Wednesday, May 15, 2013

********မလွန်ဆန်နိုင်သော တရားများ *********

၁ ။ ငါမှာအိုခြင်းသဘောရှိတယ် အိုခြင်းသဘောကို ငါလွန်ဆန်နိုင်ဘူး ။
၂ ။ ငါ့မှာ နာခြင်းသဘောရှိတယ် နာခြင်းသဘောကိုငါမလွန်ဆန်နိုင်ဘူး ။
၃ ။ ငါ့မှာသေခြင်းသဘောရှိတယ် သေခြင်းသဘောကိုငါမလွန်ဆန်နိုင်ဘူး ။

၎ ။ ငါ့ချစ်မြတ်နိုးတဲ့အရာတွေနဲ့ရှင်ကွဲသော်လည်းကွဲရမယ် သေကွဲသော်လည်းကွဲရမယ် ။
၅ ။ ငါ့မှာကံသာလျှင် မိမိဥစ္စာရှိတယ် ငါဟာကံရဲ့အမွေခံဖြစ်တယ် ငါ့မှာကံသာလျှင်အကြောင်းရှိတယ် ငါ့မှာကံသာလျှင်ဆွေမျိုးရှိတယ် ငါ့မှာကံသာလျှင်
ကိုးကွယ်မှီခိုရာရှိတယ် ကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ် ငါ့လုပ်မိတဲ့ကံတွေအားလုံးကို ငါအမွေခံရမယ် ။
***** သတ္တ၀ါတွေဟာ ပျိုရွယ်ချိန်မှာ ပျိုရွယ်မာန်ရစ်တတ်တယ် ၊ ဒီပျိုရွယ်မာန်ရစ်တဲ့အတွက် မေ့လျော့ရစ်မှူးကြတဲ့သတ္တ၀ါတွေဟာ ကာယဒုစရိုက် ၀ဇီဒုစရိုက်
မနောဒုစရိုက် ကို ပြုကျင့်တတ်ကြတယ် ။ ဒီလိုအိုခြင်းအကြောင်းကို မပြတ်ဆင်ခြင်နေတဲ့သူမှာ ပျိုရွယ်မာန်ရစ်ခြင်းဟာ တခါထဲပျောက်ချင်လည်းပျောက်သွားမယ်
ပျောက်မသွားတောင်ခေါင်းပါးသွားမယ် ။
***** သတ္တ၀ါတွေဟာ အနာကင်းချိန်မှာ အနားကင်းမူ့မာန်ရစ်တတ်တယ် ၊အသက်ရှင်ချိန်မှာ အသက်မာန်ရစ်တတ်တယ် ၊ ဒီလိုမာန်ရစ်တတ်အတွက် မေ့လျော့
ရစ်မှူးကြတဲ့သတ္တ၀ါတွေဟာ ကာယဒုစရိုက် ၀ဇီဒုစရိုကိုပြုကျင့်တတ်ကြတယ် ။ ဒီလို နာခြင်းအကြောင်း သေခြင်းအကြောင်း ကို မပြတ်ဆင်ခြင်နေတဲ့သူမှာ
အနာကင်းမှူ့မာန်ရစ်တာတွေ အသက်မာန်ရစ်တာတွေ တခါထဲပျောက်သွားမယ် ။ပျောက်မသွားတောင် ခေါင်းပါးသွားမယ်။
***** ချစ်မြတ်နိုးတဲ့အရာတွေကို လိုလားစွဲမက် တဲ့သတ္တ၀ါတွေသာ ကာယဒုစရိုက် ၀ဇီဒုစရိုက် မနောဒုစရိုက်ကို ပြုကျင့်တတ်ကြတယ် ။ ကွဲရတတ်တဲ့အ
ကြောင်းကို မပြတ်ဆင်ခြင်နေတဲ့သူမှာ ချစ်ခင်မြတ်နိုးတဲ့အရာတွေကို လိုလားစွဲမက်တာ တခါထဲပျောက်ချင်လည်းပျောက်သွားမယ် ပျောက်မသွားတောင်ခေါင်း
ပါးသွားမယ် ။
***** သတ္တ၀ါတွေဟာ ကာယဒုစရိုက် ၀ဇီဒုစရိုက် မနေဒုစရိုက်တွေ ကျူးလွန်ချင်တတ်ကြတယ် ။ ကံအကြောင်းကို မပြတ်ဆင်ခြင်နေတဲ့သူမှာ မကောင်းမူ့ဟာ
တခါထဲပျောက်ချင်လည်းပျောက်သွားမယ် ပျောက်မသွားတောင်ခေါင်းပါးသွားမယ် ။
၁ ။ ငါတစ်ယောက်ထဲမှသာ အိုခြင်းသဘောရှိတာမဟုတ် ၊ ငါတစ်ယောက်ထဲသာ အိုခြင်းသဘောကို မလွန်ဆန်နိုင်တာမဟုတ် ၊ ငါတစ်ယောက်ထည်းမှာသာ
နာခြင်းသဘောရှိတာမဟုတ် ၊ ငါတစ်ယောက်ထဲသာ နာခြင်းသဘောကို မလွန်ဆန်နိုင်တာမဟုတ်၊ ငါတစ်ယောက်ထဲသာ သေခြင်းသဘောရှိတာမဟုတ် ၊
