၀လုံးကို စပြီးရေးလို့  ၀ိုင်းသွားပြီဆိုရင် တဖြည်းဖြည်းနဲ့  တခြားစာလုံးတွေကို
လည်း  ဒီ ၀လုံးလို ၀ိုင်းအောင် ရေးနိုင်လာပြီပေါ့။
“ဘုန်းဘုန်းတိဏ်” က  လက်ရေးလှအောင် သင်ပေးလို့ ဘ၀လှအောင်သင်ပေးလို့ ကိုယ့်လက်
ရေးရော ကိုယ့်ဘ၀ရော လှခဲ့ရပါတယ်။  ငယ်ရွယ်စဉ်ကစပြီး ဘ၀မှာ အမြဲတမ်း ဆရာကောင်း သမား
ကောင်း အရေးကြီးပါတယ်။  ခုခေတ်လို ဆိုရင်တော့ မူကြိုကျောင်း ဆရာ၊ ဆရာမတွေ အရေးကြီးပါ
တယ်။ သူငယ်တန်း ကျောင်းသား၊ ကျောင်းသူကလေးတွေရဲ့ ဆရာ၊ ဆရာမတွေလည်း အရေးကြီးပါ
တယ်။ ဘ၀အစ လမ်းကြောင်းမှန်ဖို့အတွက် လက်ဦးဆရာ အလွန် အရေးကြီးပါတယ်။
“လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ” ဆိုတာ  မိဘတွေကလည်း  သားသမီးတွေရဲ့
အားလုံးသော ဆရာတွေထက် ရှေးဦးဆုံး ဆရာတွေပါပဲလို့ ဆိုလိုတာပါ။  မိဘက သားသမီးတွေ အ
တွက် လက်ဦးဆရာဆိုတာကသပ်သပ်၊ ကံ့ကူလက်လှည့် ဆရာဆိုတဲ့ ငယ်စဉ်ကတည်းက ကိုယ့်လက်
ကိုကိုင်ပြီးတော့  လက်ရေးဝိုင်းအောင်၊  လက်ရေးလှအောင်၊  ဘ၀၀ိုင်းအောင်၊  ဘ၀ပြည့်ဖြိုးအောင်၊
ဘ၀လှအောင် သင်ပေးတဲ့ ဆရာမျိုးကလည်း အရေးကြီးပါတယ်။
အဲဒီလို   သဘောပေါက်လာစေခဲ့တဲ့  “ဘုန်းဘုန်းတိဏ်” ရဲ့  ကျေးဇူးကြောင့်ပဲ  ကိုယ့်ဘ၀မှာ
ကိုယ်က ပိုပြီးတော့ လက်ရေးလှအောင်လည်း  ရေးနိုင်လာတယ်။  ကိုယ့်ဘ၀ကိုလည်း  ပြည့်စုံသည်
ထက်  ပြည့်စုံအောင်  သမ္မာအာဇီဝနဲ့   လူ့ဘ၀တုန်းကလည်း ဆောင်ရွက်နိုင်ခဲ့တယ်။   အခုလည်းပဲ
ကိုယ့်သီလ၊ ကိုယ့်သမာဓိ၊ ကိုယ့်ပညာတွေနဲ့  ဘ၀ပြည့်စုံအောင် ဘုရား၊ တရား၊ သံဃာတွေရဲ့ အဆုံး
အမ၊ စကားတွေနဲ့ပဲ  ကိုယ့်ဘ၀ကို ကိုယ်လှအောင် ကိုယ်စွမ်းနိုင်သမျှ  နေနိုင်လာခဲ့ပါတယ်။  “လက်
ရေးလှမှ  ဘ၀လှမယ်၊  လက်ရေးလှအောင်  ပြင်ချင်စိတ်ရှိမှ  ဘ၀လှအောင်၊  ဘ၀တိုးတက်အောင်  မြင်အောင်၊ ဘ၀ပြည့်စုံအောင် ပြင်ချင်စိတ် ရှိလာတယ်။ ”
ဘ၀မှာ ဘယ်အရာကိုမှ ပေါ့ပေါ့တန်တန် မတွက်ပါနဲ့။ လက်ရေးလေးက စပြီးတော့ လှပပြည့်
စုံ  စေချင်ပါတယ်။  ကောင်းစေချင်ပါတယ်။  အဲဒီ  အသိလေးသာ  လူတိုင်းလူတိုင်းမှာ  ရရှိသွားရင်