ငါတစ်ယောက်ထဲသာ သေခြင်းသဘောကိုမလွန်ဆန်နိုင်တာမဟုတ်၊ ငါတစ်ယောက်ထဲသာ ငါ့ချစ်မြတ်နိုးတဲ့အရာတွေနဲ့ သေကွဲဖြစ်ဖြစ် ရှင်ကွဲဖြစ်ဖြစ် ကွဲရတာ
မဟုတ် ၊ ငါတစ်ယောက်ထဲသာ ကံသာလျှင် ဥစ္စာရှိတာမဟုတ် ငါတစ်ယောက်ထဲသာ ကံရဲ့အမွေခံဖြစ်တာမဟုတ် ငါတစ်ယောက်ထဲမှသာ ကံသာလျှင်အကြောင်း
ရှိတာမဟုတ် ၊ ငါတစ်ယောက်ထဲမှသာ ကံသာလျှင်ဆွေမျိုး ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိတာမဟုတ် ၊ ငါတစ်ယောက်ထဲသာ ကောင်းတာဖြစ်ဖြစ် မကောင်းတာ
ဖြစ်ဖြစ် ငါ့လုပ်မိသမျှကံတွေကို အမွေခံရမှာမဟုတ် ၊ စင်စစ် ဒီဘုံဘ၀ကိုလာတဲ့ အခြားဘုံဘ၀ကို သွားတဲ့ ပဋိသန္ဓေနေတဲ့ သတ္တ၀ါဟူသမျှ အားလုံးတို့ဟာ
၁ ။ အိုခြင်းသဘောရှိတယ် အိုခြင်းသဘောကိုမလွန်ဆန်နိုင် ။
၂ ။ နာခြင်းသဘောရှိတယ် နာခြင်းသဘောကိုမလွန်ဆန်နိုင် ။
၃ ။ သေခြင်းသဘောရှိတယ် သေခြင်းသဘောကို မလွန်ဆန်နိုင် ။
၎ ။ ချစ်မြတ်နိုးတဲ့အရာတွေနဲ့ သေကွဲသော်လည်း ကွဲရမယ် ရှင်ကွဲသောလည်း ကွဲရမယ် ။
၅ ။ ကံသာလျှင် မိမိဥစ္စာ ရှိတယ် ၊ ကံရဲ့အမွေ ခံဖြစ်တယ် ၊ ကံသာလျှင် အကြောင်းရှိတယ် ၊ကံသာလျှင် အဆွေအမျိုး ကိုးကွယ်မှီခိုရာ
ရှိတယ် ။ ကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ် မိမိလုပ်သမျှကံ အားလုံးကို အမွေခံရမယ် ။
***** အဲဒီလိုမပြတ်ဆင်ခြင်နေတဲ့သူမှာ မဂ်ဥာဏ်ဟာ ထင်ထင်ရှားရှား ဖြစ်ပေါ် လာရမယ် ၊ အဲဒီမဂ်ကို မှီဝဲမယ် ပွားများမယ် ကြိမ်းဖန်များစွာ ပွားများမယ်ဆို
ရင် ဒီသူမှာ သံယောဇဉ်တွေဟာ တခါထဲ ပျောက်ကင်းသွားရမယ် ၊ အစဉ်ကိန်းနေတဲ့ လောဘ ၊ ဒေါသ ၊ မောဟ ၊ အနုသယ တရားတွေဟာ တခါထဲ ချုပ်ငြိမ်း
ကုန်ရမယ်လို့ ရှင်တော် မြတ်ဘု၇ားက ဟောကြားတော်မူပါတယ် ။
မြတ်စွာဘုရား ၇ှင် ကိုယ်တော်မြတ်ကြီးဟောကြားခဲ့သလို ကျွန်ုပ်တို့ လူသားအားလုံးဟာ ယခုဖြစ်တည်နေတဲ့ အရတော်ခိုက် လူ့ဘ၀လေးမှာ
အိုခြင်း နာခြင်း သေခြင်း တရားတွေနဲ့ ချစ်မြတ်နိုးတွယ်တာစွဲလမ်းရာတွေကို မပြတ်ဆင်ခြင်မူ့မပြုနိုင်တောင် ကျင်လီကျက်စားနေတဲ့ ခနတာဘ၀လေးကို
မြဲမြံသောသတိတရားများကပ်၍ ဆင်းရဲခြင်း မမြဲခြင်း အစိုးမရခြင်းတွေကို တတ်နိုင်သလောက် ဆင်ခြင်းမူ့ များနဲ့ ကာယကံမူ့ ၀ဇီကံမူ့ မနောကံမူ့တွေကို
ထိန်းချုပ် နိုင်သော လူသူတော်ကောင်းအဖြစ် နဲ့ ကျင်လီကျက်စားရာ ဘ၀တိုင်းမှာ အထောက်အပံ့ကောင်း ပေးနိုင်သော ကုသိုလ်ကောင်းမူ့များနဲ့ ပျော်မွေ့
နိုင်သော သတိတရားမြဲမြံသော တရားဓမ္မများကိုမွေ့ပျော် နိုင်ပါစေကြောင်း ဆုမွန်တောင်းလျှက် ……………….
******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******

No comments:

Post a Comment