ကိုယ်တစ်ယောက်တည်းတင် မကပါဘူး။ ကိုယ့်မိသားစု၊ ကိုယ့်သားသမီး၊ ကိုယ့်မြေး၊ ကိုယ့်မြစ်၊ ကိုယ့်
တပည့်၊ ကိုယ့်ပတ်ဝန်းကျင်၊  ကိုယ့်အသိုင်းအ၀ိုင်းတွေကိုပါ လက်ရေးလှအောင် ပြင်ရေးသင့်တယ်ဆို
တဲ့ အသိကို ဖြန့်ဝေပေး နိုင်ပါတယ်။
လက်ရေးကို  မပြင်နိုင်တော့ရင်တောင် လက်ရှိဘ၀ပေး အခြေအနေကို လှပသာယာအောင်
ဘ၀လက်ရေး ပြင်ပေးကြပါ။ ဘုန်းဘုန်းကတော့ လက်ရေးပြင်ချင်စိတ်ရှိရင် ဘ၀လှအောင် ပြင်ချင်
စိတ်ရှိမယ်လို့  သဘောပေါက်ပြီး  ပြောပြပေးပါတယ်။ နားလည်သဘောပေါက်ပြီးတော့  ပြုပြင်နိုင်
တာတွေ ပြုပြင်၊ ၀ိုင်းသထက်ဝိုင်း၊ လှသည်ထက်လှ၊ ပြည့်စုံသည်ထက်  ပြည့်စုံအောင၊် လက်ရေးကို
ရော ဘ၀ကိုရော ဆောင်ရွက်နိုင်၊ အောင်မြင်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။
{ ရွှေ FM အစီအစဉ်ရဲ့ ဓမ္မဒူတအရှင်ဆေကိန္ဒ၏ ဘ၀ဖြောင့်ကြောင်း တစေ့တစောင်း
အပိုင်း(၅) မှ ကောက်နုတ် ဖေါ်ပြပါသည်။}
——————————————————————————————-             “ကိုယ်စီခပ်နှိပ်ကြ”
===========
အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊
ထိုထိုသွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
ဗုဒ္ဓ၀ါဒီ၊ စွဲ၍ တည်မည်၊
ကိုယ်စီခပ်နှိပ်  ကြစေသတည်း။ ။
(တောင်မြို့-မဟာဂန္ဓာရုံဆရာတော်)
—————————————————–
“အဓိဌာန်”
========
ငါ့တွက်များမြောက်  ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်  အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ   သာသနာ၏
ရှည်စွာအဓွန့်   ရောင်လျံကွန့်ဖို့
စွန့်စွန့် စားစား   ငါကြိုးစားသည်
စိတ်ထား  ငါ့မှာ  အမြဲတည်း။ ။
(ဆရာတော် အရှင်ဇနကာဘိဝံသ)
————————————————————–
“သင်တန်းဖွင့်ကြစို့”
============
တို့သာသနာ၊ တို့ဘာသာကို
မျက်နှာလွှဲထား၊ မကြိုးစားက
တို့များဘာသာ၊ ဆုတ်ယုတ်မှာမို့
ဘာသာတအား၊ တည်တံပွားအောင်
တို့များညီညာ၊ လက်တွဲကာဖြင့်
ဓမ္မ တရား၊ စာပေများကို
သင်ကြားကျင့်သုံး ကြပါစို့။ ။
(ဟိတဓရဆရာတော်)

No comments:

Post a Comment